ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊...

Thursday, 30 May 2013

အဆိပ်သင့်ပန်းသီးတစ်လုံး


သူ့နာမည်ကမောင်လှတဲ့….နာမည်ကသာမောင်လှ…လူကတော့အသားမဲမဲ…ပုကွကွနဲ့ လေ
တိုက်ရင်လဲကျတော့မယ့်အတိုင်း…..ပိန်လှီတဲ့သူ…လောကဓံကိုဘယ်လောက်ခံခဲ့ရသလဲဆို
တာ….သူ့ရဲ့မျက်နာနဲ့အသားအရကိုကြည့်တာနဲ့သိနိုင်တယ်….ဆီမရှိတဲ့ဆံပင်နီကြောင်ကြောင်
ခြောက်ကပ်ကပ်က….သူ့ဦးခေါင်းထက်မှာပျင်းရိစွာ…..တွဲခိုလို့ပေါ့…..

သူကငယ်ငယ်ကတည်းကကျည်းတန်စုတစ်ရွာလုံးရဲ့ခိုင်းဘက်……လူပျိုပေါက်အရွယ်ရောက်
လာတော့

…..သူတို့တစ်ရွာလုံးကသူ့ကိုဒီအတိုင်းတော့မဖြစ်ချေဘူးဆိုပြီင်္း….သူတို့ရွာမှာလှိုင်
လှိုင်ထွက်တဲ့….ပန်းသီးရောင်းခိုင်းတယ်……တစ်ရွာလုံးကသူ့ကိုစကားလည်းနားထောင်တယ်
….ခိုင်းရတာလည်းကောင်းလို့…..၀ိုင်းချစ်ကြတာပေါ့……ဒီလိုနဲ့ပန်းသီးသည်လေးမောင်လှအ
ဖြစ်ကိုရောက်ရှိလာပါတယ်…..

မောင်လှ….သူရောင်းရတာနဲ့…သူ့အမေမျက်မမြင်ကြီးနဲ့လုံးလည်ချာလည်နဲ့……နွေမှမိုး….မိုးမှ
ဆောင်း…ပေါ့…မှန်မှန်လေးနဲ့..ဘ၀ကိုရုန်းကန်လာပါတယ်……..တစ်နေ့တော့သူတို့ရွာကိုမြို့က
နေပြီးနှင်းဆီဆိုတဲ့….ကောင်မလေးတစ်ယောက်ရောက်ရှိလာပါတယ်……..သူတို့ရွာနဲ့တစ်မိုင်
လောက်ဝေးတဲ့နေရာမှာ…..ရထားဘူတာလေးတစ်ခုရှိပါတယ်…..အတန်အသင့်ကြီးမားတဲ့ဘူ
တာလေးပါ….သူတို့လိုခေါင်းရွက်ဗျက်ထိုးဈေးသည်တွေအတွက်တော့……..အရမ်းကိုကြီးမားတဲ့
ဈေးကွက်တစ်ခုပေါ့….နင်းဆီဆိုတဲ့ကောင်မလေးကိုစတွေ့မိတာဟာ..အဲဒီဘူတာလေးအ
တွင်းမှာပေါ့…စတွေ့တဲ့အခိုက်အတန့်လေးအတွင်းမှာဘဲ…မောင်လှရဲ့ရင်ထဲမှာဗြောင်းဆန်
အောင်လှုပ်ရှားသွားခဲ့တယ်….ရင်ထဲမှာဖားဖိုကြီးတစ်ခုလိုတုန်ခါနေတယ်…..သူ့စိတ်ထဲကထူး
ထူးဆန်းဆန်းစိတ်တွေနဲ့..နှလုံးသားတစ်ခုလုံးနိမ့်ချည်မြင့်ချည်ပေါ့……(အဲဒီလိုစတွေ့ခြင်းဟာ
သူ့ဘ၀အတွက်….မှောင်မိုက်တဲ့ကျိန်စာတစ်ခုကိုသင့်ခဲ့မိလိမ့်မယ်လို့….သူမသိခဲ့မိဘူး…)

