ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 18 May 2014

Hardware လေ့ လာ သူအတွက် အခြေခံ

ခုမှ Hardware လေ့ လာ သူအတွက် အခြေခံ ကိုအကြမ်း ရေး ထားတာ ဖြစ်လို့ မပြည့်စုံပါဘူး ...
အမှား ပါ ရင် ဆရာ တွေ ပြင်ပေး ကြပါ ခင်ဗျာ ...
မိုဘိုင်းဖုန်း တွင် ပြစ်ချက် ၃မျိုး ရှိပါတယ် :
1. Hardware ပြစ်ချက်
2. Software ပြစ်ချက်
3. Settings ပြစ်ချက်
1. Hardware ပြစ်ချက် ကို hardware ဖြင့် သာ ပြုပြင် နိုင်မည် ။ဥပမာ -ပစ္စည်းလဲ ခြင်း၊ လမ်းကြောင်းလိုက်ခြင်း ၊ic လဲ, ခြင်း ,စသဖြင့်
2. Software ပြစ်ချက် က OS (Operating System) ပျက် ရင် ဖြစ် နိုင်ပါတယ် ။ ဒီပြစ် ချက်ကို တော့ Firmware ပြန်တင် ခြင်း ဖြင့်ကောင်း နိုင်ပါတယ် ။ Box ဖြင့် ရေးခြင်း က ကောင်း နိုင်ခြေ ပို မို ရှိပါတယ် ။
3. Settings ရဲ့ ပြစ် ချက် ဆို တာက တော့ settings ကို မှား ချိန် မိလို့ ဖြစ်ပါတယ် ။ပထမ ဆုံး တစ်ခု ခြင်း စီ လိုက်ပြင် ကြည့်ပါ ။ အဲ့လို ချိန် လို့ မှ မရသေးရင် settings ထဲ က Factory reset ကို ချပေး လိုက်ပါ။
ဖုန်းတစ်လုံး စကိုင် မယ် ဆိုရင် % ခွဲ ကြည့် လိုက် ပါ ။ဘယ်အပိုင်း က ဖြစ် နိုင် မလဲ ဆိုတာ ကို ။ ဥပမာ - ရုပ်မထွက် ဘူး (display မလာဘူး) ဆိုရင် 90% Hardware လို့ သတ်မှတ် ပါတယ်။ကျန် 10% ကတော့ software အတွက်ဖြစ်နိုင်ခြေပါ ။
ကျန်တာတွေ လဲ အဲ့ လို ခွဲ ခြား ပြီး % များ ရင် များသလို software ပိုင်းအရင် ကိုင်ရတာ လဲ ရှိပါတယ် ။
မိုဘိုင်းဖုန်း မှာ အဖြစ် များ သော ပြစ်ချက် များ :
1. Mobile Phone Dead
2. Insert Sim Card Problem
3. Hanging Problem
4. Network Problem
5. Mic Problem
6. Ringer Problem
7. Ear Speaker Problem
8. Vibrator Problem
9. Display Problem
10. Mobile Restart/ Switch Off Automatically Problem
11. Call Cut Off Problem
12. Charging Problem
13. Keypad Problem
14. Sim Lock/ Mobile Lock Mobile
15. Contact Service/ Contact Retailer/ Contact Manufacturer
16. Battery Discharge Problem
17. Gallery Not Opening Problem
18. Camera Problem
19. FM Radio
20. LED Problem
21. Memory Card Problem
22. Bluetooth Problem
1. ပါဝါ မလာတဲ့ ဖုန်း ကို ပြု ပြင်ခြင်း
ဖုန်း ရဲ့ ပါဝါ ဖွင့်တဲ့ ခလုပ် နိုပ်တဲ့ အခါ ပါဝါ တက် မလာ တဲ့ ဖုန်း ကို ဆိုလိုပါတယ် ။
ဖြစ်နိုင်စရာ အကြောင်း အများ ကြီး ရှိပါတယ် ....
1. ရေ၀င် ခြင်း
2. ပြုတ်ကျ ခြင်း
3. အချိန် ကြာမြင့် စွာ အသုံးမပြု ဘဲ ထားခြင်း
4. အကြောင့် အရင်း တစ်စုံတစ်ရာ
အသုံးပြု သူ ကို မေး ပါ ။ ရေ၀င် လား သို့ ပြုတ်ကျ လား ။
ပြီး ရင် Power supply နဲ့ ဖွင့် ကြည့် ပါ ။ပါဝါ အဆုံးထိ တက်တယ် ဆို လျှင်
(1)ဓာတ်ခဲ ကိုအရင် စစ်ပါ ။ အနည်းဆုံး 3.7 ဗို့ရှိ ရပါမယ် ။
(2) ဖုန်း ရဲ့ ဓာတ်ခဲ အထိုင် ငုတ် ကို စစ်ပါ ။
တကယ် လို့ Power supply နဲ့ မတက် ဘူး ဆိုရင် ပါဝါ ဖွင့် ပါ က အန်ပီယာ ဘယ်လောက် တက်လဲ ကြည့် ရပါမယ် ။(မှတ်ချက် - အချို့ ဖုန်း PS နဲ့ မပွင့် ပါ)
