ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Thursday 30 May 2013

အဆိပ်သင့်ပန်းသီးတစ်လုံး


သူ့နာမည်ကမောင်လှတဲ့….နာမည်ကသာမောင်လှ…လူကတော့အသားမဲမဲ…ပုကွကွနဲ့ လေ
တိုက်ရင်လဲကျတော့မယ့်အတိုင်း…..ပိန်လှီတဲ့သူ…လောကဓံကိုဘယ်လောက်ခံခဲ့ရသလဲဆို
တာ….သူ့ရဲ့မျက်နာနဲ့အသားအရကိုကြည့်တာနဲ့သိနိုင်တယ်….ဆီမရှိတဲ့ဆံပင်နီကြောင်ကြောင်
ခြောက်ကပ်ကပ်က….သူ့ဦးခေါင်းထက်မှာပျင်းရိစွာ…..တွဲခိုလို့ပေါ့…..

သူကငယ်ငယ်ကတည်းကကျည်းတန်စုတစ်ရွာလုံးရဲ့ခိုင်းဘက်……လူပျိုပေါက်အရွယ်ရောက်
လာတော့

…..သူတို့တစ်ရွာလုံးကသူ့ကိုဒီအတိုင်းတော့မဖြစ်ချေဘူးဆိုပြီင်္း….သူတို့ရွာမှာလှိုင်
လှိုင်ထွက်တဲ့….ပန်းသီးရောင်းခိုင်းတယ်……တစ်ရွာလုံးကသူ့ကိုစကားလည်းနားထောင်တယ်
….ခိုင်းရတာလည်းကောင်းလို့…..၀ိုင်းချစ်ကြတာပေါ့……ဒီလိုနဲ့ပန်းသီးသည်လေးမောင်လှအ
ဖြစ်ကိုရောက်ရှိလာပါတယ်…..

မောင်လှ….သူရောင်းရတာနဲ့…သူ့အမေမျက်မမြင်ကြီးနဲ့လုံးလည်ချာလည်နဲ့……နွေမှမိုး….မိုးမှ
ဆောင်း…ပေါ့…မှန်မှန်လေးနဲ့..ဘ၀ကိုရုန်းကန်လာပါတယ်……..တစ်နေ့တော့သူတို့ရွာကိုမြို့က
နေပြီးနှင်းဆီဆိုတဲ့….ကောင်မလေးတစ်ယောက်ရောက်ရှိလာပါတယ်……..သူတို့ရွာနဲ့တစ်မိုင်
လောက်ဝေးတဲ့နေရာမှာ…..ရထားဘူတာလေးတစ်ခုရှိပါတယ်…..အတန်အသင့်ကြီးမားတဲ့ဘူ
တာလေးပါ….သူတို့လိုခေါင်းရွက်ဗျက်ထိုးဈေးသည်တွေအတွက်တော့……..အရမ်းကိုကြီးမားတဲ့
ဈေးကွက်တစ်ခုပေါ့….နင်းဆီဆိုတဲ့ကောင်မလေးကိုစတွေ့မိတာဟာ..အဲဒီဘူတာလေးအ
တွင်းမှာပေါ့…စတွေ့တဲ့အခိုက်အတန့်လေးအတွင်းမှာဘဲ…မောင်လှရဲ့ရင်ထဲမှာဗြောင်းဆန်
အောင်လှုပ်ရှားသွားခဲ့တယ်….ရင်ထဲမှာဖားဖိုကြီးတစ်ခုလိုတုန်ခါနေတယ်…..သူ့စိတ်ထဲကထူး
ထူးဆန်းဆန်းစိတ်တွေနဲ့..နှလုံးသားတစ်ခုလုံးနိမ့်ချည်မြင့်ချည်ပေါ့……(အဲဒီလိုစတွေ့ခြင်းဟာ
သူ့ဘ၀အတွက်….မှောင်မိုက်တဲ့ကျိန်စာတစ်ခုကိုသင့်ခဲ့မိလိမ့်မယ်လို့….သူမသိခဲ့မိဘူး…)

ဒီလိုနဲ့ကောင်မလေးကလည်းသူတို့ရွာမှာတစ်လလောက်လာတည်းပါတယ်……အဲဒီနေ့ကစပြီး
မောင်လှတစ်ယေက်တစ်ပါတ်တစ်ခါလောက်ဘဲဘူတာကိုရောက်တော့တယ်…..ရွာနီးစပ်တွေလှည့်ရောင်းပြီး….
ဒီရွာထဲမှာဘဲတစ်ဝဲလည်လည်ပေါ့…….နှင်းဆီဆိုတဲ့ကောင်မလေးကလဲနာ
မည်နဲ့လိုက်ပါတယ်…..သူ့မျက်နာမှာမြို့သူတစ်ယောက်ရဲ့အတ္တနဲ့…နှုင်းဆီနီရဲ့ရဲတစ်ပွင့်ကို….အ
မြဲတမ်းခေါင်းမှာပန်ထားတယ်….မောင်လှကတော့မနက်မိုးလင်းတာနဲ့….နှင်းဆီတို့အိမ်ရှေ့သွား
ပြီ…..ရစ်သီရစ်သီနဲ့ယောင်လည်လည်လုပ်ပြီးမှ……တခြားရွာတွေသွားတယ်…..နေ့လည်ပြန်လာတယ်….
နင်းဆီကိုပြန်လာကြည့်တယ်…နောက်ဈေးသွားရောင်းပြန်တယ်……ညနေဆိုစော
စောပြန်လာပြီး…နင်းဆီတည်းတဲ့အိမ်ကိုလှမ်းမြင်ရတဲ့နေရာက….သစ်ပင်ကြီးအောက်မှာ….
ညနေစောင်းမိုး
ချုပ်တဲ့အထိ…..ထိုင်ပြီးငေးကြည့်နေလေ့ရှိတယ်….
အစကတော့ရွာကလူတွေကသတိမထားမိခဲကြဘူး……နောက်တော့မှရိပ်မိလာတယ်…
အကုန်လုံးပြုံးစိစိနဲ့ပေါ့…

