ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 20 May 2014

GarageBand for iPhone/iPad/iPod Touch အတွက် Full version ဖြစ်အောင်ပြုလုပ်နည်း

GarageBand for iPhone/iPad/iPod Touch အတွက် Full version ဖြစ်အောင်ပြုလုပ်နည်းကို လိုချင်သူတွေအတွက်တင်ပေးလိုက်ပါတယ်ခင်ဗျာ
GarageBand for iPhone,iPad&iPod Hack
Apple ရဲ့ Software Application တစ်ခုဖြစ်တဲ့ GarageBand ဟာ Music Creation ပြုလုပ်သူမှန်သမျှနီးပါး အသုံးပြုလေ့ရှိပါတယ်... ဒီSoftware ဟာဆိုရင်အဓိကအားဖြင့် iOS နဲ့ OS X အတွက်သာဖြစ်ပါတယ်...
Music Create ပြုလုပ်သူတော်တော်များများကြိုက်နှစ်သက်ကြတဲ့ Software ဆိုလဲမမှားပါဘူး။အခြား Fruity Loop, Acid စသည့် Creation Software များထပ် လတ်တလောတွင် အသုံးများနေသော Music Creation Software တစ်ခုဖြစ်ပါတယ်။
အခုကျွန်တော်ဖော်ပြချင်တာကတော့ ဒီGarageBand ဟာဆိုရင် iOS အတွက်အသုံးပြုချင်တယ်ဆိုရင်တော့ သူ့ရဲ့Loopတွေ, Instrument တွေကိုပိုက်ပိုက်ပေးဝယ်ရမှာပဲဖြစ်ပါတယ်။
ဒါ့ကြောင့်ကျွန်တော်က ဖရီးကစ်လေးရရှိအောင်တင်ပြချင်ပါတယ်ခင်ဗျာ...
နည်းလမ်းကတော့လွယ်လွယ်လေးပါ။
ဒီနည်းလုပ်ဖို့အတွက် Jailbreak ပြုလုပ်ထားရန်လဲမလိုပါဘူး။Jail ထားတယ်ဆိုရင်လဲဖုန်းထဲကနေတိုက်ရိုက်iFile အသုံးပြုပြီးထည့်ရုံပါပဲ..
Jailbreak မလုပ်ထားတဲ့ iDevice တွေအတွက်ကတော့ အသုံးတော်iFunbox ကနေတစ်ဆင့်ထည့်ပေးရမှာပဲဖြစ်ပါတယ်။
***(အထက်ပါ နည်းနှစ်ခုစလုံးဖြင့်မပြုလုပ်မီ GarageBand App အားRunထားပါက Multitasking မှ Kill ပြုလုပ်ဖို့မမေ့ရန်လိုအပ်ပါသည်)***
ကျွန်တော်ကတော့ Jailbreak မပြုလုပ်ထားတဲ့ iDevice တွေအတွက် iFunbox မှထည့်သွင်းပြုလုပ်ပုံကိုပြောပြပေးသွားပါမယ်..
၁.အောက်တွင်ပေးထားသော GarageBand Hack Zip File ကိုအရင်ဒေါင်းလိုက်ပါ။ပြီးလျှင်Zipဖြည်ထားလိုက်ပါ။
ဤနေရာတွင်ဒေါင်းယူရန် >>>>>
https://www.dropbox.com/s/bzxktobwfcvwic0/GarageBand%2520v2.0%2520hack.zip
၂. iDevice နှင့် ကွန်ပြူတာကိုချိတ်ပေးပြီး iFunbox ကိုဖွင့်ပါ။
၃. ထို့နောက်တွင် iFunbox >> User Application >> GarageBand ထဲသို့ဝင်ပါ။ ဤနေရာတွင် တစ်ခုပြောလိုသည်မှာ GarageBand ထဲသို့ဝင်ရောက်လိုက်သောအခါ StoreKit ဆိုသော Folder ရှိမရှိကြည့်ပါ။မရှိပါက Folder တစ်ခုဆောက်ပေးပြီး ထိုထဲသို့ဒေါင်းထားသော GarageBand Hack Zip မှရလာသော Recipt ကိုကူးထည့်ပေးလိုက်ပါ။
StoreKit Folder ရှိနေသည့်သူများကလဲ ဒေါင်း၍ရရှိလာသော Recipt ကို Copy/Paste ပြုလုပ်ပေးပါ။ထိုFolderအတွင်းတွင်ယခင်ကRecipt တစ်ခုရှိနေပါကဖျက်ပေးပါ။
၎. အားလုံးပြုလုပ်ပြီးလျှင် Refresh ပြုလုပ်ပေးပြီ Safe Remove နှိပ်ကာ Device ကိုဖြုတ်နိုင်ပါပြီ။ GarageBand ထဲသို့ဝင်ရောက်လိုက်သောအခါတွင် ယခင်က ပိုက်ပိုက်ပေးဝယ်မှရသော Kit များကိုပါ အသုံးချနိုင်ပြီဖြစ်ကြောင်းတွေ့ရှိရမှာဖြစ်ပါတယ်။
အဆင်ပြေကြပါစေ...
Credit....by ...THINK DIFFERENT . . .
HtetWai (iOS Knowledgebank)



2 comments:

  1. I KNOW YOU COPY THAT POST FROM MMUG BITCH !!!!!

    ReplyDelete
  2. Android အတွက်​ လင့်​​လေး​ပေးပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...