ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Thursday 2 August 2012

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ စစ်မှုထမ်း ဘ၀ ရခိုင်ပြည်နယ် အတွေ့အကြုံ (အပိုင်း - ၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ နာယက တစ်ဦးဖြစ်တဲ့ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးကို ၁၉၄၈ လွတ်လပ်ရေးခါနီးအချိန်က စတင် ခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ မတည်မငြိမ်အခြေအနေတွေနဲ့ ရခိုင်ပြည်နယ်မှာ သူ တာဝန်ထမ်းဆောင်စဉ်က အတွေ့အကြုံ တွေကို ဦးရော်နီညိမ်း က မေမြန်းဆွေးနွေးပြီး ဒီသီတင်းပတ်ရဲ့“တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကို တင်ဆက် လိုက်ပါတယ်။

ဦးတင်ဦး ။ ။ အဲဒီတုန်းက ဒီလို ဖြစ်တာဗျ။ ကျနော်တို့ လွတ်လပ်ရေးရခါနီး အချိန်လောက်မှာ ပြဿနာလေးတွေ ပေါ်လာတာက ကျနော်တို့နဲ့အတူ တပြိုင်နက်တည်း အိန္ဒိယကလည်း လွတ်လပ်ရေး ရခဲ့တယ်။ အိန္ဒိယက သိတဲ့ အတိုင်း မစ္စတာဂျင်းနား (ပါကစ္စတန် လွတ်လပ်ရေးခေါင်းဆောင် မိုဟာမက်အလီဂျင်းနား Muhammad Ali Jinnah) တို့က မဟတ္တမဂန္ဓီ (Mahatma Gandhi) တို့၊ နေရူး (Jawaharlal Nehru) တို့ (အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင် များ) ကို တိုင်းပြည်ခွဲထွက်မယ်လို့ တောင်းဆိုတော့ မဟတ္တမဂန္ဓီတို့၊ နေရူးတို့က သဘောမကျဘူးပေါ့။ သို့သော်လည်း မစ္စတာ ဂျင်းနားတို့က ပါကစ္စတန်ဆိုပြီး လုပ်ချင်တယ် ဆိုတော့ နောက်တော့ သူတို့ ခွဲပေးလိုက်ရတော့ အရှေ့ပါကစ္စတန် (East Pakistan)နဲ့ အနောက်ပါကစ္စတန် (West Pakistan) ဆိုပြီး ဖြစ်သွားတာပေါ့။

“အဲဒီအချိန်မှာ ကျနော်တို့ဘက်ကလည်း နတ်မြစ် (Naff River) ဆိုတာက ဟိုဘက်က ဒီဘက်ကိုကူး၊ ဒီဘက်က ဟိုဘက်ကိုကူး၊ ဥဒဟို ၀င်ထွက်သွား လာနေတာကိုး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အားလုံးက အင်္ဂလိပ်ရဲ့ ကျွန်နိုင်ငံ၊ ကျွန်သားတွေကိုး ဗျ။ အဲဒီတော့ ကူးကြသွားကြနဲ့ ဒါတွေက ကူးလူးဆက်ဆံမှုတွေက ရှိနေတာကိုး။ အဲဒီအချိန်မှာ စစ်(ဒုတိယကမ္ဘာစစ်) ကလည်း ပြီး သွားပြီ ဆိုတော့ စစ်နဲ့အတူပါလာတဲ့ ဘင်္ဂါလီအလုပ်သမားတို့ ဘာတို့ စသည်ဖြင့် ပါလာကြတာတွေက ဒီဘက်ကို တော်တော်များများရောက်လာကြပြီးတော့ ဒီဘက်မှာပဲ နည်းနည်းပါးပါး ကျန်ရစ်ခဲ့ကြတာတွေ ရှိကောင်းရှိခဲ့ပါတယ်။

“အဲဒီတုန်းက အဲဒီဒေသနေရာမှာ ဘူးသီးတောင် မောင်တောဒေသမှာတော့ ရခိုင်ရွာတွေ တော်တော်များများ ရှိကြတယ်။ အဲဒီတော့ ၀င်လာတာတွေက မသိသာဘူးပေါ့။ အဲဒီလို ဖြစ်ခဲ့တယ်ပေါ့။”

ဦးရော်နီညိမ်း ။ ။ အန်ကယ့်ကို တစ်ခု မေးကြည့်ချင်တာက အင်္ဂလိပ်ကနေပြီးတော့မှ ဂျပန်ကို ပြန်တိုက်ဖို့အတွက် သူတို့(ဘင်္ဂါလီ) တွေကို လက်နက်တပ်ဆင်ပြီးတော့မှ မြန်မာနိုင်ငံထဲကို လွှတ်လိုက်တယ်။ အန်ကယ်တို့ရဲ့ ဖက်ဆစ် တော်လှန်ရေး ဗမာ့တပ်မတော်နဲ့ ပေါင်းပြီး တိုက်ဖို့ (သို့မဟုတ်) အင်္ဂလိပ်တပ်နဲ့ ပေါင်းပြီး တိုက်ဖို့သဘောနဲ့။ ဒါပေမဲ့ သူတို့တွေက ဂျပန်နဲ့လည်း သေချာမတိုက်လိုက်ရဘူး၊ လက်နက်တွေနဲ့ ကျန်ခဲ့တယ် ဆိုတဲ့ သဘောလား။ အဲဒါ အန်ကယ် သိသလောက် ပြောပြပေးပါ ခင်ဗျ။

ဦးတင်ဦး ။ ။ ဟုတ်တယ်၊ အဲဒီတုန်းက အရှေ့ပါကစ္စတန်ဆိုပြီး ဖွင့်လိုက်တဲ့အချိန်မှာ ဒီဘက် က နောင်သောအခါ (ဘင်္ဂါလီ) ခေါင်းဆာင်ဖြစ်မဲ့ ပုဂ္ဂိုလ်တွေက အရှေ့ပါကစ္စတန်နဲ့ တဆက်တည်း တတွဲတည်း မေယုမြစ် (Mayu River) ရဲ့ အနောက်ဘက် မှာ မေယုနယ်ပေါ့၊ မေယု နယ်ဆိုတာ ဘူးသီးတောင် မောင်တော ပါပဲ။ အဲဒီမေယုနယ်ကို district (ခရိုင်) တစ်ခုအနေနဲ့ အရှေ့ပါကစ္စတန် ထဲကို ပါစေချင်တဲ့ သဘောရှိတယ်။ အဲဒီအတွက် ပြောတာ ဆိုတာတွေတော့ ရှိတယ်။ ဒါပေမဲ့လည်း မစ္စတာဂျင်းနားတို့ (ပါကစ္စတန်) ခေါင်းဆောင်တွေ အားလုံးက ဒီဘက် (အရှေ့ပါကစ္စတန်နဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံဘက်ခြမ်း) နဲ့ ပတ်သက်တာတွေကို လုံးဝ စိတ်ပါဝင်စားခြင်း မရှိဘူး။ နောက်ပြီးတော့ ဒါနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ပြတ်ပြတ်သားသား နေလိုက်တယ်။

