ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 14 May 2014

Windows Xp, 7, Vista (Double Your Internet Speed For PC) (command Prompt)

komandnaya_stroka_1600
Double Your Internet Speed (For PC) (command Prompt)
ကျန်ုပ်တို့၏ ချစ်လှစွာသော မြန်မာနိုင်ငံမှ ညီအကိုမောင်နှမ များအတွက် PC ဖြင့် အင်တာနက် လိုင်းကို လျှင်မြန်စွာ အသုံးပြုနိုင်စေရန် မိမိ PC အား ပြုပြင်နည်းလေး တင်ဆက်ပေးလိုက်ပါတယ် … မြန်မာနိုင်ငံမှ မဟုတ်ပဲ မိမိ ရှောက်ရှီနေသော နိုင်ငံများတွင်လည်း ထိုနည်းတူ လှုပ်ရှားလို့ရပါတယ် … :P :P :P
၁။ မိမိ တို့ အင်တာနက်အသုံးပြုမည့် PC ကိုဖွင့်ပါ။ ပြီးရင် PC ၏ Keyboard မှ windows + R ကိုတွဲနှိပ်ပါ။ Run box လေးကြလာပါလိမ့်မည်။ Run box တွင် cmd ရိုက်ပြီး Ok နှိပ်လိုက်ပါ။ command Prompt လေးကို မြင်တွေ့ရပါလိမ့်မည်။
၂။ ထို command Prompt တွင် cd/ ဆိုတာလေးရိုက်ပြီး Enter ခေါက်လိုက်ပါ။
1
၃။ ပုံတွင် မြင်တွေ့ရသည့်အတိုင်း C:\> ဆိုတာလေး မြင်တွေ့ရရင် netsh int tcp show global ဆိုတာလေးကို ရိုက်ထည့်ပြီး Keyboard မှာ Enter ခေါက်ပေးလိုက်ပါ။
2
၎။ ထို့နောက်တွင် netsh int tcp set global chimnet=enabled လို့ရိုက်ပြီး Enter ထပ်မံခေါက်ပေးပါ။
3
၅။ Ok ဆိုသည်စာလုံးကို တွေ့ရှီပါက netsh int tcp set global autotuninglevel=normal လို့ရိုက်ပြီး ထပ်မံ Enter ခေါက်ပါခဗျာ …
4
၆။ Ok ဟုထပ်မံမြင်တွေ့ရပါက netsh int tcp set global congestionprovider=ctcp ကိုပြီး Enter ခေါက်ပါ။
5
၇။ Ok ဟုမြင်တွင့်ရပြန်ပါက netsh int tcp show global ဟူရိုက်ခြင်းဖြင့် မိမိ ပြင်ဆင်ခဲ့သည့် settings များ ပြန်လည်ကြည့်ရှုနိုင်ပါပြီ။
6
၈။ မိမိလုပ်ဆောင်ချက်များပြီးဆုံးပြီ ဖြစ်ပါ၍ command Prompt တွင် exit ဟုရိုက်၍ command Prompt windows ကိုပိတ်စေပါ။
ထိုသို့လုပ်ဆောင်ချက်များသည် Internet speed မြန်စေခြင်းကို အထောက်အကူပြုစေပါသည်။ လုပ်ဆောင်ချက်များပြီးဆုံးပါက မိမိ PC ကို restart ချလိုက်ပြီး PC ပြန်တက်လာပါက အင်တာနက် ကော်နက်ရှင်ကို ပြန်လည်စမ်းသပ်ရန်သာ ရှီပါတော့သည်။
Sharing – Thaw Tar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...