..သူတို့စိတ်ထဲမှာဒါဟာဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့……အချိန်တန်ရင်သူ့အလို
လိုပြီးသွားလိမ့်မယ်လို့ထင်ခဲ့မိကြတယ်…..မောင်လှလိုအညတရလေးရဲ့နလုံးသားမှာ….
ကြီးမားတဲ့ချစ်ခြင်းတေ

ွရှိခဲ့မိလိမ့်မယ်လို့…ဘယ်သူမှမယုံမိကြဘူး……

ဒီလိုနဲ့ကောင်မလေးရွာကိုရောက်ပြီး၁၅ ရက်နေ့လောက်မှာ….ညနေခင်းလေးမှာပေါ့..ကောင်မ
လေးကသူ့အဖော်တစ်ယောက်နဲ့အိမ်အပြင်ကု..ထွက်လာပါတယ်…….မောင်လှလည်းဘာလုပ်ရမှန်းမသိဘဲ…..
ထိုင်ရမလိုထရမလိုဖြစ်သွားတယ်……..တဖြေးဖြေးနဲ့ကောင်မလေးကသူ့အ
နားရောက်လာခဲ့တယ်…မောင်လှရင်ထဲမှာဗြောင်းဆန်နေပြီပေါ့…..ကောင်မလေးရဲ့အဖော်က
“ဟဲ့မောင်လှ….နှင်းဆီအတွက်သူပန်ဖို့…နှင်းဆီပန်းပန်ကရနိုင်မလဲဟပြောစမ်းပါဦး…..”
“ဟာ..ထွေးမြကလဲ….ငါခူးပေးမှာပေါ့..ဟ ..နင်ကလဲ..ငါ့ကိုပြောတာမဟုတ်ဘူး….”
“ကူညီပါအုန်း..ကိုမောင်လှ..ကျွန်မကပန်းပန်နေကြဆိုတော့…အခုချိန်မှာနှင်းဆီကလည်းအ
ရမ်းရှားနေတော့…မပန်ရဘူးဖြစ်နေတယ်……”လို့ကောင်မလေးက၀င်ပြောပါတယ်…ကောင်မ
လေးရဲ့အသံကိုလည်းကြားရော..ဘာပြောကောင်းမလဲ…မောင်လှရင်ထဲမှာဆွေ့ဆွေ့ခုန်နေတာ
ပေါ့….ဒီလိုနဲ့..မောင်လှအလုပ်တစ်ခုပိုရသွားပါတယ်….မနက်တိုင်းနင်းဆီပန်ဖို့ပန်းရှာပေးရတာပေါ့..
ဒီလိုနဲ့သူနဲ့ကောင်မလေးရင်းနှီးစပြုလာပါတယ်…..(သူတစ်ဖတ်သတ်ထင်တာပါ)…
ကောင်မလေးမြို့ကိုပြန်မယ့်ရက်လဲနီးလာတယ်…….ဘယ်နေ့ပြန်မလဲလို့လဲ….မောင်လှမမေးရဲ
ဘူး….ကြောက်တာလဲပါတယ်…….မပြန်စေချင်တာလဲပါတာပေါ့…..

ဒီလိုနဲ့ကောင်မလေးမြို့ပြန်မယ့်ရက်ကိုမောင်လှသိသွားပါတယ်…..အဲဒီသိတဲ့ညက..မောင်လှ
တစ်ယောက်…သစ်ပင်ကြီးအောက်မှာတစ်ယောက်ထဲ…ငုတ်တုတ်ကြီးငူငူကြီးထိုင်နေတယ်….
ပြန်ခါနီးနှစ်ရက်အလိုမှာ…ကောင်မလေးကမြို့ကိုပြန်ဖို့အတွက်…….ပန်းသီးလက်ဆောင်ဝယ်
သွားချင်တယ်လို့မောင်လှကိုပြောတယ်….မောင်လှလည်းဘူတာအထိလိုက်ပို့မယ်ဆိုပြီးတိုင်
ပင်ထားကြပါတယ်……ဒါပေမယ့်…ကံကဆိုးချင်တော့…ကောင်မလေးကအရေးပေါ်အကြောင်း
တစ်ခုနဲ့..တစ်ရက်စောပြီးပြန်ဖြစ်သွားပါတယ်…….အဲဒီအကြောင်းကိုမောင်လှတစ်ယောက်ပြန်
မယ့်ရက်မနက်ပိုင်းမှသိရပါတယ်….နှင်းဆီကဘူတာကိုရောက်နေပါပြီ..ရထားကတော့မလာ
သေးပါဘူး….

