ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 28 May 2014

♪ တရုတ်ကုမ္ပဏီ Xiaomi ရဲ့ iPad Mini အလား ထင်မှတ်မှားရတဲ့ Mi Pad ♫

ဈေးအချိုဆုံး iPad Mini (Retina) ဟာ ဒေါ်လာ ၄၀၀ ကျသင့်ပါတယ်။ သင့်အနေနဲ့ ဒါကို များတယ်လို့ ယူဆရင်တော့ တရုတ်ကုမ္ပဏီ Xiaomi ထုတ် Mi Pad ကို ဝယ်ယူလိုက်ပါ။ အမှတ်မထင် ကြည့်လိုက်မယ်ဆိုရင် Xiaomi Mi Pad ဟာ အကြီးစား iPhone 5C လို့ ထင်စရာ ရှိပါတယ်။ အနီးကပ် ကြည့်လိုက်ရင်တော့ iPad Mini နဲ့ iPhone 5C တို့ကို ပေါင်းစပ်ထားတဲ့ အတုမဟုတ်တဲ့ ဆင်တူယိုးမှား Tablet တစ်လုံးကို တွေ့ရပါလိမ့်မယ်။
Mi Pad ဟာ အမှန်တကယ်တော့ Android သုံး tablet တစ်လုံးပါ။ ဒါပေမယ့် iPad Mini (Retina) ကဲ့သို့ပင် အထူးကောင်းမွန်ပြီး ကြည်လင်ပြတ်သားတဲ့ 2048 x 1436 ပုံထွက်နှုန်းရှိတဲ့ ၇.၉ လက်မအရွယ် မျက်နှာပြင် တပ်ဆင်ပေးထားသလို ကိုယ်ထည်ဟာလည်း iPhone 5C မှာ အသုံးပြုထားတဲ့ ကုန်ကြမ်းပစ္စည်း များပဲဖြစ်ကာ ထုတ်လုပ်ပုံခြင်းလည်း တူညီတယ်လို့ သိရပါတယ်။ ဒါအပြင် မူရင်း Android ပေါ် ထပ်ဆောင်းထည့်သွင်း ပေးထားတဲ့ MIUI Interface ဟာလည်း iOS 7 ကို မှီငြမ်းထားသယောင် ရှိနေပါတယ်။ ဒါပေမယ့် Mi Pad ဟာ iPhone 5C အား ပုံတူကူးထားခြင်း မဟုတ်ကြောင်း Mi Pad မှာ ဖုန်းတစ်လုံး မဟုတ်ပဲ tablet သာဖြစ်ကြောင်း ငြင်းချက်ထုတ်သွား ခဲ့ပါတယ်။
ဒါပေမယ့် Mi Pad မှာ အများနဲ့မတူ ထူးခြားတဲ့ လက်နက်ပုန်းတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ ကမ္ဘာ့ ပထမဆုံးသော NVIDIA Tegra K1 ပရော်ဆက်ဆာကို ထည့်သွင်းပေးထားခြင်းပဲ ဖြစ်ပါတယ်။ K1 ပရော်ဆက်ဆာဟာ ပြီခဲ့တဲ့ ဂျန်နဝါရီလအတွင်းက ကျင်းပခဲ့တဲ့ CES ပြပွဲကြီးမှာ ပွဲထွက်လာခဲ့ပြီးနောက် ဈေးကွက်တွင်းသို့ Mi Pad နဲ့အတူ ပထမဆုံးအကြိမ် ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
2.2. GHz အားရှိ ဒီ Tegra K1 မှာ ပရော်ဆက်ဆာ ၄ လုံး + ဂရပ်ဖစ် ပရော်ဆက်ဆာ ၁ လုံးတို့ ပါဝင်လို့ အဆင့်မြင့် ဂိမ်းတွေဆော့ရာမှာ အလွန်းကောင်းမွန်တဲ့ ရလဒ်များကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Memory က 2GB ဖြစ်ပြီး သိုမှီးမှုပမာဏ 16GB နဲ့ 64GB ဖြစ်ပါတယ်။ microSD ကဒ် ထည့်သွင်းပြီး သိုမှီးမှုပမာဏကို 128GB ထိလည်း တိုးမြှင့်နိုင်ပါသေးတယ်။
Mi Pad ကို iPhone 5C နှင့် အလားတူ အပြာ၊ အဝါ၊ ပန်းရောင်၊ အဖြူနဲ့ အစိမ်းရောင်များနဲ့ ထုတ်လုပ်ထားပြီး နောက်ကျောပြင် ကင်မရာက 8MP ဖြစ်ကာ ရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။ Wi-Fi b/g/n/ac ကွန်ယက်များနဲ့ Bluetooth 4.0 တို့လည်း ပါဝင်ပြီး ဘက်ထရီကတော့ 6700mAh အား ရှိပါတယ်။ နောက်ကျောပြင် ကင်မရာဟာ Sony နည်းပညာကို အသုံးပြုထားပြီး f/2.0 aperture ပါတဲ့ မှန်ပြောင်းပဲဖြစ်ပြီး 1080p ဗီဒီယိုများကိုလည်း ရိုက်ကူးနိုင်ပါလိမ့်မယ်။
အရွယ်အစားကတော့ 202.1 x 135.4 x 8.5 mm ဖြစ်ပြီး အလေးချိန်က ၃၆၀ ဂရမ် ဖြစ်ပါတယ်။ iPad Mini (Retina) ရဲ့ အရွယ်အစားက 134.7 x 200 x 7.5 mm ဖြစ်ကာ အလေးချိန် ၃၃၁ ဂရမ် ရှိပါတယ်။
Mi Pad ကို လက်ရှိအချိန်မှာ တရုတ်ဈေးကွက်တွင်း၌သာ ဖြန့်ချိထားပြီး ဈေးနှုန်းများမှာ 16GB အတွက် ဒေါ်လာ ၂၄၀ နဲ့ 64GB အတွက် ဒေါ်လာ ၂၇၃ ကျသင့်မှာ ဖြစ်ပါတယ်။ Mi Pad အား မည်သည့်အချိန်၌ နိုင်ငံတကာ ဈေးကွက်တွင်း ဖြန့်ချိသွားမည် ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Credit to ==> http://mmconsumerguide.com/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...