ဒီလိုနဲ့ကောင်မလေးကလည်းသူတို့ရွာမှာတစ်လလောက်လာတည်းပါတယ်……အဲဒီနေ့ကစပြီး
မောင်လှတစ်ယေက်တစ်ပါတ်တစ်ခါလောက်ဘဲဘူတာကိုရောက်တော့တယ်…..ရွာနီးစပ်တွေလှည့်ရောင်းပြီး….
ဒီရွာထဲမှာဘဲတစ်ဝဲလည်လည်ပေါ့…….နှင်းဆီဆိုတဲ့ကောင်မလေးကလဲနာ
မည်နဲ့လိုက်ပါတယ်…..သူ့မျက်နာမှာမြို့သူတစ်ယောက်ရဲ့အတ္တနဲ့…နှုင်းဆီနီရဲ့ရဲတစ်ပွင့်ကို….အ
မြဲတမ်းခေါင်းမှာပန်ထားတယ်….မောင်လှကတော့မနက်မိုးလင်းတာနဲ့….နှင်းဆီတို့အိမ်ရှေ့သွား
ပြီ…..ရစ်သီရစ်သီနဲ့ယောင်လည်လည်လုပ်ပြီးမှ……တခြားရွာတွေသွားတယ်…..နေ့လည်ပြန်လာတယ်….
နင်းဆီကိုပြန်လာကြည့်တယ်…နောက်ဈေးသွားရောင်းပြန်တယ်……ညနေဆိုစော
စောပြန်လာပြီး…နင်းဆီတည်းတဲ့အိမ်ကိုလှမ်းမြင်ရတဲ့နေရာက….သစ်ပင်ကြီးအောက်မှာ….
ညနေစောင်းမိုး
ချုပ်တဲ့အထိ…..ထိုင်ပြီးငေးကြည့်နေလေ့ရှိတယ်….
အစကတော့ရွာကလူတွေကသတိမထားမိခဲကြဘူး……နောက်တော့မှရိပ်မိလာတယ်…
အကုန်လုံးပြုံးစိစိနဲ့ပေါ့…

..သူတို့စိတ်ထဲမှာဒါဟာဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့……အချိန်တန်ရင်သူ့အလို
လိုပြီးသွားလိမ့်မယ်လို့ထင်ခဲ့မိကြတယ်…..မောင်လှလိုအညတရလေးရဲ့နလုံးသားမှာ….
ကြီးမားတဲ့ချစ်ခြင်းတေ

ွရှိခဲ့မိလိမ့်မယ်လို့…ဘယ်သူမှမယုံမိကြဘူး……

ဒီလိုနဲ့ကောင်မလေးရွာကိုရောက်ပြီး၁၅ ရက်နေ့လောက်မှာ….ညနေခင်းလေးမှာပေါ့..ကောင်မ
လေးကသူ့အဖော်တစ်ယောက်နဲ့အိမ်အပြင်ကု..ထွက်လာပါတယ်…….မောင်လှလည်းဘာလုပ်ရမှန်းမသိဘဲ…..
ထိုင်ရမလိုထရမလိုဖြစ်သွားတယ်……..တဖြေးဖြေးနဲ့ကောင်မလေးကသူ့အ
နားရောက်လာခဲ့တယ်…မောင်လှရင်ထဲမှာဗြောင်းဆန်နေပြီပေါ့…..ကောင်မလေးရဲ့အဖော်က
“ဟဲ့မောင်လှ….နှင်းဆီအတွက်သူပန်ဖို့…နှင်းဆီပန်းပန်ကရနိုင်မလဲဟပြောစမ်းပါဦး…..”
“ဟာ..ထွေးမြကလဲ….ငါခူးပေးမှာပေါ့..ဟ ..နင်ကလဲ..ငါ့ကိုပြောတာမဟုတ်ဘူး….”
“ကူညီပါအုန်း..ကိုမောင်လှ..ကျွန်မကပန်းပန်နေကြဆိုတော့…အခုချိန်မှာနှင်းဆီကလည်းအ
ရမ်းရှားနေတော့…မပန်ရဘူးဖြစ်နေတယ်……”လို့ကောင်မလေးက၀င်ပြောပါတယ်…ကောင်မ
လေးရဲ့အသံကိုလည်းကြားရော..ဘာပြောကောင်းမလဲ…မောင်လှရင်ထဲမှာဆွေ့ဆွေ့ခုန်နေတာ
ပေါ့….ဒီလိုနဲ့..မောင်လှအလုပ်တစ်ခုပိုရသွားပါတယ်….မနက်တိုင်းနင်းဆီပန်ဖို့ပန်းရှာပေးရတာပေါ့..
ဒီလိုနဲ့သူနဲ့ကောင်မလေးရင်းနှီးစပြုလာပါတယ်…..(သူတစ်ဖတ်သတ်ထင်တာပါ)…
ကောင်မလေးမြို့ကိုပြန်မယ့်ရက်လဲနီးလာတယ်…….ဘယ်နေ့ပြန်မလဲလို့လဲ….မောင်လှမမေးရဲ
ဘူး….ကြောက်တာလဲပါတယ်…….မပြန်စေချင်တာလဲပါတာပေါ့…..