သို့သော်လည်းပဲ ဒီဘက်မှာက ခုနက ကျန်ရစ်ခဲ့ တဲ့ လက်နက်တွေနဲ့ ပတ်သက်တာတွေ၊ အရင်တုန်းက (ဂျပန် ကိုတိုက်ဖို့ လွှတ်လိုက်တဲ့) ဒီဘက်ကို Bengal (ဘင်္ဂလား) ဘက်ကနေ ပါလာတဲ့သူ (ဘင်္ဂါလီ) တွေကလည်း ရှိနေကြတော့ သူတို့က ဆက်ပြီးတော့ မေယုကမ်းခြေ၊ မေယုမြစ်ရဲ့ အနောက်ဘက်ကမ်းကို သူတို့က စိုးမိုးထားရမယ် ဆိုပြီးတော့၊ မူဂျာဟစ်ဒင် (အာရဗီ (Arabic) ဘာသာစကားနှင့် ဘာသာရေးအရ ခုခံစစ်ပွဲဆင်နွှဲသူ တစ်ဦး တစ်ယောက်အား မူဂျာဟစ် (Mujahid)၊ တစ်ယောက်ထက်မက အများဆိုလျှင် မူဂျာဟစ်ဒင် Mujahidin, Mujahedeen) ဆိုပြီးတော့၊ မူဂျာဟစ်တွေ ပေါ်ပေါက်လိုက်တာပေါ့။

အဓိပ္ပာယ်ကတော့ အဲဒီမှာရှိတဲ့နယ်မြေနဲ့ ဆက်စပ်ပြီးတာ့ မေယုနယ်ဆိုတာကို ထူထောင်ချင်တဲ့ သဘောတွေရှိတယ်။ အဲဒီအခါကျတော့ နိုင်ငံရဲ့ အချုပ်အခြာ ကို ထိခိုက်လာတာကတစ်ကြောင်း၊ အဲဒီဟာက အန္တရာယ်လည်းကြီးမားနေတာက တစ်ကြောင်း၊ ဗိုလ်ချုပ်ကျော်ဇော (ယခု တရုတ်နိုင်ငံ တွင် နေထိုင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော် သုံးကျိပ်ဝင် အငြိမ်းစားဗိုလ်မှူး ချုပ်ကျော်ဇော) ခေါင်းဆောင်တဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း (၅) (သနက ၅) က သွားပြီးတော့ ဒီမူဂျာဟစ်တွေကို နှိမ်နင်းတိုက်ခိုက်ချေမှူန်းလိုက်ရတယ်။

ဒီ သနက (၅) အတွက် လိုအပ်တဲ့ စစ်သည်အင်အားကို စစ်ရေးလေ့ကျင့်မှုအတွက် မေမြို့(ပြင်ဦးလွင်) မှာရှိတဲ့ training depot (BATD – Burma Army Training Depot) လေ့ကျင့်ရေးတပ်မှာ လေ့ ကျင့်ပေးပြီးတော့ သူတို့ကို မြန်မြန်ကျောင်းဆင်းပေးပါလို့ ပြောတဲ့အတွက် အဲဒီ train (လေ့ကျင့်ရေး) လုပ်နေကြတဲ့အထဲက တပ်ခွဲနှစ်ခွဲကို လေယာဉ်ပျံနဲ့ အဲဒီတုန်းက အင်ဒိုနီးရှားကလာတဲ့ (သယ်ယူပို့ဆောင်ရေး) Zero Zero One လေယာဉ်ကြီးတွေ ကက်သရင်းနား (Katherina) လေယာဉ်ကြီးတွေနဲ့ ကျနော်တို့က ခူသယ်ခေါက် သယ် (ရခိုင်ပြည်နယ်ကို) ပို့တယ်။ ကျနော်ကိုယ်တိုင် ပို့ရတယ်။ ကျနော်ကိုယ်တိုင်ပဲ ဒီလေယာဉ်တွေအပေါ်မှာ လိုက်ပြီးတော့ နေ့ချင်းပြန် ချက်ချင်းပို့ဖူး တယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီ သွားတိုက်တဲ့ တပ်ရင်း(သနက ၅) ထဲက ထင်ရှားတဲ့သူတွေ ပြောပြပါလား ခင်ဗျ။

ဦးတင်ဦး ။ ။ ဦးလွင် (ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အငြိမ်းစား ဗိုလ်မှူးကြီး မောင်လွင်) ပါတယ်။ ဦးကြည်မောင် ပါတယ်။။ သူတို့တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီး ကင်မ်ပက်က်နက် (Lt. Colonel Campecgnec)။ ဦးကြည်မောင်က Major (ဗိုလ်မှူး)ကြည်မောင် 2 IC (Second-in-Command ဒုတပ်ရင်းမှူး) ဗျ။ Captain(ဗိုလ်ကြီး)မောင်လွင်တို့ကတော့ သူတို့အောက်က တပ်ခွဲမှူးတွေ။ နောက်တစ်ယောက်က နောက်ပိုင်း အင်းစိန်တိုက်ပွဲမှာ ကျသွားတဲ့ ဂျပန်ခေတ် စစ်တက္ကသိုလ်က ဆင်းလာတဲ့ ဗိုလ်လှသောင်း (ဗိုလ်မှူးလှသောင်း)။ သူတို့ ပါကြတယ်။ (မေဂျာကြည်မောင် = ၁၉၉၀ ရွေးကောက်ပွဲကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးကြီး ကြည်မောင်)

ဦးရော်နီညိမ်း ။ ။ သူရဦးထွန်းတင်(၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့ စစ်အာဏာ သိမ်းချိန်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ၏ ၀န်ကြီးချုပ် အငြိမ်းစားဗိုလ်မှူးကြီး သူရ ထွန်းတင်) လည်းပါတယ်။ သူရေးတဲ့ (ကျနော် ကျင် လည်ခဲ့ရသော မြန်မာနှင့်ကမ္ဘာ)စာအုပ်မှာ ပါတယ်။

ဦးတင်ဦး ။ ။ ဟုတ်တယ်။ ဦးထွန်းတင်က အဲဒီတုန်းက Captain ။ ဦးထွန်းတင်လည်း ပါမယ်။ ဘာကြောင့်လဲဆို တော့ သူကလည်း သနက (၅) ကပဲ။ အဲဒီတုန်းက ဒီသနက(၅) တပ်ရင်း တစ်ရင်းလုံးပဲ (မူဂျာဟစ်တွေကို) သွားတိုက်ခဲ့ပါ တယ်။ အောင်အောင်မြင်မြင်ပဲ တိုက်နိုင်ခဲ့ပါတယ်။

တပ်က ရဲဘော်တွေဆိုတာက သိတဲ့အတိုင်းပဲ၊ ဖက်ဆစ် တော်လှန်ရေးတုန်းကကော၊ BDA (Burma Defence Army - ယခင် ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army – BIA) ကို ဂျပန်ခေတ်တွင် BDA ဟု ပြောင်းလဲဖွဲ့စည်း) တုန်းကကော ပါလာကြတဲ့သူတွေ။ သူတို့ကို စစ်ရေး လေ့ကျင့်ခန်းတွေ ကျနော်တို့က ပေးပြီးမှ ရခိုင်ကို လွှတ်ခဲ့တာဆိုတော့ သူတို့က စစ်ရေးစစ်သွေး စစ်ရည်ဝနေပြီးသားတွေ။