မောင်လှတစ်ယောက်ပန်းသီးခြင်းကြီးထမ်းလက်ထဲနင်းဆီပန်းလေးကိုင်ပြီး…..ဘူတာကိုသုတ်
ခြေတင်ပြေးပါတော့တယ်…..ဘူတာကိုရောက်တော့…ရင်ထဲမှာအဆမတန်မောဟိုက်နေပါပြီ…
ခြေထောက်တွေကိယိုင်နဲ့နဲ့..နင်းဆီကိုသူအလောတကြီး…ရှာနေမိတယ်…..ဟော…ရထားလာ
နေပါပြီ……….နှင်းဆီတက်သွားတာကို…သူရိပ်ကနဲမြင်လိုက်ရတယ်……ရထားဘီးစလိမ့်တော့
နှင်းဆီပါတဲ့…အတွဲကိုသူပြေးလိုက်သွားတယ်…………………..
ရထားကိုမှီလုမှီခင်မှာ…..ရုတ်တရက်…..ယိုင်နဲ့နေတဲ့ခြေထောက်ကခဲလုံးကိုတိုက်မိပြီးရထားသံလမ်း
ပေါ်ကိုလဲကျသွားပါတယ်….ပန်းသီးတွေကပြန့်ကျဲလို့ပေါ့…..လက်ထဲကနှင်းဆီလေးက
တစ်ဖက်ရထား….လမ်းသံဘောင်ပေါ်မှာ….နှင်းဆီပန်းလေးကိုသူ…ရူးသွပ်စွာနဲ့သွားကောက်မိတယ်…
…အဲဒီအချိန်မှာဘဲ….သူ့မျက်လုံးထဲမှာမြင်လိုက်ရတာက…….သူ့ဆီပြေးဝင်လာနေတဲ့
တစ်ဖက်ကရထားခေါင်းတွဲကြီး………………………………………………………….
…………………………………………..
“ဟာ….ဟင်……ဟာ….တိုက်သွားပြီ….”အသံတွေကဆူညံကုန်၏….သူ့အသိတွေအားလုံး
မှောင်မိုက်သွား၏….အဆိပ်သင့်ပန်းသီးလေးကတော့…..နှင်းဆီပန်းလေးလွင့်သွားတဲ့ဆီတ
လိမ့်လိမ့်………………………..ကောင်မလေးကိုတင်ဆောင်သွားတဲ့…ရထားကြီးကတော့……..
ဟိုး……အဝေးကြီးမှာ…..တရွေ့ရွေ့…..တရွေ့ရွေ့……….တရွေ့ရွေ့…………..

စာရေးသူ..သက်တန့်ချို..(၁း၃၀ မနက် ၂၀.၈.၀၉)

စားရက်စရာမရှိအောင်လှပလွန်းသော ကိတ်မုန့်လေးများ




ကိတ်မုန့်လေးတွေက အလွန်ကို လှပပြီး ချစ်စရာကောင်းလှပါတယ် ။ ဖန်တီးသူရဲ့ အနုပညာက ပြောင်မြောက်လွန်းတော့လည်း စားသုံးသူရဲ့ နှလုံးသားကိုစွဲဆောင် နိုင်ပြီပေါ့ ။ဒီကိတ်မုန့်လေးတွေကို သူငယ်ချင်းတို့လည်း နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ် ။ ဒီတစ်ခါတော့ ကိတ်မုန့်လေးတွေ ဖြစ်တဲ့အတွက် ၀အောင်သာ စားသွားကြပါ ။ အရောင်အသွေး အစုံစုံနဲ့ ချစ်စဖွယ် ကိတ်မုန့်လေးတွေက သင့်ကိုလည်း စွဲဆောင်နိုင်မှာ အသေအချာပါပဲ ။















စာရေးသူ......သက်တန့်ချို......(၉း၅၃ ည ၃၀.၉.၀၉)

ကမ္ဘာပေါ်ရှိ တမူထူးခြားသောအပင်များ


သင့်ရဲ့ valentine နေ့မှာ ဘယ်အပင်မှ မပေးမိပါစေနဲ့း)

ဒါတွေကတော့ ထပ်တန်းအဆင့် ၄ စာရင်းဝင် တမူထူးခြားတဲ့ အပင်တွေဖြစ်ပါတယ် ။




(၁) Rafflesia arnoldii - ဒီကပ်ပါးအပင်ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ အကြီးဆုံးပန်းပွင့်တဲ့ အပင်ဖြစ်ပြီး အဲဒီအပွင့်ဟာ ၃ ပေ အမြင့် ထိတိုင်အောင်ကြီးထွားနိုင်ပါတယ် ။ သူရဲ့အပွင့်ဟာ သွေးသားရောင်ဖြစ်ပြီး သူရဲ့ အစက်ပြောက်တွေက ဆယ်ကျော်သက်အရွယ်တွေရဲ့ ၀က်ခြံပုန်းတွေနဲ့ဆင်တူလှပါတယ် ။ အနံ့ကတော့ အလွန်ဆိုးရွားပြီး အလယ်မှာ ရှိတဲ့ကြီးမားတဲ့ အပေါက်ကြီးက ရေ ၆ ဂါလံ (သို့မဟုတ်) ၇ ဂါလံလောက်ဆန့်ပါတယ် ။ အထူးခြားဆုံးက ဒီအပင်မှာ အရွက်မရှိဘူး ပင်စည်မရှိဘူး အမြစ်မရှိပါဘူး ။



(၂) Hydnora africana - ထူးခြားတဲ့ သွေးသားအရောင်ရှိပြီး ဒီကပ်ပါးအပွင့်တွေက အနီးအနားမှာရှိတဲ့ ချုံပုတ်စေးကပ်တဲ့ ချုံနွယ်တွေရဲ့ အမြစ်တွေကို တိုက်ခိုက်လေ့ရှိပါတယ် ။ သူ့ကို တောင်အာဖရိကမှာရှိတဲ့ သဲကန္တာရမှာ တွေ့ရလေ့ရှိပါတယ် ။ ပုပ်သိုးတဲ့ အနံ့ကိုလွှတ်ထုတ်ပေးတဲ့ ဒီအပွင့်တွေက ပိုးတောင်မာတွေရဲ့ အသေကောင်ပုပ်တွေကို နှစ်သက်လေ့ရှိတဲ့ တိရိစ္ဆာန်အုပ်တွေကို ဆွဲဆောင်လေ့ရှိပါတယ် ။




