ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Saturday 31 May 2014

ခုနစ်လက်မ မျက်နှာပြင် တပ်ဆင်ထားသည့် Samsung Galaxy Mega 7.0 စမတ်ဖုန်း လာမည်




Samsung Galaxy Mega 7.0 (Or Mega 2) ကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် က ခွင့်ပြုလိုက် ပြီဖြစ်သည်။ Galaxy Mega 2 တွင် ခဲတံ အရွယ်အစားရှိသည့် ကြီးမားသော ခုနစ်လက်မအရွယ် မျက်နှာပြင် တပ်ဆင်ထားပါသည်။ Galaxy Mega 2 သည် သူ၏ နောင်တော်ထက် ၀.၇ လက်မ ပိုမိုကြီးမား လာပြီး ထွက်ရှိပြီးသမျှ Android Phone များထဲတွင် အကြီးဆုံး ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါ သည်။

အမေရိကန်ရှိ မည်သည့် Wireless Carrier က အဆိုပါဖုန်းကို ရောင်းချမည် ဆိုသည်ကို မသိရသေးပါ။ Samsung ၏ စမတ်ဖုန်းများကို AT&T မှ ရောင်းချလေ့ရှိသည့်အတွက် Mega 2 ကိုလည်း AT&T မှ ပင်ရောင်းချမည် ဟု Android Central က ခန့်မှန်းပါသည်။ Mega 2 ကို အမေရိကန် သို့မဟုတ် အာရှ တွင် ရောင်းချမည် ဆိုသည့် သတင်းအချက်အလက်ကိုလည်း ကွဲပြားစွာ မသိရသေးပါ။

Mega 2 ကို ရောင်းချမည့် ဈေးနှုန်းကို မသိရသေးသော်လည်း ယခင်မျိုးဆက် ၏ ဈေးနှုန်းမှာ ဒေါ်လာ ၄၉၉ ရှိပါသည်။

Mega 2 ၏ မျက်နှာပြင်အရွယ်အစား အပြင် အခြား Specification များနှင့် ပတ်သက်၍ သတင်း ထွက်ပေါ်ခြင်းမရှိသေးပါ။ Mega 2 သည် ခုနစ်လက်မအရွယ် ရှိသည့်အတွက် တက်ဘလက်အရွယ်ရှိ ပါသည်။ သို့သော် Mega 2 သည် အလွန်ပါးလွှာပြီး ပေါ့ပါးသည့်အတွက် ဖုန်းကဲ့သို့ အသုံးပြုရန် အဆင်ပြေ မည် ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြပါသည်။

Samsung က ဇွန်လ ၁၂ ရက်နေ့တွင် မီဒီယာတွေ့ဆုံပွဲတစ်ခု ကျင်းပရန် ရှိနေပြီး Galaxy Tab S တက်ဘလက်များကို ပြသမည် ဖြစ်သည်။ အဆိုပါပွဲတွင် Mega 2 ကိုလည်း ပွဲထုတ်နိုင်သည် ဟု ကျွမ်းကျင် သူများက ခန့်မှန်းကြပါသည်။

သူရ
Myanmar Digital Life Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...