၁။ အန်ပီယာ လုံးဝ မတက်ပါ က ပါဝါ ခလုပ် နှင့် ဖုန်း ရဲ့ ဓာတ်ခဲ အထိုင် ငုတ် ကို စစ်ရပါမယ် ။
၂။ ပါဝါ မဖွင့် ခင် အန်ပီယာ တက်နေ ပါ က ic တွေ ကို စစ် ဆေး ရပါမယ် ။ရေ၀င် နေ ရင် ဖြစ် တက်ပါတယ် ။
၃။ ပါဝါ ဖွင့် တဲ့ ချိန် တက်ပြီး ပြန်ကျ သွား ရင် ic မှုတ်ထား ပြီး သား ဖြစ် နိုင်ပါတယ် ။
၎။ ချိတ် လိုက်တာ နဲ့ အသံ မည် နေ ရင် ရှော့ ကျ နေတာ ပါ ။ ရှော့ ကျ နေ ရင် Power supply မှဗို့ ကို 0 ထိ ချ ပြီး ဖြည်းဖြည်း ခြင်း တင် ပါ ။ အန်ပီယာ တက် လာပါမယ် များ သွား ရင် အသံ ပြန် မည်လာပါမယ် ။မမြည် အောင် ထားပြီး ပူလာ တဲ့ ic ဘေးနား ကို ရှော့ ကျမကျ စစ်ပါ ။အကုန်ကောင်း နေရင် ic လဲကြည့်ပါ။ capacitors နဲ့ diode က ရှော့ ကျနေ ရင် တော့ 0.8လောက် ရောက်ရင် အသံမည်တက်ပါတယ်။
ရေ၀င် လို့ ရှော့ ကျနေ မယ် ဆိုရင် circuitကို ပေါင်း စက် နဲ့ ပေါင်း လိုက်ပါ (display, camera, အစ ရှိတာတွေ စက်နဲ့ မပေါင်း ခင် အရင်ဖြုတ်ရပါမယ် )
circuit ကို သွားတိုက်တံ နှင့် ဆေးပြီး hair dryer နဲ့ အခြောက်ခံ ပါ။ တကယ် လို့ ပေါင်းပြီး တာတောင် ရှော့ ဖြစ်သေးရင် ic,capaicitor,diode သို့မဟုတ် circuit မှာ ရှော့ ရှိနေပါပြီ ။တကယ်လို့ ic မှာ ရှော့ ရှိမရှိ သိချင် ရင် Battery ကိုတက်ပါ
(Pw Supply နဲ့ လဲရပါတယ် ) ၁မိနစ် လောက် တက်ထားပါ ပြီးရင် ပူနေတဲ့ IC ကို ရှာ ပါ ။တွေ့ ပြီဆိုရင် အပူပေးပါ၊ တုန် ကြည့် ပါ ၊ မရရင် လဲ လိုက်ပါ. circuit မှာ ရှော့ ကျနေ ရင်တော့ ပေါင်းစက် ဖြင့် ပေါင်းရုံ နဲ့ ကောင်း နိုင်ပါတယ် ။
Note - circuit က သုံး လွာ ရှိပါတယ် ။အလယ် အလွှာ မှာ ဖြစ်ရင် တော့ မရ နိုင်ပါဘူး ။
Note -အားသွင်း ကြိုး တက်ကြည့် ပါ ။တကယ် လို့ display မှာ အားသွင်း နေတဲ့ ပုံ ပြနေရင် ပါဝါ ခလုပ် သို့ မဟုတ် software ပြသနာ ပါပဲ ။
Software ရေးကြည့်ပါ ။.
2. SIM ကဒ် ပြသနာ ဖြေရှင်းခြင်း
SIM ကဒ် ထည့် ပြီး သော် လည်း ‘Insert sim card’ or 'insert uim card' or 'offline mode' ဖြစ် နေရင် sim card ပြစ်ချက် ဖြစ်ပါတယ် ။
ပြုပြင် ရန်:
(1) Sim Card အထိုင် ကို တိုင်းကြည့် ပါ ။
(2) Sim Card အထိုင် ကို ဆေးကြည့် ပါ ။
(3) ခဲ Gun နဲ့ အထိုင် တွေ ကို သေချာ ပြန် တို့ ပါ ။
(4) sim card ကို လဲ စစ်ကြည့် ပါ ။တခြား ကဒ်ထည့်စမ်းပါ ။
(5) Sim IC ကို လေမှုတ် Gun နဲ့ အပူ ပေးကြည့် ပါ ။
(6) sim IC ကို လဲကြည့် ပါ ။
(7) လမ်းကြောင်း ကျော် ကြည့် ပါ ။
(8) တကယ် လို့ Power IC or UEM IC က ဖြစ်ခဲ့ တယ်ဆို အပူပေး/တုန်/လဲ ကြည့်ပါ ။
3။ ဟန်း တဲ့ ပြသနာ ဖြေရှင်း ခြင်း
အများ စုတော့ Software ပြသနာ ဖြစ်တာ များပါတယ် ။Hardware ကြောင့် ဆို ရင် တော့ CPU ကြောင့် ဖြစ်နိုင်ပါတယ် ။CPU speed ကျရင်ဖြစ်တက်ပါတယ်။
4။ Network ပြသနာ ရှင်း ခြင်း
၁။ ကဒ် ဖတ် ရဲ့ သားနဲ့ လိုင်း မတက် ခြင်း
၂။ လိုင်းနည်း ခြင်း
၃။ အထွက် ပဲ ရခြင်း
၎။ အ၀င် ပဲ ရခြင်း စသည် ဖြင့် အမျိုးမျိုး ရှိ ပါတယ် ။
၁။ ကဒ် ဖက် လိုင်း မတက် ခြင်း
