ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 14 May 2014

Aptoide [App ပေါင်းစုံကို App Store စုံမှ ဒေါင်းယူမယ်]


ကျွန်တော် အခု မိတ်ဆက်ပေးမှာ က Store ပေါင်းစုံက Application ပေါင်းစုံကို ဒေါင်းယူနိုင်မှာပါ။ ဒီလိုပဲ တစ်ဖက်မှာ ကိုယ်ပိုင် Store တစ်ခုလည်း လွယ်လင့်တကူ ဖန်တီးနိုင်မှာပါ။ ကျွန်တော် စမ်းသုံးကြည့်တာတော့ တော်တော် အဆင်ပြေတယ်။ ကျွန်တော် တို့ တခါတလေ ကိုယ့် device နဲ့ ကိုယ် သုံးချင်တဲ့ App က အဆင်မပြေတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ အများအားဖြင့်တော့ version ကြောင့်ပေါ့။ ဥပမာ တစ်ခုပြောရရင် – ကျွန်တော် အရင် android version 2.3.6 သုံးပါတယ်။ play store ကနေ skype ဒေါင်းတော့ 2.9.x.x ရပါတယ်။ တကယ်လည်း သုံးကော facing carema အလုပ်မလုပ် ဘူး။

ဒါနဲ့ Description: တွေ လိုက်ဖတ်ကြည့်တော့ version တွေပေါ်မူတည်ပြီး အသုံးတည့်မှု ကွာနေတာ သွားတွေ့တယ်။ ပထမ ကျွန်တော် အဲ့ဒီ လို ကွာမယ်လို့ မထင်ဘူး။ version မြင့်လေ ပိုကောင်းလာမယ်လို့ ယူစတယ်။ တကယ်တော့ ဒီလိုဗျ။ သူ့ version နဲ့ ကိုက်ညီမှ သာလျှင် အကောင်း ဆုံး performence ပေးနိုင်တယ်။ မကိုက်ညီရင်တော့ ပြောနေစရာမလိုဘူး။ အဆင်ပြေရုံပဲ ရှိမယ်။ အကောင်းဆုံးတော့ မဖြစ်နိုင်ပါဘူး။

ဒီပြဿနာက အများစု ကြုံကြပါတယ်။ skype သုံးတဲ့ သူအများစု ပေါ့။ တချို့က သူဖုန်းက ဒါနဲ့ အဆင်မပြေဘူး လို့ပဲ၊ ဇွတ်မှတ်တော့တာပဲ။ အဲ့ဒီ Aptoide ကို သုံးလိုက်တော့၊ store ပေါင်းစုံကနေ various version from various store တွေကို စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်တာ တွေ့ရတယ်။ ပြီးတော့ အားလုံး က free ပဲ။ ပိုက်ပိုက် တပြားမှ အကုန်ကျခံစရာမလိုဘူး။ ကျွန်တော် ကတော့ တော်တော်ကြိုက်တယ်။ လိုချင်တယ် app ကိုသာရှာ မရှိဆိုတာ မရှိသလောက်ပဲ။ တခြား store တွေ ထက် အဆမတန် ဂွတ်တယ်။ မွှန်းတာတော့ တော်တော်လေးများသွားပြီးထင်တယ်။ စမ်းသုံးကြည့်ချင်တယ် ဆိုရင် ဒီနေရာ မှယူတော်မူကြပါခင်ဗျာ။


 Credit : http://maungthet.info

1 comment:

  1. Wow thats extremely wonderful I actually have detected a brand new app gameguardian apk this app is nice and that i have started gazing it.Thanks for the assistance and suggesting the matter i'll travel with it.Keep publication and writing new article.

    ReplyDelete

Related Posts Plugin for WordPress, Blogger...