(၃) Dracunculus vulgaris - ပုပ်ဟောင်လှတဲ့ အနံ့ကို ထုတ်လွှတ်ပေးပြီး ၀ိုင်အနီအရောင်ရှိပါတယ် ။ အရွက်ကဲ့သို့ဆင်တူတဲ့ အပွင့်တွေက ဆလင်ဒါကဲ့သို့ လုံးဝန်းရှည်လျားတဲ့ အမဲရောင် အစိတ်အပိုင်းတစ်ခုကို ထိုးထွက်စေနိုင်ပါတယ် ။




(၄) Amorphophallus - ဆိုလိုတာက ပုံသဏ္ဍန်မရှိသော ဖိုမျိုးပွားအင်္ဂါလို့ အဓိပ္ပါယ် ရပါတယ် ။ ဒီအမည်က အမဲရောင်တည့်မတ်နေတဲ့ သူ့ရဲ့အသွင်ပုံစံကနေ ဆင်းသက်လာရခြင်းဖြစ်ပါတယ် ။

စာရေသူ.....သက်တန့်ချို......(၁၀း၃၀ ည ၄.၁၀.၀၉)

မြို့ပျက်ညတွေပါ ညီမလေးရယ်















မြို့ပျက်ညတွေပါ ညီမလေးရယ်

အခါအားလျှော်စွာ လွှတ်ချခဲ့တဲ့ တစုံတရာမှာ
ကြယ်အဖြူကလေးတွေက တိုးတိုးလေးပြောတယ်
ကောင်းကင်တစ်ဖက်စွန်းမှာ မိုးတွေပြိုနေပြီတဲ့
ခက်တာပဲ ညီမလေးရယ်
ငါကလည်း ဘာကိုမှ ကြီးမြတ်တယ်လို့မထင်မိတဲ့ကောင်ပါ

ပန်းခင်းလမ်းတွေမဟုတ်မှန်းတော့သိခဲ့ပါတယ်
ရီဝေသွယ်ပြောင်းတဲ့ အမိန့်တစုံတရာမှာ
ရှတတ အပြုံးတွေဘာလို့ ပျော်ဝင်နစ်မူးနေခဲ့ရသလဲ
ခါးတယ်ဆိုတာ ခံစားချက်သက်သက်ပါကွဲ့

အေးစက်နေတဲ့ ဆောင်းဥတုပေါက်ကလေးဟာ
၂၄ နာရီရဲ့ စက္ကန့်သံခြောက်ခြောက်ခြားခြားမှာပဲ
အိပ်မက်တွေကို ရိုက်နင်းချိုးဖျက်သွားတယ်
ဒီလိုပါပဲကွယ် . . . ရေရေရာရာဆိုတာ ဘာဆိုဘာမှမရှိပါဘူး

သွားခဲ့မိတဲ့ ခရီးတစ်ခုဟာလည်း
အဆုံးလည်းမရှိ အစလည်းမရှိ အရာရာနတ္တိပေါ့ကွဲ့
အခုတော့ . . ဘာရယ်မဟုတ်ဘူး
ကိုယ့်ရင်ဘတ်ကိုယ်ပဲ ပြန်ပြန်ငုံ့ကြည့်နေခဲ့မိတယ်
ခါးလိုက်တာ ညီမလေးရယ် . .

ငါက ပကတိအရှိတရားကိုမှ မြတ်နိုးတဲ့ကောင်ပါ
ဆောင်းနှင်းရဲ့ အေးစက်စက်နိုင်မှုကိုလည်း
တခုတ်တယ ရင်ခွင်ထဲထည့်ထားချင်နေခဲ့ရသူ
ဘာမှမထူးခြားဘူးဆိုရင်တောင်
ဒီတစ်ရက်တော့ ခတ္တာတို့ကို ဝေပါ
ပြဿဒါးမှာ ဖွားခဲ့တဲ့ကောင်မို့
ငါ့ကို အမှောင်လို့ပဲမြင်ပါညီမလေးရယ်

ဖျော့တော့သော ရီဝေလင်းရှ ညနေခင်းအလွန်း
မြို့ပျက်ညတွေပါ ညီမလေးရယ်
ရင်ဘတ်ထဲက လရိပ်ညိုကလေးက ဘယ်တော့မှမလင်းဘူး
တသော့သော့ တမောမော့
အရာရာကပဲ ငါ့ကို ခဏခဏသတ်တယ်

မြို့ပျက်ညတွေပါ ညီမလေးရယ်
အချစ်ဆိုတာ အ၀ါရောင်သစ်သီးတစ်လုံးရဲ့
ချိုမြမွှေးရှတဲ့ ရီဝေယစ်မှုးတဲ့ ခံစားချက်တစ်ခုပါ
အခုတော့ နေမ၀င်ခင် . . .
အိပ်မက်တွေ က ခဏခဏကြွေတယ်ကွယ် ။

သက်တန့်ချို............

မိမိကွန်ပျူတာမှာ ဖုန်းဆော့ဝဲတွေရဲ့ icon လေးတွေမြင်ရအောင်လုပ်မယ်

မိမိကွန်ပျူတာမှာ APK ဖိုင်တွေရဲ့ icon ကိုမြင်ရစေဖို့

ယနေ့ခေတ်က Android ခေတ်လို့ပြောရင် မှားမလားမသိ
မမှားဘူးထင်တယ် ဘာကြောင့်လဲဆိုတော့ Android ဖုန်းတွေကို ကလေးကအစ
ကိုင်လာကြတယ် ဖုန်းကိုင်သူတိုင်းကလည်း  သိကြတယ် ဒီလိုဆိုတော့
Android နဲ့ မြန်မာပြည်မှာ စီးပွားအတော်ဖြစ်လာကြတယ်
ထားလိုက်ပါတော့ အခုတင်ပေးချင်တာက APK ဆိုတဲ့ Android software
iconတွေကို ကွန်ပျူတာမှာ မမြင်ရပါဘူး အခုဆော့ဝဲလေးကိုကွန်ပျူတာမှာ
သွင်းလိုက်ရင် မြင်ရပီဗျာ ...
အရင်ဆုံး ဒီဆောဝဲလေးကို ဒေါင်းလိုက်ပါ 
ဖိုင်ဆိုဒ်က- 7.96MB
နာမည်က muzhiwan ပါ
ဒေါင်းပြီးရင် install လုပ်လိုက်ရုံနဲ့ မိမိကွန်ပျူတာမှာ APK file ရဲ့ icon လေးတွေ ပေါ်သွားမှာပါ