လေ့ကျင့်ပေးလိုက်တဲ့ ဒီစစ်သည်တွေကို ကျနော်တို့က ကမန်းကတန်း ကျောင်းဆင်းပေးလိုက်ရတာဗျ။ သူတို့ကို ကျောင်းပြီးအောင် (၆) လ (၇) လ သင်တန်းမပေးလိုက်ရဘူး။ သုံးလေးလလောက်နဲ့ သင်တန်းပေးပြီး ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ ချက်ချင်း လေယာဉ်နဲ့ပို့လိုက်ရတာ။ တောက်လျှောက် ရခိုင်ပြည်နယ်ကို ပို့လိုက်ရတာ။ (ဗမာ့တပ်မတော်ကို ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်ဖွဲ့စည်းသောအခါ အရာရှိနှင့်စစ်သည်အားလုံး ဗြိတိသျှစစ်တပ်၏ အခြေခံစစ်သင်တန်းမှ စ၍ ပြန်တက်ကြရပြီး၊ စစ်သည်များမှာ အခြေခံစစ်သင်တန်းပြီးဆုံးလျှင် တပ်သားသစ်များ အဖြစ် ကျမ်းသစ္စာကျိန်ဆိုကြရသည်။)

အဲဒီတုန်းက တိုက်ပြီးပြန်လာကြတဲ့သူတွေ ပြောပြတာက မူဂျာဟစ်တွေကို ကာဆင်ကြီးဆိုတဲ့ ပုဂ္ဂိုလ် က အုပ်ချုပ် တယ်။ ကာဆင်ကြီး တိုက်ပွဲမှာကျသွားတော့၊ မူဂျာဟစ်တွေ အစိပ်စိပ်အမွှာမွှာ အကွဲကွဲ အပြားအပြား ဖြစ်ပြီးတော့မှ နောက်ထပ်ခေါင်းဆောင် ကာဆင်လေး ဆိုတာ ပေါ်လာတယ်တဲ့။

နောက်ပိုင်းမှာ ကျနော်တို့ ဆက်ပြီး တိုက်ရတာကတော့ ကာဆင်လေးကနေ ပေါက်ဖွားလာတဲ့ မွေး ထုတ်ထားတဲ့ စူရစ်အာမက်တို့ စူရတန်မောက်တို့။ ဒီ နောက်ပေါက် ခေါင်းဆောင်တွေနဲ့ ကျနော် ရခိုင်တပ်ပေါင်းစုမှူး ဖြစ်လာတော့ နည်းနည်းပါးပါး ပြောက်တိပြောက်ကျား တွေ့ရပြန်သေးတယ်။

ဒါပေမယ့်လို့ အရှေ့ပါကစ္စတန်နဲ့ ကျနော်တို့နဲ့ နတ်မြစ် (Naff River)ကို အကြောင်းပြုပြီး ပြဿနာဖြစ် လို့ တိုက်ကြရတဲ့အချိန်မှာ ခြေမြန်တပ်ရင်း(၄)နဲ့ ခြေမြန်တပ်ရင်း(၅)က လာပြီးကူညီခဲ့တဲ့ အတွက်ကြောင့် (ဘူးသီးတောင်မောင်တော) မြောက်ဘက်အခြမ်းမှာ မူဂျာဟစ် ခိုအောင်းနေတာကို တိုက်မယ်ဆိုပြီးတော့ ဂုတ်ပိတံတား မြောက်ဘက်ခြမ်း တော်တော်လှမ်းလှမ်းမှာ တော်တော်လေး လိုက်တိုက်လိုက်တာ့ အဲဒီ မူဂျာဟစ် နောက်ဆုံးအသုတ်ကို ကျနော်တို့ အပြတ်ကို ချပစ်လိုက်တယ်။

အဲဒီမှာ မူဂျာဟစ် လေးဆယ်ကျော် ငါးဆယ်လောက် သေတယ်။ နောက်ပြီးတော့ လက်နက်တွေ ရလိုက်တယ်။ အဲဒီတုန်းက သတင်းကြားလို့ အဲဒီတောင်ကျောပေါ်က ဖြတ်ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရောက်နေတယ် ကြားလို့ သွားတိုက်တာ။ ကျနော့်မှာ အခွင့်အရေး ကောင်း တစ်ခု ရတာက၊ ခြေမြန်တပ်တွေက ရောက်နေတဲ့အချိန်မှာ နယ်စပ်မှာ ဖြစ်နေတဲ့ကိစ္စတွေကလည်း (နယ် နိမိတ်) တိုင်းဖို့ထွာဖို့ သဘောတူ ပြီးဆုံးဖြတ်လိုက်တော့၊ ဒီတပ်တွေကို ပြန်ပို့ရမယ့်အစား မပို့ခင်မှာ အဲဒီ ဂုတ်ပိ တံတားရဲ့ မြောက်ဘက်ခြမ်း၊ ဂုတ်ပိတံတားဆိုတာက ဘူးသီးတာင် မြောက်ဘက်ကို တက်သွားတဲ့အခါ တောင်ဘဇား၊ တောင်ဘဇား ပြီးရင် ဂုတ်ပိတံတား၊ ဂုတ်ပိတံတားပြီးရင် မြောက်ဘက်မှာ ပန်ဇီဘဇား ဆိုတာရှိတယ်။ အဲဒီတောင်ပေါ် တောင် ကျောမှာ သွားတိုက်လိုက်တဲ့အခါ နောက်ဆုံး အပြတ်ချလိုက်တဲ့အခါ အဲ့ဒီမှာ မူဂျာဟစ်ဟာ ပြတ်ထွက်သွားပြီ။ ပြီးသွားပြီ။

ဦးရော်နီညိမ်း ။ ။ အဲဒါ ဘယ် ခုနှစ်ကလဲ အန်ကယ်။

ဦးတင်ဦး ။ ။ အဲဒါက ကျနော် တပ်ပေါင်းစုမှူးဘ၀၊ ရခိုင်မှာ ဆိုတော့ ၁၉၅၉ ပေါ့။ (၁၉၆၀) ရွေးကောက်ပွဲ မလုပ်ရသေးဘူး။ တပ်တွေကို စစ်ဆေးပြီး ကိုယ့်နယ်စပ်နဲ့ပတ်သက်တာတွေ ကိုယ်လုံခြုံအောင် လုပ်ကြရမယ်ဆိုတဲ့အချိန်မှာ နတ်မြစ် (Naff River) တလျှောက်ကို ကျနော်တို့ သွားကြည့်လိုက်တဲ့အခါမှာ လူတော်တော်များများက ရွာတွေမှာ စာရင်းမရှိ အင်းမရှိ လူတွေ ထပ်ပြုပြီး နေနေကြတာတွေကို ရှင်းရလင်းရမယ်ဆိုတော့ အဲဒါတွေကို ကျနေယ်တို့က ရှင်း ရ လင်းရတာပေါ့ဗျာ။ ရှင်းရလင်းရတယ် ဆိုတာက သူတို့နဲ့ပတ်သက်တာတွေကို စစ်ဆေး၊ မသင်္ကာ ဘွယ်ဖြစ်တဲ့သူ (အရှေ့ပါကစ္စတန်) ဘက်မှ ခိုးဝင်လာသူတွေကို eviction order (မိမိပိုင်နယ်မြေ မှ နှင်ထုတ်သည့် အမိန့်)ပေးရတယ်။