Software ကြောင့် ဖြစ်တက် သည့် အတွက် အရင် ဆုံး Firmware ပြန်ရေး ကြည့် ပါ ။
*#06# နိုပ် ကြည့် ပါ နံပတ် ၁၅ လုံး ပေါ် မလာ ရင် လဲ လိုင်း မတက်ပါဘူး ။ Baseband ပျောက် ရင် လဲ လိုင်းမတက် နိုင်ပါဘူး ။
နောက်ထက် က Pa or Rf ic ပျက် ရင် လဲ ဖြစ်တက်ပါတယ် ။
၂။ လိုင်းနည်း ခြင်း
Network ကြီး အထိုင် တွေ စစ် ကြည့် ပါ ။လွတ်နေရင် ဖြစ်တက်ပါတယ် ။ မရရင် Network switch ကို ကျော် ကြည့် ပါ ။မရ ရင် Ic တွေ စစ် ကြည့် ရပါမယ် ။
၃။ အထွက် ပဲ ရတာ က တော့ ခေါ် ရင် ဘာ ပြော လဲ ပေါ်မူတည် ပါတယ် ။ မအား ဘူး ဆို ရင် တော့ Black list ကြောင့် ဖြစ် နိုင်ပါတယ် ။ firmware ရေးလိုက် ရင် ကောင်း ပါတယ် ။ စက်ပိတ် ထားတယ် ဆို ရင် တခြား ကဒ် ကို အဲ့ ဖုန်း ထဲ ထည့် ပါ စမ်း ပါ ။
။ အ၀င် ရပြီ ဆို ရင် တော့ ကဒ် ကြောင့် ဖြစ် တာပါ ။ မရရင် တော့ Firmware ရေးကြည့် လိုက်ပါ ။
၎။ အ၀င် ပဲ ရရင် လိုင်းနည်း တာ လား စစ် ကြည့် ပါ ။ တခြား ကဒ် ကို အဲ့ ဖုန်း ထဲ ထည့် ပါ စမ်း ပါ ။
အထွက် ရပြီ ဆို ရင် တော့ ကဒ် ကြောင့် ဖြစ် တာပါ ။ မရရင် တော့ Firmware ရေးကြည့် လိုက်ပါ ။
၅။ Mic ပြသနာ
Mic ရမရ အရင် ဆုံး Recorder နဲ့ စမ်း ကြည့် ပါ ။ ရ ရင် Firmware ရေးလိုက်ပါ ။ မရ ရင် တော့ Hardware ပိုင်းစစ် ကြည့် ပါ ။ အကုန် ဖြုတ်ပြီး ရင် Mic အထိုင် လိုင်းကြောင်း တိုင်း ပါ ။ ရှိ ရင် Mic ကို တိုင်း ကြည့် ပါ လဲ ကြည့် ပါ ။
လမ်းကြောင်း မရှိ ရင် တော့ လမ်း ကြောင်း လိုက် ရပါမယ် ။
၆။ Ring စပီကာ အသံ မထွက် ခြင်း
Ring စပီကာ သံ မထွက် ပါ က အရင် ဆုံး သီချင်း ဖွင့် ကြည့် ပါ ။ရပါက silent mode ဖြစ် နေ ရင် သို့ အသံ တိုး နေရင် ဖြစ်တက်ပါတယ် ။ မရ ပါ က အကုန် ဖြုတ်ပြီး ရင် စပီကာ အထိုင် လိုင်းကြောင်း တိုင်း ပါ ။ ရှိ ရင် စပီကာ ကို တိုင်း ကြည့် ပါ လဲ ကြည့် ပါ ။
လမ်းကြောင်း မရှိ ရင် တော့ လမ်း ကြောင်း လိုက် ရပါမယ် ။ Resistor ၊ Coil နဲ့ capacitor စတာတွေ ကို စစ် ကြည့် ရပါမယ် ။ ရှော့ ကျ နေရင် တော့ Fitter capacitor ကို စစ် ကြည့် ရပါမယ် ။ အကုန် မှန် ရင်တော့ PW ic ကို အပူပေး တုန် ကြည့် လဲကြည့် ရပါမယ် ။
၇.။ နားစပီ ကာ
ဖုန်း ခေါ် စမ်း ကြည့် ပါ ။ ခေါ် နေချိန် မှာ အသံ ချဲ့ ကြည့် ပါ ။တိုးနေ ရင် လဲ လုံးဝ မကြား ရတာ ဖြစ်တက်ပါတယ် ။ မရ ပါ က အကုန် ဖြုတ်ပြီး ရင် စပီကာ အထိုင် လိုင်းကြောင်း တိုင်း ပါ ။ ရှိ ရင် စပီကာ ကို တိုင်း ကြည့် ပါ လဲ ကြည့် ပါ ။
လမ်းကြောင်း မရှိ ရင် တော့ လမ်း ကြောင်း လိုက် ရပါမယ် ။ Resistor ၊ Coil နဲ့ capacitor စတာတွေ ကို စစ် ကြည့် ရပါမယ် ။ အကုန် မှန် ရင်တော့ PW ic ကို အပူပေး တုန် ကြည့် လဲကြည့် ရပါမယ် ။ ရှော့ ကျ နေရင် တော့ Fitter capacitor ကို စစ် ကြည့် ရပါမယ် ။
လက်ညောင်းသွား ပြီ ကျန်တာတွေတော့ ဆရာတွေ ဆက်ရေးပါလိမ့် မယ် ...
ဟီး .......
အကို Soe Myat Thu ၊ အကို Maung Naing ၊ အကို Nay La ၊ အကို Aung Phyoe
ကို Ko Aikon HtutKo Htut နှင့် တခြား ဆရာ များ ....
— with Ko Soe Myat Thu and 2 others.
— with Ko Soe Myat Thu and Nay La.
 