စာလုံးတွေက ကုဒ်ပုံစံတွေဖြစ်နေတော့ install မလုပ်တတ်မှာစိုးလို့
ကျွန်တော် install လုပ်နည်းပါ ပုံလေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်
ကျွန်တော်တင်ပေးလိုက်တဲ့ ဖိုင်ကို password ခံထားပါတယ် 
password က www.aungkyaw.com လို့ထည့်ပေးလိုက်ပါ အဲဒီ RAR ဖိုင်လေးကို ဖြည်လိုက်ပါ
.exe ဖိုင်လေးရလာလိမ့်မယ် အဲဒီဖိုင်လေးကို နှစ်ချက်နှိပ်လိုက်ရင် အောက်ကပုံလေးလို
ပေါ်လာလိမ့်မယ် အဲဒီအခါ ကျွန်တော် အနီနဲ့ဝိုင်းပြထားတဲ့ button လေးကို
နှိပ်လိုက်ပါ (ဒါမှမဟုတ် keyboard က N ကိုနှိပ်လိုက်ပါ)
 
ပြီးရင် အလယ်က button ကိုနှိပ်ပါ
 
ပြီးရင် Yes ဆိုတာကိုနှိပ်လိုက်
 
အနီနဲ့ဝိုင်းပြထားတဲ့ အမှတ်ခြစ်လေးကို ဖြုတ်ပေးရပါမယ်   
ပြီးတော့ အောက်မှာ အလယ်က button လေးကို နှိပ်လိုက်ပါ ဒါဆိုရင် ပြီးပြီ
 
သယ်ချင်းတို့ရဲ့ APK file တွေကို မြင်ရပါပြီ

S Advance i9070 4.1.2 တွေကိုမြန်မာဖောင့်ထည့်မယ်

S Advance i9070 4.1.2 တွေကို အလွယ်နည်း Root,Font,KeyBoard သွင်းနည်း


အရမ်းကိုလွယ်မယ်ထင်ပါတယ်….
ပို့လဲအရှည်ကြီးရေးစရာမလိုဘူး
Root Access , Myanmar Fonts , FrozenKeyboard Pro တို့တစ်ခါထဲ
ဝင်သွားမယ်။ ဘာ Error မှလဲမရှိဘူး။
ပြောနေကြာပါတယ်။
ဒီဖိုင်ကိုဒေါင်းလိုက်
MMSD Special Zip    http://d-h.st/jrj
ပြီးသွားရင် Zip ဖိုင်အလိုက် SD Card ထဲထည့်လိုက်
ဖုန်းကို ပါဝါပိတ်လိုက်
Volume up + Power + Home ကိုဖိနှိပ်ထားလိုက်
Recovery Mode ၀င်ရင်
Install zip From External Storage ကိုင်ဝင်
MMSD Special Zip ကိုရွေးပေးလိုက်။
Reboot System Now နှိပ် ပြန်တက်လာရင် Root Access, Myanmar Fonts,Frozenkeyboard Pro အကုန်ရပြီ  ^_^
မှကူးယူဖော်ပြသည်
 

Saturday 25 May 2013

ကမ္ဘာပေါ်ရှိ အဖြူရောင်တိရိစ္ဆာန်များ။

ကမ္ဘာပေါ်ရှိ အဖြူရောင်တိရိစ္ဆာန်များ

ကမ္ဘာပေါ်မှာ အဖြူရောင်ရှိတဲ့ ရှားပါး တိရိစ္ဆာန်များကို စုစည်းတင်ပြပေးလိုက်ပါတယ် ။ တစ်ချို့ သတ္တ၀ါတွေဟာ သူတို့ ခန္ဓာကိုယ်မှ အဖြူရောင်ဖြစ်စေသော pigment ရောင်ခြယ် များသွားတဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံး ဆွတ်ဖြူနေရခြင်း ဖြစ်တယ်လို့ ခန့်မှန်းရပါတယ် ။ ဒီထဲက အချို့အကောင်တွေဟာ မျိုးတုန်း ပျောက်ကွယ် လုအောင်ရှားပါးနေပြီ ဖြစ်ပါတယ် ။

ဇီးကွက်ဖြူ

မြင်းကျားဖြူ

ကျားဖြူလေးများ

အဖြူရောင်ဖြူကောင်
မိချောင်းဖြူ

မြွေဖြူ

ရှဉ့်ဖြူ

အဖြူရောင်ဖားကလေး

လိပ်ဖြူလေး


ဒေါင်းဖြူ

သက်တန့်ချို (4 May 2010)

ညီမလေး ဖတ်ဖို့( ၁ )

ညီမလေးဖတ်ဖို့ (၁)



သို့

ညီမလေးရေ...