ဒီလိုနဲ့ကောင်မလေးမြို့ပြန်မယ့်ရက်ကိုမောင်လှသိသွားပါတယ်…..အဲဒီသိတဲ့ညက..မောင်လှ
တစ်ယောက်…သစ်ပင်ကြီးအောက်မှာတစ်ယောက်ထဲ…ငုတ်တုတ်ကြီးငူငူကြီးထိုင်နေတယ်….
ပြန်ခါနီးနှစ်ရက်အလိုမှာ…ကောင်မလေးကမြို့ကိုပြန်ဖို့အတွက်…….ပန်းသီးလက်ဆောင်ဝယ်
သွားချင်တယ်လို့မောင်လှကိုပြောတယ်….မောင်လှလည်းဘူတာအထိလိုက်ပို့မယ်ဆိုပြီးတိုင်
ပင်ထားကြပါတယ်……ဒါပေမယ့်…ကံကဆိုးချင်တော့…ကောင်မလေးကအရေးပေါ်အကြောင်း
တစ်ခုနဲ့..တစ်ရက်စောပြီးပြန်ဖြစ်သွားပါတယ်…….အဲဒီအကြောင်းကိုမောင်လှတစ်ယောက်ပြန်
မယ့်ရက်မနက်ပိုင်းမှသိရပါတယ်….နှင်းဆီကဘူတာကိုရောက်နေပါပြီ..ရထားကတော့မလာ
သေးပါဘူး….

မောင်လှတစ်ယောက်ပန်းသီးခြင်းကြီးထမ်းလက်ထဲနင်းဆီပန်းလေးကိုင်ပြီး…..ဘူတာကိုသုတ်
ခြေတင်ပြေးပါတော့တယ်…..ဘူတာကိုရောက်တော့…ရင်ထဲမှာအဆမတန်မောဟိုက်နေပါပြီ…
ခြေထောက်တွေကိယိုင်နဲ့နဲ့..နင်းဆီကိုသူအလောတကြီး…ရှာနေမိတယ်…..ဟော…ရထားလာ
နေပါပြီ……….နှင်းဆီတက်သွားတာကို…သူရိပ်ကနဲမြင်လိုက်ရတယ်……ရထားဘီးစလိမ့်တော့
နှင်းဆီပါတဲ့…အတွဲကိုသူပြေးလိုက်သွားတယ်…………………..
ရထားကိုမှီလုမှီခင်မှာ…..ရုတ်တရက်…..ယိုင်နဲ့နေတဲ့ခြေထောက်ကခဲလုံးကိုတိုက်မိပြီးရထားသံလမ်း
ပေါ်ကိုလဲကျသွားပါတယ်….ပန်းသီးတွေကပြန့်ကျဲလို့ပေါ့…..လက်ထဲကနှင်းဆီလေးက
တစ်ဖက်ရထား….လမ်းသံဘောင်ပေါ်မှာ….နှင်းဆီပန်းလေးကိုသူ…ရူးသွပ်စွာနဲ့သွားကောက်မိတယ်…
…အဲဒီအချိန်မှာဘဲ….သူ့မျက်လုံးထဲမှာမြင်လိုက်ရတာက…….သူ့ဆီပြေးဝင်လာနေတဲ့
တစ်ဖက်ကရထားခေါင်းတွဲကြီး………………………………………………………….
…………………………………………..
“ဟာ….ဟင်……ဟာ….တိုက်သွားပြီ….”အသံတွေကဆူညံကုန်၏….သူ့အသိတွေအားလုံး
မှောင်မိုက်သွား၏….အဆိပ်သင့်ပန်းသီးလေးကတော့…..နှင်းဆီပန်းလေးလွင့်သွားတဲ့ဆီတ
လိမ့်လိမ့်………………………..ကောင်မလေးကိုတင်ဆောင်သွားတဲ့…ရထားကြီးကတော့……..
ဟိုး……အဝေးကြီးမှာ…..တရွေ့ရွေ့…..တရွေ့ရွေ့……….တရွေ့ရွေ့…………..

စာရေးသူ..သက်တန့်ချို..(၁း၃၀ မနက် ၂၀.၈.၀၉)

1 comment:

  1. ပြန်မျှလိုက်မယ်နော် ကျေးဇူး

    ReplyDelete

Related Posts Plugin for WordPress, Blogger...