ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Friday 23 May 2014

ရွှေရောင် lenovo Warrior s8 အချက်အလက်များထွက်ပေါ်လာ




Aung Ko Htet (Myanmar IT Knowledge)

ရွှေရောင် lenovo Warrior S8 ရဲ့ အချက်အလက်သေးစိတ် နဲ့ ဈေးနှုန်းခန့်မှန်းချက် အွန်လိုင်းပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

Screen Display မျက်နှာပြင်အကျယ်က 5.3 လက်မ LTPS display ဖြစ်ပြီး screen resolution က 1280 × 720 pixels အသုံးပြုထားကာ Touch screen ရဲ့ မှန်သားကတော့ Gorilla Glass ဖြစ်ပါတယ်။ Chipset အမျိုးအစားကတော့ Quad-Core အမျိုးအစားဖြစ်ပြီး CPU speed ကတော့ 1.4 GHz ဖြစ်ပါတယ်။ RAM ကိုတော့ 2 GB အသုံးပြုထားပြီး အပြင်ဘက် ကင်မရာ (rear camera )  ကတော့ 13 megapixel နှင့် LED Flash ပါပါဝင်ပါတယ်။ င်္(Font camera) အတွင်းဘက် ကင်မရာကိုတော့ 5 megapixel အသုံးပြုထားပါတယ်။ Internal memory ကတော့ 16 GB ဖြစ်ပြီး micro SD card လည်း ထည့်သွင်းအသုံးပြုနိုင်ပါသေးတယ်။

ဆက်သွယ်မှုကွန်ယက်တွေအနေနဲ့ကတော့ Wifi 8.2.11 b/g/n network တွေထိ သုံးဆွဲနိုင်ပြီး Bluetooth အပြင် 3G စနစ်ကို ထောက်ပံ့ပေးထားပါတယ်။ Smart phone ရဲ့ အတိုင်းတာက 146 × 76.7 × 7.9 mm ရှိပြီး အလေးချိန်ကတော့ 146 grams ရှိပါတယ်။

ဒါပေဲ့ Lenovo Warrior S8 ရဲ့ လူစိတ်ဝင်စားမှုနည်းစေတဲ့အချက်ကတော့ android OS 4.2 Jelly Bean ကိုသာအသုံးပြုထားပြီး နောက်ထပ် version ထပ်မြှင့်အသုံးမပြုနိုင်သေးခြင်း နဲ့ 2.000mAh battery ကို အသုံးပြုထားပြီး battery ကြာရှည်ခံနိုင်အားနည်းပါးခြင်းတို့က Lenovo Warrior S8 ရဲ့ အဓိက အားနည်းချက်တွေပဲဖြစ်ပါတယ်။

Lenovo Warrior s8 ရွှေရောင်ရဲ့ ဈေးနှုန်းကတော့ $200 ၀န်းကျင်နဲ့ ဈေးကွက်အတွင်းကို ၀င်ရောက်လာနိုင်တယ်လို့ ခန့်မှန်းဈေးနှုန်းတွေထွက်ပေါ်လာခဲ့ပါတယ်။

Ref: Arena

translate by  Aung Ko Htet (Myanmar IT Knowledge)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...