သိပ်မကြာတော့တဲ့အချိန် အတွင်းမှာပဲ တို့နေထိုင်တဲ့ လောကတခွင်ဟာ မှောင်အတိကျပြီး ငွေရောင် လမင်း ကြီးက အလင်းတွေဖြန့်ကျက်ပေးတော့မယ်ကွဲ့ ။ ဒီလိုပါပဲ.. လူ့ဘ၀ဆိုတာလည်း ခဏတာ တာဝန်တွေ ထမ်း ဆောင်ပြီးတဲ့အခါမှာ နားကြရတာပဲမဟုတ်လား ။ တခါတလေတော့လည်း ကိုယ်တစ်ယောက်တည်း စဉ်းစား မိတယ် ။ တို့တွေရဲ့ အသက်ရှင်နေထိုင်မှုက ဘာလဲ ? တို့တွေ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက်နဲ့ ဘယ်ပန်း တိုင်ထိ ရောက်အောင် အရောက်သွားကြရမှာလဲ ? လူ့ဘ၀ဆိုတာ တိုတောင်းတယ်ဆိုတဲ့ အယူအဆကို တို့တွေ အခု ကြီးပြင်းလာတဲ့ အသက်အရွယ်အရ လက်ခံရလိမ့်မယ် ညီမလေး.. ။ ဘာဖြစ်လို့လည်းဆို ဟိုးငယ်ငယ်က အကြောင်းအရာတွေကို ပြန်တွေးကြည့်မိတဲ့အခါတိုင်း မနေ့တနေ့က ဖြစ်ပျက်ခဲ့သလိုမျိုး ထင်ရလို့ပေါ့ကွယ် ။ အဲဒီတော့ ဒီလိုတိုတောင်းတဲ့ ဘ၀လေးအတွင်းမှာပဲ လူတွေ တစ်ဦးနဲ့ တစ်ဦး ချင်ခင်ကြတယ် ၊ မုန်းတီးကြတယ် ၊ တိုက်ခိုက်ကြတယ် ၊ နောက်ဆုံး သေဆုံးကြရတယ် ။ ဟုတ်တယ် .. ဒါဟာ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ လောက အမှန်တရားပဲ ။

ဒီတော့ တချို့ကပြောကြတယ် ။ နောက်ဆုံး အသက်ရှင်နေထိုင်မှုရဲ့ ပန်းတိုင်ဟာ သေခြင်းတရားဆိုရင် ဘာလို့ အလုပ်လုပ်ဖို့ ၊ အောင်မြင်မှုပန်းတိုင်တွေရရှိအောင် ကြိုးစားဖို့ လိုအပ် လဲလို့ ပြောကြတယ် ညီမလေး.....။ ကိုယ်ကတော့ အဲဒီလို ကြားမိတိုင်း ဟားတိုက်ပြီး ရယ်မောမိတယ် ။ ဟုတ်တယ်လေ.. တို့တွေအားလုံးဟာ လူသားတွေအားလုံးဟာ ဒီမြေပြင်ပေါ်ကို အဓိပ္ပါယ်မဲ့ သေဆုံးဖို့ ရောက်လာကြရတာမှမဟုတ်ပဲ ။ " တန်ဖိုး " ဆိုတဲ့အရာကို တစ်ဦးချင်းစီ ပြသနိုင်ဖို့ ကိုယ်လုပ်နိုင်တဲ့အစွမ်းလေးနဲ့ တခြားသူတွေရဲ့ ဘ၀အရည်အသွေးတွေကို တဖက်တလမ်းက နိုင်သလောက် မြှင့်တင်ပေးနိုင်မှသာ တို့တွေရဲ့ ဘ၀ဟာ တန်ဖိုးရှိတဲ့ ရှင်သန်နေထိုင်မှု ဖြစ်တော့မှာပေါ့ ။

နောက်တစ်ခုကတော့ လူတွေအရမ်းကြောက်ကြတဲ့ သေခြင်းဆိုတဲ့အရာပေါ့ ညီမလေးရေ... ။ သေခြင်း တရားဆိုတာ တကယ်တော့ ကိုယ်မရောက်ဖူးတဲ့ နယ်ပယ်ဒေသတစ်ခုကို မျက်ဝါးထင်ထင် တွေ့ရမယ့် စွန့်စား ခြင်း တစ်ရပ်ပဲပေါ့ ။ ညီမလေးရေ... စဉ်းစားမိရဲ့လား.. ကိုယ်သိပ်ချစ်ရတယ်ဆိုတဲ့ မိဘ မောင်နှမ ၊ ချစ်သူ ၊ သူငယ် ချင်းတွေ တစ်နေ့...ခွဲခွာသွားရင် ၀မ်းနည်းစွာနဲ့ ငိုကြွေးနေမှာလား ။ ဒါဆို ပြောင်းပြန်ရော စဉ်းစား ကြည့်ဖူးလား ညီမလေး... ။ ကိုယ်ကအရင် သူတို့ကို ခွဲခွာသွားရရင်ရော ။ သူတို့ကို ကိုယ့်အတွက်နဲ့ ၀မ်းနည်း ပူဆွေးသောကရောက်ပြီး ငိုကြွေးစေမှာလား ... ။ ကိုယ်သာဆိုရင်တော့ အဲဒီလို မဖြစ်စေချင်ပါဘူး ။

တစ်ခါတုန်းက တိဗက်တောင်ကြားမှာ ထူးဆန်းတဲ့ ရွာလေးတစ်ရွာ ရှိတယ် ။ အဲဒီရွာလေးရဲ့ ထုံးစံက လူသေ တဲ့အခါမှာ ဗုံတွေတီးပြီး မီးပုံပွဲတွေဆင်နွှဲပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ ရှိပါတယ် ။ သူတို့အယူအဆကတော့

" ပူလောင်ရှုပ်ပွေလီတဲ့ လူ့လောကကနေ သေခြင်းတရာကို ရရှိတဲ့လူဟာ အလွန်ကို ကံကောင်းတဲ့လူဖြစ်ပြီး လက်ရှိ ခံစားနေရတဲ့ ဆင်းရဲသောကတွေနဲ့ ဝေးတဲ့ ဘ၀သစ်တစ်ခုကို မကြာခင်ရောက်ရှိတော့မှာမို့ သေဆုံး သူအတွက် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရခြင်းဖြစ်ပါတယ် " တဲ့... ။