ကျနော် မှတ်မှတ်ရရ မှတ်မိသလောက်ကတော့ (ခိုးဝင်လာသူ) လူ တစ်သောင်းသုံးထောင်ရှစ်ရာ နီးနီးလောက်ကို eviction order နဲ့ မောင်တောမြောက်ဘက်ခြမ်းကနေ တောင်ပြိုတို့လို နေရာတွေမှာ နတ်မြစ်တလျှောက် ဘေးနား ကလူတွေ သိပ်သိပ်သည်းသည်း ဖြစ်နေတဲ့ အပိုင်းနားက လူတွေကို အားလုံးစစ်ဆေးပြီးတော့ အဲဒီ့နောက်ပိုင်းမှာ မှတ်ပုံတင် လုပ်တာပဲဗျ။ မှတ်ပုံတင်ကို စပြီး လုပ်ရတာပဲ။ အဲဒီတုန်းက မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်မှာ စပြီး အမျိုးသားမှတ်ပုံတင် စပြီးပေါ်ပေါက်ခဲ့တယ်လို့ မှတ်သားဖူးပါတယ်။

ဦးတင်ဦး ။ ။ ဟုတ်တယ်၊ အဲဒီတုန်းက စပြီး အမျိုးသားမှတ်ပုံတင် စပြီး ဖြစ်လာတာ။ အဲဒါ (eviction order ဆောင် ရွက်ခြင်း) ပြီးသွားပြီး နည်းနည်း အေးအေးဆေးဆေး ဖြစ်သွားတော့မှ ဟိုတုန်းက အခေါ် ရခိုင်တိုင်းအတွက် မှတ်ပုံတင် အရာရှိတွေ (လ၀က -လူဝင်မှုကြိကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန အရာရှိများ) ရောက်လာပြီးတော့ သူတို့ကို ၀ိုင်းပြီး ကျနော်က ကူညီရတာကိုး။

မှတ်ပုံတင်ကိစ္စတွေ မြန်မြန်ဆန်ဆန်ပြီးအောင် နယ်စပ်တွေမှာ တောက်လျှောက် ကျနော် တို့ဆီက တိုက်ရေယာဉ်တို့ စစ်ရေယာဉ်တို့နဲ့ နောက်သူတို့အတွက် ရေယာဉ်တွေကိုလည်း လုံခြုံရေး အကြောင်းပြုပြီး ငှားပြီးတော့ အကုန်လုံးကို မြန်မြန်လုပ်ရတာပဲလေ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ ၁၉၆၀ ရွေးကောက်ပွဲအချိန် ရောက်လာတော့ ရိုဟင်ဂျာကို (၀န်ကြီးချုပ်) ဦးနုကလည်း အသိအမှတ်ပြုခဲ့တယ် ဆိုတဲ့အသံတွေကိုလည်း အခုနောက်ပိုင်း ကျနော်တို့ ကြားကြရပါတယ်။ အဲဒီကိစ္စရဲ့ အရင်းအ မြစ် အစပထမက ဘယ်လိုဖြစ်တာလဲဆိုတာကို အန်ကယ် သိသလောက် ရှင်းပြပါ။

ဦးတင်ဦး ။ ။ ဒီလိုဗျ။ အဲဒီအချိန်လောက်အထိက ကျနော်လည်း ရိုဟင်ဂျာဆိုတာကို မသိဘူး၊ ကြားလည်းမကြားဖူး ဘူး။ ဒါပေမယ့် ဘယ်လိုဖြစ်သွားခဲ့သလဲဆိုတော့ Caretaker Government (၁၉၅၈-၁၉၆၀ အိမ်စောင့်အစိုးရ) အချိန် မတိုင်ခင်မှာ ၁၉၅၆ ခုနှစ်မှာ ရွေးကောက်ပွဲ တစ်ခေါက် လုပ်ခဲ့တာကိုး။ အဲဒီ ၁၉၅၆ ရွေးကောက်ပွဲမှာ ဘာဖြစ်ခဲ့သလဲ ဆိုတော့ အဲဒီ ဘူးသီးတောင် မောင်တော ကနေ အမတ်လေးယောက် ပေါ်လာခဲ့တယ်။

စူလတန်မာမွတ် ရယ်၊ စူလ တန်အာမက်ရယ်၊ အဘူဘောရှော ရယ်၊ အဘူလခိုက် ရယ်။ ကျနော် သူတို့နာမည်တွေ ကောင်းကောင်းမှတ်မိတယ်။

စူလတန်မာမွတ်က ဘူးသီးတောင် တောင်ပိုင်း၊ အဘူဘောရှောက ဘူးသီးတောင်မြောက်ပိုင်း၊ စူလတန်အာမက်က မောင်တောတောင်ပိုင်း၊ အဘူလခိုက်က မောင်တောမြောက်ပိုင်း၊ အမတ်တွေ ဖြစ်လာကြတယ်။ သူတို့က ဖဆပလ (၀န်ကြီးချုပ်ဦးနု ဦးဆောင်သည့် အာဏာရ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေး ပါတီ)ထဲကနေ ပါလာကြ တယ်။ ရွေးကောက်ပွဲမှာ ၀င်ပါလာကြတော့………

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်၊ တစ်ခုသိချင်တာက အဲဒီတုန်းက အမျိုးသားမှတ်ပုံတင် ဆိုတာ မလုပ်ရသေး ဘူးဆိုတော့၊ အဲဒီအမတ်အရွေးခံ ပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံသားအဖြစ် ဘယ်လိုနည်းနဲ့ အသိအမှတ်ပြခဲ့ကြသလဲ။

ဦးတင်ဦး ။ ။ အဲဒါက အဲဒီမှာ ဘူးသီးတောင်မောင်တောမှာ ရှိနေတဲ့လူ အားလုံးကို (အာဏာရ ဖဆပလ အစိုးရက) မြန်မာနိုင်ငံသား ဖြစ်တယ်လို့ လုပ်လိုက်တဲ့အပြင် အဲဒီမှာ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုပေးဖို့ ပြောလိုက်ကြတာ ကြောင့် ဦးနုက ရိုဟင်ဂျာဆိုတာ ရှိတယ်လို့ ဆိုပြီး ဘာတွေ လုပ်ပေးလိုက်သလဲ ဆိုတော့ ရိုဟင်ဂျာနဲ့ ပတ်သက်လို့ အာရဗီ (Arabic) ဘာသာနဲ့ ထုတ်တဲ့ သတင်းစာတို့၊ အူရဒူ (Urdu) ဘာသာနဲ့ထုတ်တဲ့ သတင်းစာတို့၊ မြန်မာ့အသံမှာ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ အစီအစဉ် အခန်းကဏ္ဍတစ်ခုကို တစ်နေ့ကို ၁၅ မိနစ် လွှင့်ပေးတာတို့ ဖြစ်သွားခဲ့တယ်။ အဲဒီမှာ တော်တော့ကို ဒေါတွေကန်ကြနဲ့ ကြီးကြီးကျယ်ကျယ်ကို ပြဿနာတွေ ဖြစ်ကြတယ်။ အဲဒီ့တော့မှပဲ ရိုဟင်ဂျာ ဆိုတာကို တော်တော်ကြားဖူးလိုက်တာပဲ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အန်ကယ့်ကို တစ်ခုလောက်တော့ ထပ်ပြီးမေးချင်ပါတယ်။ အဲဒီလို ၁၉၅၆ ခုနှစ်မှာ ဖြစ် လာတော့ ဒါက ဦးနုရဲ့ အရပ်သားအစိုးရက လုပ်တာ။ ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ အိမ်စောင့်အစိုး ရ ပေါ်လာတဲ့အချိန်ကျတော့ ဒီကိစ္စကို ဘယ်လို သဘောထားပါသလဲ။