စာရေးသူ
Credit..by...
Ye Yint Aung

12 comments:

  1. ကျေးဇုးအများကြီးတင်ပါတယ်ခင်ဗျာ ဒီpostလေးက
    အရမ်းတန်ဖိုးရှိပါတယ်

    ReplyDelete
  2. တကယ်​ကိုအဖိုးမဖြတ်​နိုင်​ပါဘူး ဒီထက်​အတိုင်းအတာမရှ​အောင်​မြင်​ပါ​စေခင်​ဗျာ

    ReplyDelete
  3. အရမ်းကောင်းပါတယ် မီတာတိုင်းနည်း ပါဝါစပလိုင်းသုံးနည်းတွေကိုပါမျှော်နေပါတယ်ဆရာ

    ReplyDelete
  4. ကျေးဇူးပါ ဒီထက်မက အောင်မြင်ပါ စေ

    ReplyDelete
  5. ဆရာ samsung sch-i909 ကို odin နဲ့ rootလုပ်ရင်းစက်သေနေပါတယ် S/D ထင်တယ် ဆရာ အကြံပေးပါအုန်း
    muse mobile service

    ReplyDelete
  6. ​ကျေးဇူးပါဆရာ

    ReplyDelete
  7. G730-u00 firmware ဘယ်​လိုတင်​မလဲ ဆရာ sd card နဲလဲမရဘူ.
    LG ms769 security erroronly ဘယ်​လိုလုပ်​မလဲ ဆရာ ကူညီပါအုံး

    ReplyDelete
  8. IC အထိုင်​​လေး​တွေ​လောင်း​နေ​တော့ ဘယ်​လိုလုပ်​ရမလဲ ခင်​များ...ညီ​လေး ဆိုင်​သွား​တော့လဲ ပြင်​လို့မရ​တော့ဘူး..​ပြောပါတယ်​.ကူညီပါအုံး..အကို..

    ReplyDelete

Related Posts Plugin for WordPress, Blogger...