ကိုယ်တော့ အဲဒီအယူအဆလေးကို သိပ်ပြီးသဘောကျတယ် ညီမလေး ။ ဟုတ်တယ် သေတယ်ဆိုတာ အဆုံး သတ်သွားတာမှမဟုတ်ပဲ ။ သံသရာတလျောက်မှာ ဘ၀ ၊ ဘ၀တွေ အသစ်အသစ်တွေ အများကြီးနဲ့ ကျင် လည်ရ ဦးမယ်လေ ။

" လူ့ဘ၀ဆိုတာ တို့တွေ ခဏတာ လာရောက်တွေ့ဆုံရတဲ့ ဘူတာရုံလေးတစ်ခုပါပဲ အချိန်တန်ရင်တော့ ရထား ကြီးက ဒီဘူတာရုံကနေ ထွက်ခွာသွားမှာပဲလေ ... "

အဲဒီအတွေးအမြင်တွေရပြီးကတည်းက ကိုယ့်မှာ ၀မ်းနည်းပူဆွေးတတ်တဲ့ မျက်ရည်မရှိတော့ဘူး ။ သူတို့ (သေဆုံးသွားသူ) ဘ၀အသစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ မေတ္တာအပြည့်နဲ့ ဆုတောင်းပေးနေမိတယ် ။ နောက် တစ်ခုက ချစ်ခြင်းမေတ္တာအကြောင်းပေါ့ ညီမလေးရေ... ။ အချစ်ဆိုတဲ့အရာကို ညီမလေး ယုံပါသလား ။ ဒီနေရာ မှာ ကိုယ့်ယူဆချက်ကတော့ အချစ်နဲ့ မေတ္တာဟာ လုံးဝကို ကွဲပြားခြားနားတယ်လို့ ယူဆ လက်ခံထားပါတယ် ။ ညီမလေး နားလည်အောင် အလွယ်ဆုံးပြောပြရရင်တော့ အချစ်ဆိုတာ လိုချင်တပ်မက်တဲ့ စိတ်တစ်ခုတော့ ကိန်းဝပ်နေတတ်တယ် ။ ပူပြင်းစူးရှတောက်လောင်တယ် ။ အဲဒီအချစ်မှာပဲ ပေးဆပ်တာရှိတယ် ။ ရယူတာရှိတယ် ။ ရက်စက်တာရှိတယ် ။ တိုက်ခိုက်တာရှိတယ် ။ လိမ်ညာတာလည်း ရှိတယ် ညီမလေး ။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူဆီက ကိုယ်ချစ်သလောက် ပြန်လည်ရယူလိုတာကတော့ လူသားတိုင်းရဲ့ အတ္တတစ်ခုတော့ ညီမ လေး ။

မေတ္တာဆိုတာ ကတော့ အချစ်နဲ့ ဆင်တူတာမှန်ပေမယ့် အနှစ်သာရကတော့ လုံးဝမတူ ကွဲပြား ပါတယ် ။ မေတ္တာက အေးမြတယ် ..လမင်းရဲ့ အလင်းရောင်လိုပေါ့ ညီမလေး.... ။ မေတ္တာ စစ်စစ်မှာ ရယူလို တာမရှိဘူး ။ ပိုင်ဆိုင်လိုတာမရှိဘူး တိုက်ခိုက်လိုစိတ်မရှိဘူး ။ မလိမ်ညာတတ်ဘူး ။ ကိုယ်မေတ္တာထားတဲ့ လူတစ် ယောက်ရဲ့ ကောင်းကျိုးကိုသာ အစဉ်ရှေးရှုပြီး သူ့အတွက်ကို အချိန်တိုင်း ပေးဆပ်ဖြည့်ဆည်းပေးတာ မေတ္တာ ပေါ့ကွယ် ။

ညီမလေးလည်း ကိုယ်တကယ် ချစ်တဲ့သူကို တွေ့ပြီဆိုရင် သာမန်ပူလောင်တဲ့ အချစ်နဲ့ မချစ်ပဲနဲ့ အေးမြတဲ့ မေတ္တာ စစ်စစ်သာ ပေးနိုင်အောင်ကြိုးစားပါ ။ ကိုယ်ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ပြောပြမယ် ။ တစ်ခါတုန်းက သဲသောင် ပြင်တစ်ခုမှာ မုန်တိုင်း ဒါဏ်ကြောင့် ကြယ်ငါးတွေလာပြီး သိန်းနဲ့ချီပြီး သောင်တင်နေသတဲ့ ။ အဲဒီ အချိန်မှာ မိန်းမပျိုလေး တစ်ဦးဟာ သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ကောက်ယူလိုက် ပင်လယ် ရေထဲကို လွှင့်ပစ်လိုက် လုပ်နေပါတယ် ။ မကြာခင် လူတစ်ယောက်ရောက်လာပြီး သူမရဲ့ လုပ်ရပ်ကို ကြည့်ပြီး ခေါင်းခါရင်းပြောပါတယ် ။

" ဒီမယ် မိန်းကလေး ဒီကြယ်ငါးတွေဟာ ဒီသောင်ပြင်ပေါ်မှာ လာတင်နေတာ သိန်းနဲ့ချီပြီးလာတင်နေတာကွဲ့ မင်းဒီလို တစ်ကောင်နှစ်ကောင်လောက် ရေထဲ ပစ်ချယုံနဲ့ ဘာထူးမှာလဲကွယ် ဒီအတိုင်းနေလဲ သူတို့တွေ မကြာ ခင် အကုန်သေကြရတော့မှာပဲ "