ဦးတင်ဦး ။ ။ ကျနော်ကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးဆိုတဲ့ သဘောပဲထားတယ်။ ဘာလို့လဲဆိုတော့ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ လူမျိုးအနေနဲ့ ပြစရာ မရှိဘူးလေ။

ဦးရော်နီညိမ်း ။ ။ ဒါက အန်ကယ်က အဲဒီအချိန်က ရခိုင်တပ်ပေါင်းစုမှူးအနေနဲ့ သဘောထားတာ။ သို့သော်လည်းပဲ ကျနော်သိချင်တာက အစိုးရအဖွဲ့ တစ်ဖွဲ့လုံးအနေနဲ့ကော သို့မဟုတ် ကာကွယ်ရေး ၀န်ကြီးဌာနအနေနဲ့ကော တရားဝင် ဘယ်လို သဘာထားပါသလဲ။ အဲဒီ ၁၉၅၈ ခုနှစ် Caretaker Government (အိမ်စောင့်အစိုးရ) အောက်မှာ။

ဦးတင်ဦး ။ ။ ရိုဟင်ဂျာ ဆိုတာ မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ဘယ်လိုလုပ်လိုက်လဲ ဆိုတော့- (၁၉၆၀ ရွေးကောက်ပွဲအနိုင်ရ ဦးနု၏ သန့်ရှင်း ဖဆပလ (၁၉၆၁ တွင် ပြည်ထောင်စုပါတီ ပထစဟု အမည်ပြောင်း) က ပြန် လည် အာဏာရချိန်တွင်) ဦးနုက အဲဒီ subject (ရိုဟင်ဂျာ ကိစ္စ)ကို သူ့ရဲ့ ၀န်ကြီးချုပ်ရုံးရဲ့ subject အဖြစ် ဗဟိုက ကိုင်တွယ်မယ် ဆိုပြီးတော့၊ သူက ယူလိုက်တယ် ခင်ဗျ။ အဲဒီတုန်းက နယ်စပ်ဒေသ(နယ်နိမိတ်တိုင်းထွာရေး)ကိစ္စ တွေနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးစောမြင့် (ယိမ်းနွဲ့ပါး ) (ယခု မဟေသီမဂ္ဂဇင်း ထုတ်ဝေသူ) တို့က နယ်စပ် စစ်တံခွန် လွှင့်တယ်ဆိုတဲ့ တာဝန်အရ နယ်စပ်ဒေသ(ကချင်ပြည်နယ်ဘက်) တွေဘက်ကို သွားပြီး (နယ်စပ်လုံခြုံရေး) လုပ်ကိုင်ကြရတယ်။ (ဗိုလ်မှူးကြီးစောမြင့်မှ ကချင်ပြည်နယ် နယ်စပ်ဒေသ စစ်တံခွန်လွှင့် ခရီးစဉ်ကို ကလောင်အမည် ယိမ်းနွဲ့ပါး နှင့် ဆောင်းပါးများရေးသားခဲ့သည်။)

သူတို့အဲဒီလို လုပ်သလို ရခိုင်ဘက်မှာလည်း အလားတူ နယ်စပ်လုံခြုံရေးကို လုပ်ကြရတဲ့အခါ သူတို့က ဘင်္ဂါလီ မူစလင်တွေ ဆိုတော့ကာ တချို့ကလည်း ရခိုင်မူစလင် ရခိုင်အစ္စလမ်ဆိုပြီး ရှိကြတော့ အဲဒီဒေသ ဥပမာ ဘူးသီးတောင် မောင်တော မြောက်ခြမ်းမှာရှိတဲ့ ဘော်လီဘဇား အခုတော့ ကြိမ်ချောင်းပေါ့၊ အဲဒီ နောက်က ရှာဗီဘဇား အခုတော့ သမန်းသားပေါ့၊ အဲဒီကလူတွေက ဟိုက (အရှေ့ပါကစ္စတန်က)လူတွေ ၀င်ပြီးတော့ နောက်ထပ် ရောက်လာကြတာတွေကို အဲ့ဒီကလူတွေက မကြိုက်ဘူးဗျ။

ဒီလူတွေ နောက်ထပ်ရောက်လာတဲ့အတွက် ဒို့တော့ ဒုက္ခရောက်တာ့မှာပဲ၊ လူတွေများလာတဲ့ အတွက် ပြဿနာတွေတော့ ဖြစ်တော့မှာပဲ၊ စသည်ဖြင့် အဲဒီတုန်းကတည်းက ကျနော်တို့နဲ့ အင်မတန်ခင်မင်ခဲ့တဲ့ ရခိုင်အစ္စလမ်၊ တချို့လည်း ဘင်္ဂါလီအစ္စလမ်ပေါ့။ အဲဒီလူတွေက ကျနော်တော့၊ သူတို့နဲ့ တွေ့ကြပြုကြ ပြောဆိုနေကြ ဆိုတော့ သူတို့ကိုယ်တိုင်က အဲဒီလို များများစားစားနဲ့ ဟိုဘက်က ထပ် ၀င်လာကြတဲ့သူတွေက သူတို့ကို ဒုက္ခပေးတော့မှာပဲ ဆိုပြီးတော့ အဲ့ဒီက လူတွေက မကြိုက်ကြဘူး ခင်ဗျ။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့။ ဘာဖြစ်သလဲဆိုတော့ ကျနော်တို့ရဲ့ အစိုးရ ၀န်ထမ်းတွေကလည်း သိပ်ပြီးတော့ bribery and corruption ပေါ့။ သိပ်ပြီးတော့ လာဘ်စားတယ် ခင်ဗျ။ အဲဒီ (ဘူးသီးတောင်မောင်တော)ရောက်တဲ့ အစိုးရ၀န်ထမ်း ဟာ သူဋ္ဌေးဖြစ်တော့တာပဲ။

ဦးရော်နီညိမ်း ။ ။ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးရဲ့ စစ်မှုထမ်းဘ၀ ရခိုင်ပြည်နယ် အတွေ့အကြုံများ အပိုင်း(၂)ကို၊ ရှေ့သီတင်း ပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ ဆက်ပြီး တင်ဆက်ပေးသွားပါမယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

(ဗီအိုအေမြန်မာပိုင်းအစီအစဉ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍကို အမှတ်စဉ် (၀၀၁) မှ စတင်ပြီး၊ တပ်မတော်သားဟောင်းတဦး၏ blog http://democracyformilitarymight.blogspot.com/2010/03/hello.html တွင်၊ ဖတ်ရှုနား ဆင်နိုင်ကြပါသည်။)

Wednesday 1 August 2012

အသည်းရောဂါအတွက် ဆေး



အသည်းရောဂါခံစားနေရသော လူသားများ အတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် 
သခွတ်ပြုတ်ဆေးရည် ..…( အသည်းရောဂါအတွက် ဆေး သိရှိစေရန် ထပ်မံတင်ပေးပါသည် )


ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်၏….( အသည်းရောဂါဖြစ်နေသော 
မိသားစုဝင်များအား စိတ်ချမ်းသာမှု့  ဖြစ်စေပြီး လူ့ သက်တမ်းအပြည့်ေ
နနိုင်သောကြောင့် Mg
အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။
ဆရာကြီးစီမှာ အသည်းအတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထို စီပိုးလူနာ၏ ကိုယ်တွေ့ ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့  ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်း သောက် တကယ် စီပိုးပျောက်ခဲ့ရလို့  သူကိုယ်တိုင်လည်း ဆေးကုသိုလ် ပြု့ နေပါသေးသည် ။

လုပ်ဆောင်သောက်သုံးရန်မှာ ….
သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ ( လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည် ။

ဆေးရည်ကျိုနည်း ….
ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ 
မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။ 
အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။

အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊ 

သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။

ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ……

http://www.vancouversun.com/business/6412601.bin
ရန်ကုန်မြို့က ဘဏ်ဝန်ထမ်းတဦးကို လုပ်ငန်းခွင်မှာ တွေ့ရတဲ့ပုံပါ။ (ဓာတ်ပုံ - Soe Zeya Tun , REUTERS)


ဘဏ်ကတ်တွေ၊ ချက်လက်မှတ်တွေ အသုံးတွင်ကျယ်လာရင် ငွေချေ၊ ငွေသုံးတဲ့အခါ ပိုပြီး အဆင်ပြေလာတော့မှာ ဖြစ်ပါတယ်။ ဘဏ်ကတ်တွေ မကြာခင် လာတော့မယ်လို့ ဆောင်းပါးက ဆိုပါတယ်။

ပြည်သူ့ရှေ့မှောက် အရောက်လာတော့ မည့် MPU ကတ်များ

မောင်မောင်ဝင်း
ကြေးမုံသတင်းစာ - ဇူလိုင် ၃၀

လူသားတို့၏ နေ့စဉ်နှင့်အမျှ ကျင်လည် လှုပ်ရှားနေရသော လူမှုစီးပွားရေး ဘဝများတွင် ငွေကြေးသုံးစွဲမှုနှင့် မကင်းနိုင်ကြပေ။
လူသားတို့အတွက် အခြေခံစားဝတ်နေရေးအတွက်ဖြစ်စေ၊ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု၊ စားသုံးမှုများအတွက်ဖြစ်စေ၊ ခရီးသွားလာရေး၊ အပန်းဖြေရေး၊ ပျော်ရွှင်ရေး၊ ကျန်းမာရေး၊
သာရေးနာရေး၊ ဘာသာရေး စသည်တို့အတွက်ဖြစ်စေ ငွေကြေးသုံးစွဲဆောင်ရွက်ကြရပေသည်။
ကမ္ဘာဦးအစက ကုန်စည်ချင်း ဖလှယ်သည့်နည်းဖြင့် သုံးစွဲဖြေရှင်းခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဖလှယ်မှုကိရိယာ အသပြာငွေကြေးအဖြစ် သတ္တု၊ ဒင်္ဂါးအစရှိသည်တို့မှသည် ယနေ့ခေတ်သုံးစွဲနေကြသော ငွေစက္ကူများအထိ နိုင်ငံအသီးသီးမှ တီထွင်ဖန်တီးသုံးစွဲလာကြခြင်းဖြစ်သည်။

လူသားတို့နေထိုင်ရာ ဝန်းကျင်ကမ္ဘာသည် အချိန်နှင့်အမျှ ခေတ်မီပြောင်းလဲတိုးတက်ဆန်းသစ်နေသည့်သဘာဝရှိပေရာ ငွေကြေးသုံးစွဲမှုအပိုင်းတွင်လည်း ငွေသားစက္ကူများကိုသာ အစစအရာရာ ကိုင်တွယ်သုံးစွဲပေးချေနေကြရခြင်းမရှိတော့ပေ။
ဤသို့ သုံးစွဲပေးချေရန်လည်း အစစအရာရာ မဖြစ်နိုင်တော့ပေ။ ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကလည်း ချက်လက်မှတ်များ၊ ငွေပေးအမိန့်လွှာများ၊ ဘဏ်အာမခံလက်မှတ်များ၊ ငွေချေးစာချုပ်လက်မှတ်များစသည်ဖြင့် ငွေကဲ့သို့ တန်ဖိုးရှိသော ဖလှယ်မှုကိရိယာများကို တီထွင်ထားရှိကြပါသည်။
သုံးစွဲပေးချေကြရသည့်အပိုင်းတွင် ကြီးမားများပြားသော အကြီးစားပေးချေမှုများရှိသကဲ့သို့ အလတ်စားနှင့် အသေးစားပေးချေမှုများလည်း ရှိကြပါသည်။

အကြီးစားပေးချေမှုများအတွက် ချက်လက်မှတ်များ၊ ငွေပေးအမိန့်များ၊ စာရင်းပြောင်းညွှန်ကြားချက်များဖြင့် ပေးချေနိုင်ကြပြီး အလတ်စားနှင့် အသေးစားပေးချေမှုများအတွက် နေရာတိုင်းတွင် ချက်လက်မှတ်နည်းလမ်း၊ ဘဏ်စာရင်းပြောင်းနည်းလမ်းတို့ဖြင့် ပေးချေရန် အဆင်မပြေသကဲ့သို့ နေရာတိုင်းသို့ ငွေသားငွေစက္ကူများကို သယ်ဆောင်သွားရန်လည်း အဆင်မပြေသည်များရှိသဖြင့် ပေးချေမှုအဆင်ပြေစေရန် ယနေ့ခေတ်တွင် အီလက်ထရွန်နစ် နည်းပညာသုံးကတ်များကို တွင်ကျယ်စွာသုံးစွဲပေးချေလာကြသည်ကို တွေ့ရှိရပါသည်။

ကမ္ဘာပေါ်တွင် ကတ်များတီထွင်သုံးစွဲခဲ့ကြရာ ယနေ့အချိန်တွင် ချမ်းသာ သောနိုင်ငံများမှသည် ဆင်းရဲသည့်နိုင်ငံများအထိ အမျိုးမျိုးအဖုံဖုံသော ကတ်ပုံစံများဖြင့် ပေးချေသုံးစွဲနေကြပြီဖြစ်ပါသည်။
ဤတွင် တစ်ကမ္ဘာလုံး ကျယ်ပြန့်စွာ လက်ခံသုံးစွဲနိုင်သော နိုင်ငံတကာသုံး VISA, MASTER, AMERICAN EXPRESS စသည့် ကတ်များသည် အထင်ရှားဆုံးဖြစ်ပါသည်။
အာရှဒေသတွင်လည်း နိုင်ငံအလိုက်၊ ဘဏ်အလိုက်ကတ်များကို ထုတ်ဝေအသုံးပြုလျက်ရှိကြရာ ဂျပန်မှ JCB ကတ်၊ တရုတ်မှ CUP ကတ် စသည်ဖြင့် ထင်ရှားကြပါသည်။

မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍတွင်လည်း ကတ်များအသုံးပြုမှုနှင့်ပတ်သက်၍ ပုဂ္ဂလိကဘဏ်များ ၁၉၉၇ ခုနှစ်တွင် စတင်ပေါ်ထွန်းလာခဲ့ပြီးနောက် ၂ဝဝဝ ပြည့်နှစ်ခန့်တွင် အချို့ဘဏ်များက စတင်သုံးစွဲခဲ့ကြသော်လည်း ၂ဝဝ၃ ခုနှစ် မြန်မာ့ဘဏ်လုပ်ငန်း အကျပ်အတည်းနှင့်အတူ နိဂုံးချုပ်သွားခဲ့သည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရပါသည်။

သို့ဖြစ်၍ ကတ်သုံးစွဲမှုတွင် မြန်မာတို့ ခေတ်နောက်ကျကျန်ခဲ့ခြင်းဖြစ်ပါသည်။ ဤသို့ ခေတ်နောက်ကျကျန်ခဲ့ခြင်းကို ခေတ်နှင့်အမီ လိုက်ပါနိုင်စေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဘဏ်များအသင်းကြီးက Myanmar Payment Union(MPU) ကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါသည်။
MPU စီမံခန့်ခွဲမှုကော်မတီကို ၁၅-၉-၂ဝ၁၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင်ဘဏ် ၁၆ ဘဏ်ရှိကြောင်း သိရပါသည်။ MPU ဖွဲ့စည်းရသည့်ရည်ရွယ်ချက်များမှာ ငွေသားဖြင့်ပေးချေရမှုများကို လျော့နည်းစေရန်၊ အလတ်စားနှင့် အသေးစား ပေးချေရမှုများအတွက် နိုင်ငံတကာငွေပေးချေမှုစနစ်များနှင့်အညီ ကျင့်သုံးနိုင်စေရန်နှင့် တစ်နိုင်ငံလုံးအတွက် တစ်ပြေးညီ စံသတ်မှတ်ချက်ဖြင့် အီလက်ထရွန်နစ်ကတ်များ အသုံးပြုနိုင်စေရန်တို့အတွက် ဖြစ်ပါသည်။

MPU ကို စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ အဖွဲ့ဝင်ဘဏ်များမှ တာဝန်ရှိသူများသည် အကြိမ်ကြိမ်တွေ့ဆုံ၍ MPU ကတ်များ ထုတ်ဝေသုံးစွဲနိုင်ရန် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ဆွေးနွေးညှိနှိုင်းရရှိသည့် လုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာသို့ တင်ပြ ခွင့်ပြုချက်ရယူခဲ့ကြပါသည်။
အဆိုပါ လုပ်ငန်းစဉ်များကို အကျဉ်းချုပ် ဖော်ပြရသော်-

(၁) Debit ကတ်များနှင့် ATM ကတ်များကိုသာ စတင်ထုတ်ဝေရန်
(၂) အဖွဲ့ဝင်ဘဏ်တစ်ခုခုက ထုတ်ဝေသောကတ်သည် ကျန်အဖွဲ့ဝင်ဘဏ် အားလုံးက ထုတ်ဝေသော ကတ်များကဲ့သို့ ကြိုက်နှစ်သက်ရာ ATM စက်များ POS Terminal များတွင် သုံးစွဲနိုင်စေရန်
(၃) နိုင်ငံတကာသုံးကတ်များကို ပြည်တွင်းတွင် သုံးစွဲနိုင်ရေး MPU မှ တာဝန်ခံ၍ လက်ခံဆောင်ရွက်ပေးရန်
(၄) MPU ကတ်များကို ပြည်ပတွင်ပါ သုံးစွဲစေနိုင်ရေး ကြိုးပမ်းရန်
(၅) ကတ်သုံးစွဲမှု စနစ်တကျဖွံ့ဖြိုးတိုးတက်လာသည့်အခါ Credit ကတ်များ အပါအဝင် ခေတ်မီအီလက်ထရွန်နစ်နည်းပညာသုံးကတ်များ၊ ကတ်အသုံးပြုရန်မလိုသော အင်တာနက်ကွန်ရက်၊ မိုဘိုင်းကွန်ရက်သုံးပေးချေမှု စနစ်များကိုပါ တိုးချဲ့ဆောင်ရွက်ရန်
(၆) ကတ်ထုတ်ဝေသူနှင့် ကတ်သုံးစွဲသူတို့အကြား လုံခြုံစိတ်ချရမှု အဆင်ပြေချောမွေ့သော ဝန်ဆောင်မှု၊ ဆုံးရှုံးမှုအန္တရာယ်ကင်းရှင်းမှုများကို ဖော်ဆောင်ပေးရန်
(၇) လိုအပ်သော စည်းမျဉ်း၊ စည်းကမ်းမူဘောင်များ (Regulatory Framework) အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။

ငွေသားကိုသာ ကိုင်တွယ်သုံးစွဲပေးချေနေကြရာမှ ငွေသားကဲ့သို့ တန်ဖိုးရှိသောကတ်များဖြင့် စက်ကိရိယာနှင့် ဆက်သွယ်မှုကွန်ရက်ကိုအသုံးပြု၍ထုတ်ဝေသည့်ဘဏ်၊ အဖွဲ့အစည်း၊ သုံးစွဲသည့် ပြည်သူလူထု၊ လက်ခံသည့် ကုမ္ပဏီ၊ ဆိုင်၊ အဖွဲ့အစည်းတို့အကြား အပြန်အလှန်ယုံကြည်စိတ်ချစွာဖြင့် သုံးစွဲနိုင်ကြသည့်စနစ်ကို ဖော်ဆောင်ရခြင်းဖြစ်သဖြင့် လွယ်ကူသော လုပ်ငန်းစဉ်တစ်ခုတော့မဟုတ်ပေ။
သို့ရာတွင် တွေ့ရှိလာရသည့် အခက်အခဲများကို MPU သည် စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားဖြေရှင်းနိုင်ခဲ့ပေသည်။

ပထမဦးစွာတွေ့ရသည့် အခက်အခဲကား အရင်းအနှီးကြီးမားခြင်းပေတည်း။
ဤအခက်အခဲကို အဖွဲ့ဝင်ဘဏ်များက အချိုးညီထည့်ဝင်ကြခြင်းဖြင့် ကျော်လွှားခဲ့ကြပါသည်။ အထက်ဌာနကလည်း ခွင့်ပြုပေးခဲ့သည်။ ပထမအကြိမ် ထည့်ဝင်ထားမှုနှင့် မလုံလောက်က ဒုတိယအကြိမ် ထပ်ထည့်ကြသည်။ မလုံလောက်သေးက တတိယအကြိမ်၊ စတုတ္ထအကြိမ် စသည်ဖြင့် ထပ်မံထည့်ဝင်ရန်လည်း နောက်မတွန့်ကြပေ။
ကြီးမားသော နိုင်ငံလုံးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကြီးတစ်ခုဖြစ်သဖြင့် ပထမဦးစွာ ရင်းနှီးမြှုပ်နှံထားရမည်သာဖြစ်ပြီး အကျိုးအမြတ်ရရှိလာသည့်အခါ အဖွဲ့ဝင်ဘဏ်များက အညီအမျှခွဲဝေရရှိကြမည့်ပုံစံဖြစ်ပါသည်။ စုပေါင်းဆောင်ရွက်ပြီး စုပေါင်းခံစားသည့်စနစ်ဖြစ်သဖြင့် ဂုဏ်ယူဖွယ်ရာလည်းဖြစ်ပါသည်။ ဤသည်ကို MPU နှင့် ပတ်သက်၍ လာရောက်လေ့လာစူးစမ်းကြသည့် နိုင်ငံခြားကုမ္ပဏီများ၊ အဖွဲ့အစည်းများကလည်း အံ့သြချီးကျူးကြပြီး အချို့ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပင် ဤကဲ့သို့ National SWITCH ပုံစံဖြင့် မသွားနိုင်ကြောင်း၊ အဖွဲ့အစည်းအသီးသီးက ပုံစံအမျိုးမျိုးဖြင့် ထုတ်ဝေခဲ့ကြသဖြင့် ယခုမှ ပြန်လည်စုစည်းရသည်များလည်း ရှိကြောင်း၊
အမျိုးမျိုး ပြန့်ကျဲကွဲပြားနေပါက စာရင်းရှင်းလင်းမှု ရှုပ်ထွေးခြင်း၊ အုပ်ချုပ်ကွပ်ကဲမှု ခက်ခဲခြင်းတို့ကို တွေ့ရကြောင်း စသည်တို့ကို သိရှိရပေသည်။

