ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Friday 23 May 2014

ဒီဇိုင်းနဲ့ selfie ရိုက်ကူးမှု အသားပေးHuawei Ascend P7 မိတ်ဆက်လာ

Huawei Ascend P7 ဟာယခုအခါတရားဝင်ကြေငြာလိုက်ပြီဖြစ်ပြီး ကုမ္ပဏီရဲ့ ၂၀၁၄အတွက် အဓိက ထုတ်ကုန်အဖြစ်ထွက်ရှိလာမှာပါ။ ၄င်းရဲ့နောင်တော် Ascend P6 ထက်ပိုမိုကောင်းမွန်တဲ့ screen အပြင် ဒီဇိုင်းနဲ့ ကင်မရာအပိုင်းတွေမှာတိုးမြင့်ထားတယ်လို့သိရတယ်။ Ascend P7 စမတ်ဖုန်းမှာ ငါးလက်မအရွယ် 1080p display ပါဝင်ပြီး Gorilla Glass 3 သုံးစွဲထားတယ်။ ဖုန်းရဲ့အရွယ်အစားကတော့ 139.8 x 68.8 x 6.5mm ဖြစ်ပြီး အလေးချိန်က ၁၂၄ ဂရမ်သာရှိပါတယ်။

ဖုန်းရဲ့အတွင်းဘက်မှာတော့ Huawei ရဲ့ HiSilicon Krin 910T ချစ်ပ်ဆက်အသုံးပြုထားပြီး 1.8GHz quad-core Cortex-A9 CPU တပ်ဆင်ထားမှာဖြစ်ပါတယ်။ ဒါ့အပြင် Mali 450 GPU နဲ့ 2GB RAM မန်မိုရီလဲ ထည့်သွင်းတပ်ဆင်ထားမှာပါ။ အသုံးပြုရမယ့် OS ကတော့ Android 4.4 KitKat ဖြစ်ပြီးတရုတ်ထုတ်လုပ်သူရဲ့ Emotion 2.3 UI ကိုအားဖြည့်ထားတယ်။ Emotion UI ရဲ့နောက်ဆုံးဗားရှင်းမှာအမြင်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေပါဝင်ပြီး feature တွေလဲထပ်ထည့်ထားမယ်လို့ဆိုပါတယ်။ အတွင်းသိုလှောင်ရည်ကတော့ 16GB built-in ပါဝင်မှာဖြစ်ကာ microSD ကတ်အသုံးပြုပြီး 32GB အထိထပ်မံအသုံးပြုနိုင်ပါတယ်။

Ascend P7 မှာ 2500mAh Li-Po ဘတ္ထရီအသုံးပြုထားတာကြောင့် စကားပြောချိန် ၁၄နာရီထိ ထောက်ပံ့ပေးနိုင်မယ်လို့ Huawei မှခန့်မှန်းပါတယ်။ ၄င်းမှာပါဝင်တဲ့ charger ကိုအသုံးပြုရင် ၃ နာရီခွဲအတွင်း ၁၀၀ ရာခိုင်နှုန်းအားပြန်ပြည့်နိုင်မှာပါ။

ဒါ့အပြင် Huaweiဟာ၎င်းတို့ရဲ့ဖုန်းအသစ်မှာ ကိုယ်တိုင်ရိုက်ဓါတ်ပုံအရည်အသွေးကိုလဲ အာရုံစိုက်ထားပြီး Selfie စွဲလန်းသူတွေအတွက် ပိုမိုသင့်တော်လာမယ်လို့ဆိုတယ်။ ရှေ့ဘက်မျက်နှာစာကင်မရာကို 8MP အထိ အသုံးပြုထားပြီး BSI sensor အပြင် auto-facial enhancement နဲ့စုံလင်တဲ့ဓါတ်ပုံလုပ်ဆောင်ချက်များပါဝင်တဲ့ IMAGESmart 2.0 ဆော့ဖ်ဝဲလ်ကိုလဲထည့်သွင်းထားမယ်လို့သိရပါတယ်။ ဒါ့အပြင်ကျယ်ပြန့်တဲ့ panorama ပုံစံ အဖွဲ့လိုက် selfie ရိုက်ကူးနိုင်မယ့် modeလဲပါဝင်ကာ Huawei မှ Groufie လို့ခေါ်ဝေါ်ပါတယ်။ ကျောဘက်မှာလဲ 13MP စွမ်းအားမြင့်ကင်မရာငယ်တပ်ဆင်ထားပြီး Sony BSI sensor , f/2.0 အလင်းပေါက်နဲ့ LED flashတို့ပါဝင် တယ်။ ဒါ့ကြောင့် 1080p အရည်အသွေးဗီဒီယိုတွေရိုက်ကူးနိုင်မှာဖြစ်ပြီး voice activation လဲပြုလုပ်လို့ရတယ် ဆိုပါတယ်။

Huawei Ascend P7 ကိုယခုမေလအတွင်းမှစပြီး အဖြူ၊အနက်နဲ့ ပန်းရောင်သုံးမျိုးဖြင့်စတင်ရရှိနိုင်မှာပါ။ တန်ဖိုးကတော့ ယူရို ၄၄၉ ၀န်းကျင်ဖြစ်ပြီး တရုတ်၊ ဂျာမဏီ၊ အီတလီ၊ ပြင်သစ်အစရှိ အဓိကဈေးကွက်များအပြင် ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ယူအေအီးအစရှိအာရှဈေးကွက်အချို့မှာပါ ၀ယ်ယူနိုင်မှာပါ။ ကုမ္ပဏီမှ စမတ်ကာဗာများ၊ ခရီးဆောင်ဘတ္ထရီများအစရှိတဲ့ accessories တွေကိုပါရောင်းချသွားမှာဖြစ်ပါတယ်။



Credit to TechSpace Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...