ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Saturday 26 December 2015

HUAWEI ဖုန်းတွေကို Official Firmware တင်ပုံတင်နည်း



1. Official Firmware ကို သက်ဆိုင်ရာဆိုဒ်အသီးသီးမှ ဒေါင်းပါ။

2. မိမိရဲ့ SD Card ကို FAT32 နဲ့ FORMAT ရိုက်ထားလိုက်ပါ။ (ဖြစ်နိုင်ရင် Kingston,San Disk, Branded တွေကိုသာရွေးသုံးပါ)

3. ဒေါင်းလို့ရလာတဲ့ "zip" file လေးထဲမှာ "dload" ဆိုပြီး Folder တစ်ခုပါပါလိမ့်မယ်။ အဲ့ဒီ့ Folder ကို စောစောက Format ရိုက်ပြီးသား SD Card ထဲ Copy , Paste လုပ်ပြီးထည့်ပါ။


4. Copy ကူပြီးသွားရင် မိမိရဲ့ ဖုန်းကိုပါဝါ ပိတ်ပေးပါ။ သေချာအောင် Battery ဆွဲဖြုတ်လိုက်ပါ။

5. SD Card ကို ဖုန်းထဲ ထည့် ပါ။

6. POWER+RED BUTTON+VOLUME UP(Red Key ပါတဲ့ဖုန်းတွေအတွက်)
ဒါမှမဟုတ်ရင် Vol Up + Vol Down + Power Button ကိုတွဲနှိပ်ပါ။ Step 1 ဆို ပြီး Firmware စတင်ရေးပါလိမ့်မယ်။

7. Step 1 အဆင့်မှာတော့ အဲ့ဒီ့ "Dload" Folder ထဲက File တွေကို သက်ဆိုင်ရာ သက်ဆိုင်ရာတွေဆီ ဖြည်ချပေးတာပါ။ Step 2 ရောက်သွားရင်တော့ သက်ဆိုင်ရာဖြည်ချထားတဲ့ File တွေကို နေရာတကျလိုက်စီစဉ်ပြီး Firmware ပြန်ရေးတာပါ။ နောက်ဆုံး ရေးပြီးသွားရင်တော့ Restarting ဆိုပြီး Reboot ကျ သွားပါမယ်။

8. Reboot ကျပြီး ပြန်တက်လာရင် နည်းနည်းတော့ ကြာပါတယ်။ ၃မိနစ် ၄မိနစ်လောက် စောင့်ရတတ်ပါတယ်။ ပါဝါပြန်တက်လာပြီး Language တွေဘာတွေရွေးတဲ့နေရာရောက်ရင်တော့ Firmware တင်တာ အောင်မြင်သွားပါပြီ။

Huawei အချို့ ဖုန်း တွေအတွက် Official Firmware ကို "update.zip" ဆိုတဲ့ File နဲ့ ပေး တတ်ပါတယ်။ ဒါဆိုရင်တော့ Vol UP + Power Button ကို ၁၀စက္ကန့်လောက်ဖိထားပြီး Recovery Mode ကိုခေါ် ပြီး "apply update from sdcard" ဆိုတာလေးကို Vol Down လေးနဲ့ရွေးပြီး  Power Button တစ်ချက်နှိပ်ပါ။ အထဲမှာ "update.zip" ဆိုတာလေးကို တွေ့ရင် ရွေးပြီး Power Button နဲ့ တစ်ချက်နှိပ်ပြီး သွင်းလိုက်ပါ။

မှတ်ချက်။         ။ မိမိရဲ့ Personal Data တွေ အကုန်ကူးထားပေးပါ။ အကုန်ပျက်ပါတယ်။ တစ်ခုခုမှား လုပ်မိရင် ဖုန်းပျက်တဲ့အထိဖြစ်တတ်ပါတယ်။

 အဆင်ပြေကြပါစေ။  

Credit http://sony-samsung.blogspot.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...