အဲဒီအခါ မိန်းမပျိုလေးက အဲဒီလူကို ကြည်လင်စွာ ပြုံးပြရင်း

" ရှင်ပြောတာမှန်ပါတယ် ဒီအတိုင်းပဲ ကြယ်ငါးတွေ အကုန်သေကြရမှာပါ ဒါပေမယ့် ကျွန်မရေထဲကို လွှတ်လိုက် တဲ့ ကြယ်ငါးတစ်ကောင်ကတော့ အနည်းဆုံး အသက်ရှင်ခွင့်ရသွားမယ်လေ "

လို့ပြောပြီး သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ရေထဲပစ်ချရင်း ထွက်ခွာသွားသတဲ့ ။

ဟုတ်ပါတယ် ညီမလေးရေ... ။ တခါတလေ ကိုယ့်ရဲ့ လုပ်ရပ်လေးတစ်ခုဟာ အနည်းဆုံး တစ်စုံတစ်ခုကို အကျိုး ရှိစေတဲ့ လုပ်ရပ်လေးဖြစ်အောင် ကြိုးစားရလိမ့်မယ် ။ ဒီလောက်ဆို ညီမလေး... ဘ၀မှာ ဘယ်လို အသက် ရှင်နေ ထိုင်ရမယ်ဆိုတဲ့ နည်းလမ်းကို အရိပ်လေးဖြစ်ဖြစ် မြင်လောက်ရောပေါ့ ။ ကောင်းကောင်း... အိပ်စက်ပါ ညီမလေး ရေ... ။ နေ့သစ်တွေအတွက် ဘ၀မှာ အဓိပ္ပါယ်ရှိရှိ ရှင်သန်နေထိုင်ဖို့ တို့တွေ ခွန်အားတွေ ပြည့်ဝနေဖို့ လိုတယ် ။

သက်တန့်ချို

ထူးဆန်းကြောက်မက်ဖွယ် ပင်လယ်ရေသတ္တဝါ

ထူးဆန်းကြောက်မက်ဖွယ် ပင်လယ်ရေသတ္တ၀ါ


လှို့ဝှက်ဆန်းကြယ်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တ၀ါဟာ Wales ပြည်နယ်ရှိ Gower Peninsula ရဲ့ကမ်း ခြေမှာ ရေထဲမှ ပေါ်ထွက်လို့လာခဲ့ပါတယ် ။ ပြည်ကြီးငါး ရေဘ၀ဲလက်မတွေလို အများကြီးပါရှိပြီး အဲဒီလက်မ တွေဟာ အစမှအဆုံးထိ ခြောက်ပေထိရှည်လျှားပါတယ် ။ တွဲကျလျှက်ရှိတဲ့ ရှည်လျားတဲ့ညှာတံပါရှိပြီး အဲဒီ သတ္တ၀ါရဲ့ အခွံနဲ့တွဲစပ်ထားလို့နေပါတယ် ။ အလွန်ကြီးမားတဲ့ ရေလှိုင်းလုံးတွေအောက်မှာတွေ့ရလေ့ရှိပြီး အခုအခါမှာ တော့ ကမ်းခြေမှာ လာပြီး သောင်တင်နေခဲ့ပါတယ် ။ ဒီ ခရင်းကောင်ဟာ ကြောက် မက်ဖွယ် သဏ္ဍာန်ရှိပြီး အမှန်တကယ်တော့ ရေသတ္တ၀ါအမျိုးနွယ် ပုဇွန် ကျောက်ပုဇွန် ၊ဂဏန်းတွေနဲ့ ဆက်နွယ်မှု ရှိပါတယ် ။ ဒီသတ္တ၀ါဟာ ပင်လယ်ပြင်ရဲ့ အမြှုပ်ထတဲ့ နေရာတွေမှာ ကျက်စားလေ့ရှိပါတယ် ။ ပင်လယ်ပြင်ရဲ့ ချွန်ထက်တဲ့ကျောက်ဆောင်အမြင့်တွေပေါ်ကိုတွယ်တက်လေ့ရှိပြီး ရေလှိုင်းတွေထဲမှာ ပျော်ရွှင်စွာ ကူးခတ်လေ့ ရှိပါတယ် ။ အထူးသဖြင့် ရေငံထဲမှာ ဥ ချလေ့ရှိပြီး ရေထဲက အောက်ဆီဂျင်နဲ့ပဲ အသက်ရှင်နေထိုင်ပါတယ် ။ အစာတွေကိုတော့ သူတို့ရဲ ခြောက်ပေရှည်တဲ့ လက်ချောင်းတွေနဲ့ ဖမ်းယူစားသောက်လေ့ရှိပြီး ထူးဆန်း တာကတော့ သူတို့ ဦးခေါင်းနဲ့ ကျောက်ဆောင်တွေပေါ် တွယ်ကပ်ခြင်းကိုလုပ်ဆောင်လေ့ရှိပြီး သူတို့ ခြေလက် တွေနဲ့ အစာစားလေ့ရှိပါတယ် ။





သက်တန့်ချို

Friday 10 May 2013

windows 7အတွက်shortcut kay များ (စာအုပ် )


winodws 7 win key shortcuts PREVIEW 
Windows 7 အတွက် Shortcut key စာအုပ်ပါ
တကယ် ကွန်ပျူတာ ကျွမ်းကျင်သူတွေက mouse ကို သိပ်မသုံးကြပါဘူး
keyboard ကသာ Shortcut key တွေနှိပ်သုံးကြပါတယ် 
အခု ဒီစာအုပ်လေးကို ဖတ်ပြီး လေ့ကျင့်မယ် ဆိုရင်တော့ သယ်ချင်းတို့လည်း
ဆရာကြီးတွေဖြစ်ပီပေါ့ ဖိုင်ဆိုဒ်က 1MB တောင်မပြည့်ပါ
Related Posts Plugin for WordPress, Blogger...