ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 4 May 2014

Awesome On Off Ultimate For-Android

Android မှာ ဖုန်းလော့ဖွင့်ပိတ်ကို ခလုတ်သက်သာစေတဲ့ ဆော့ဝဲလေးမို့ Android သမားတိုင်း ဆောင်ထားရန် တင်ပေးလိုက်ပါတယ် ။ 

ချက်တင်ထိုင်နေတာဖြစ်ဖြစ် တစ်ခုခုအသုံးပြုနေတဲ့အခါ Power ခုလုတ်ကို ခဏခဏမသုံးချင်ရင် အရမ်းအဆင်ပြေတဲ့ဆော့ဝဲတစ်ခုဖြစ်ပြီး မားကပ်မှာဈေးကြီးဆော့ဝဲတစ်ခုဖြစ်ပါတယ် :)



ဖုန်းကို ကိုင်လိုက်တာနဲ့ စခရင်ဖွင့်ပေးပါလိမ့်မယ် ။
( အနည်းငယ်လှုပ်လိုက်ခြင်းသဘောမျိုးပါ ၊ လှုပ်မှုကိုလဲ ချိန်ညှိနိုင်ပါတယ် ) 

လော့ပြန်ချချင်ရင် လက်ပြလိုက်တာနဲ့ ပိတ်သွားပါမယ် ။ 
( လက်ပြချင်းကို အချက်ရေ သတ်မှတ်ထားပေးလို့ရပါတယ် )

ပိတ်ဖွင့်ကို ကြိုက်ရာတစ်မျိုးဖြစ်စေ နှစ်မျိုးလုံးဖြစ်စေ ရွေးချယ်အသုံးပြုနိုင်ပါတယ် ။

သင်အပြင်သွားသည်ဖြစ်စေ အိပ်ကပ်ထဲထည့်ဆောင်သွားမည်ဆိုပါက ဆော့ဝဲပိတ်ထားချင်ရင်လဲ အရမ်းလွယ်ကူပါတယ် ။

ပုံထဲက သူ့အိုင်ကွန်ရှော့ကပ် Start/Stop ဆိုတာလေးကို တို့ထိလိုက်ယုံပါပဲ Noti မှာ သူဖွင့်ထားကြောင်း ပျောက်သွားပါမယ် ။ 
ပြန်နှိပ်လိုက်ရင် ထိုဆော့ဝဲဖွင့်ထားကြောင်း Noti မှာ ပေါ်နေပေးပါလိမ့်မယ် ။

ကဲ.... မလန်းဘူးလား လိုချင်သူများအောက်မှာဒေါင်းယူပါ :)

Awesome On Off Ultimate V2.0 ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းပါ ဆိုဒ်က 439 KB လေးပဲရှိပါတယ် :)

အဆင်မပြေမှုများ ရှိပါက မေးမြန်းလိုပါက ( သို့ ) ဒေါင်းလော့လင့်များ ဒေါင်းမရတော့ပဲ သေသွားခဲ့ပါက ။ MyanmarMobileForum(MMF) ဂရုမှာ လာရောက်မေးမြန်း တောင်းဆိုနိုင်ပါတယ် ။ မန်ဘာဝင်ထားကြဖို့လဲ ဖိတ်ခေါ်ပါတယ် :)
https://www.facebook.com/groups/mmmobileforum/

အားလုံးပဲ အဆင်ပြေကြပါစေ.... :)
Credit.. Post By : DjjoeMan(MMF)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...