ထပ်မံ၍ တွေ့ရှိရသော အခက်အခဲများမှာလည်း များပြားလှပေသည်။
National SWITCH အဖြစ် တည်ထောင်မည့် ရန်ကုန်မြို့ ဗဟိုဘဏ်တွင် ခေတ်မီ Data Center တည်ဆောက်ခြင်း၊ ဗဟိုဘဏ်နှင့် အဖွဲ့ဝင်ဘဏ်များအကြား ဆက်သွယ်မှုကွန်ရက်များ တည်ဆောက်ရခြင်း၊
လိုအပ်သော Hard Ware များ ပြည်ပမှ မှာယူရခြင်း၊ အဖွဲ့ဝင်ဘဏ်များတွင် Own Switch များ တည်ဆောက်ရခြင်း၊ ATM စက်များ၊ POS များ မှာယူရခြင်း၊ Merchant များဖြစ်သော ဟိုတယ်၊ စတိုးဆိုင်၊ ကုမ္ပဏီ၊ စားသောက်ဆိုင် စသည်တို့နှင့် ညှိနှိုင်းရခြင်း စသည် စသည်ဖြင့်
တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်ဆောင်၍ မရနိုင်သော၊ စုပေါင်းအားဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်သော အခက်အခဲများပင်တည်း။ ထိုသို့သော အခက်အခဲများကိုလည်း MPU က ကျော်လွှားခဲ့ပါသည်။

ယခုအခါ ဖွဲ့စည်းသည့်ကာလတစ်နှစ်မပြည့်မီအတွင်း MPU Debit ကတ်များကို စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်ကြားသိရပေသည်။
MPU Debit ကတ်များကို အနည်းဆုံး ၁ဝဝဝဝ ကျပ်မှ အများဆုံး သိန်း ၅ဝ အထိသတ်မှတ်၍ သုံးစွဲမည်ဖြစ်ကြောင်း၊ ATM တွင် ငွေထုတ်ခြင်း၊ POSများ ရှိရာနေရာများတွင် လက်ကျန်ရှိသလောက် သုံးစွဲပေးချေနိုင်ခြင်းတို့ ဆောင်ရွက်နိုင်ပေတော့မည်။
မြန်မာအမျိုးသား အမျိုးသမီးများ၏ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်များအတွင်း ပိုက်ဆံအစား သေသပ်လှပသော ကတ်ပြားလေးများ နေရာယူလာတော့မည်ဖြစ်ပေသည်။ ဖြစ်သင့်သည်မှာ ကြာပြီဟုတော့ တွေးစရာရှိပါသည်။ သို့ရာတွင်ယခုလည်း နောက်မကျသေးပါ။ တစ်ခါတစ်ရံတွင် နောက်ကျမှ လိုက်ရသူက ရှေ့လူထက် ပိုမိုသာလွန်အောင်၊ ပိုမိုစနစ်ကျအောင် လုပ်ဆောင်သွားနိုင်သည်များလည်း ရှိတတ်ပါသည်။ မြန်မာစကားပုံအတိုင်း အကြံတူနောက်လူသာစမြဲမဟုတ်ပါလား။

MPU သည် ၂ဝ၁၂ ဇူလိုင်လအတွင်ွးှနျအ ကတ်များဖြင့် စတင်စမ်းသပ်ဆောင်ရွက်၍ စမ်းသပ်မှုများ ချောမွေ့ပြည့်စုံသည့်အခါ အမှန်အသုံးပြုမည့် ကတ်များဖြင့် ခွင့်ပြုဆောင်ရွက်သွားမည်ဟု သိရသည်။
စမ်းသပ်ကာလကိုလည်း ရက်သတ္တခြောက်ပတ်မျှသာ အချိန်ယူထားကြောင်း ကြားသိရပါသည်။ ကတ်သုံးစွဲလိုသူတို့အနေဖြင့် သက်ဆိုင်ရာဘဏ်များတွင် ဆက်သွယ်၍ ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်။ နှစ်သက်ရာဘဏ်မှ ကတ်ကို သုံးစွဲနိုင်ပေသည်။

ထို့ပြင် ဘဏ်မဟုတ်သော အဖွဲ့အစည်းများကလည်း ကတ်များထုတ်ဝေ၍သုံးစွဲနေကြခြင်းများလည်းရှိပေရာ ယင်းလုပ်ငန်းများသည်လည်း အမျိုးမျိုးသောငွေပေးချေမှုစနစ်များသာ ဖြစ်သဖြင့် MPU တွင် စနစ်တကျ မှတ်ပုံတင်စေပြီးမှသာ သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်ခွင့်ပြုသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရှိရပါသည်။

MPU သည် MPU ကတ်များကို မကြာမီ ပြည်သူ့ရှေ့မှောက်သို့ ရောက်ရှိလာအောင် ကြိုးပမ်းနေပါသည်။ MPU သည် နိုင်ငံတော်အတွင်း ငွေသားမကိုင်တွယ်ရသော ခေတ်မီပေးချေမှုစနစ်များ ဖွံ့ဖြိုးလာအောင် ဖော်ဆောင်နေပါသည်။ လက်တွေ့သုံးစွဲရာတွင် တွေ့ရှိရမည့် အခက်အခဲများအတွက်ကိုလည်း ပြည်သူလူထု ထံမှ အကြံဥာဏ်များရယူ၍ ဖြေရှင်းဆောင်ရွက်သွားနိုင်ရန် အသင့်ပြင်ဆင်ထားရှိပါသည်။

သို့ဖြစ်၍ မကြာမီ ပြည်သူ့ရှေ့မှောက်အရောက်လာတော့မည့် MPU ကတ်များဟု ဆိုပါရစေလား။ ။

ကင်ဆာရောဂါနှင့် သင်္ဘောရွက်


ကင်ဆာရောဂါနှင့် သင်္ဘောရွက် ........(ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)

လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။

ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။

သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။

ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။

ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။

စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။

အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။

သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။

R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။

ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။

အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။
ဒေါက်တာခင်ရွှေ
(တိရစ္ဆာန်ဆေးကုဆရာဝန်)
Related Posts Plugin for WordPress, Blogger...