ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 27 December 2015

ZTE ဖုန်းများကို SD Card ဖြင့် Firmware ရေးသားနည်းစာအုပ်




ZTE ဖုန်းများကို SD Card ဖြင့် Firmware ရေးသားနည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ထိုင်းမှာတော့ လူသုံးများလာတာကိုတွေ့မိတယ်၊ ဟိုတစ်နေ့ကလည်း
ညီအကိုတစ်ယောက်ရဲ့ဖုန်း Firmware ကြွသွားလို့ မတင်တတ်တော့ဖူး
ပြောလာလို့ ဒီပိုစ့်ကိုရေးဖြစ်သွားတာပါ။

ဒီ ZTE ဖုန်းအများစုကို SD Card ဖြင့် Firmware ကိုရေးသားပေးနိုင်ပါတယ်
Huawei ဖုန်းတွေကို SD Card ဖြင့်တင်တဲ့နည်းနဲ့အားလုံးနီးပါတူပါတယ်။


ကျနော်ဒါတွေကိုဘာလို့တင်ပေးနေလဲဆိုတော့ စမတ်ဖုန်းဆိုင်ရာများကို
လေ့လာလိုက်စားနေကြတဲ့ညီအကိုတွေအတွက် တစ်နရာတည်းမှာပြည့်ပြည့်စုံစုံဖြင့်
လေ့လာရအောင်ဆိုပြီး ဘက်စုံတင်ပေးနေခြင်းဖြစ်ပါတယ်။

Flash Firmware with SD Card
=====================
၁။ Firmware ကိုတော့ ZTE Official Web တွင် ဒေါင်းလော့ရယူပါ

Download Here ZTE all models Firmware

၂။ ဒေါင်းလော့ရလာတဲ့ Firmware သည် update.zip ဆိုပြီး နာမည်ဖြစ်နေရပါမည်
တကယ်လို့ အခြားသော နာမည်တွေဖြင့် ဒေါင်းလော့ရလာခဲ့ရင်လည်း
Update.zip ဆိုပြီး Rename လုပ်ပေးလိုက်ပါ။
၃။ အောက်ပါပုံအတိုင်း Update.zip ဖိုင်ကို SD Card သို့ကူးထည့်လိုက်ပါ။


၎။ ဖုန်းကိုပါဝါပိတ်ပြီး Recovery Mode သို့ဝင်ပါ၊ Volume up + Power Key ကို
တွဲနှိပ်ထားပါ အောက်ပါပုံအတိုင်းမြင်ရသည်အထိ Power Key ကိုနှိပ်ထားလိုက်ပါ။


၅။ Vol+Down ကီးကိုနှိပ်ပြီး "apply update from sdcard2" >>
>>"update.zip" ဖိုင်ကိုရွေးချယ်ပါ၊


၆။ Vol+Up ကီးကိုနှိပ်ပြီး Firmware ရေးသားခြင်းကို စတင်လိုက်ပါ။
၇။ Flashing Process တစ်ခုစတင်နေတုန်းခနစောင့်နေလိုက်ပါ

၈။ အားလုံးပြီးသွားရင်တော့ "Reboot System Now" ကိုနှိပ်ပြီး
Reboot ချပေးလိုက်ပါ ပါဝါပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ
Official Firmware ကို ရေးသားခြင်းကိစ္စ အောင်မြင်စွာဖြင့် ပြီးဆုံးပါပြီ။

ZTE ဖုန်းများကို SD Card ဖြင့် Firmware ရေးသားနည်းစာအုပ်

အားလုံးကိုကျေးဇူးတင်ပါတယ်

ပြန်လည်ဖေါ်ပြပါက Credit ပေးပါ

Credit..by
ဇူးနစ်(နည်းပညာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...