ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Monday 31 March 2014

iPhone 5S ရဲ့ Touch ID Fingerprint Sensor ကို အသုံးပြုနည်း ငါး နည်း


iPhone 5S မှာ ပါတဲ့ Touch ID ဟာ သင့် iPhone ကို Unlock လုပ်ဖို့အတွက် အရင် အသုံးပြုနေကျ 4-digit PIN code တွေကိုအသုံးပြုစရာမလိုဘဲ သင့် လက်ချောင်း ကိုအသုံးပြုပြီးလွယ်ကူစွာ Unlock လုပ်ဖို့ပြုလုပ်ပေးထားပါတယ်။ iTunes , App Store တွေကနေ ပစ္စည်းတွေဝယ်ယူတဲ့အခါမှာလည်း Touch ID ကိုသုံးနိုင်တဲ့အတွက် အဆင်ပြေစေပါတယ်။ PIN Code တွေကိုအသုံးပြုနေကျသူတွေဆိုရင်တော့ Touch ID ဟာ ပိုမိုလွယ်ကူအဆင်ပြေလို့သင်သဘောကျမှာသေချာပါတယ်။ ဖုန်းကို Lock လုပ်မထားတတ်တဲ့သူတွေအတွက်လည်းTouchID ကအသုံးပြုချင်စရာကောင်းအောင်စွဲဆောင်နိုင်ပါတယ်။

Touch ID ကို Setup လုပ်ရတာလွယ်ကူလှပါတယ်။ Settings>General>Touch ID & Passcode>Touch ID ကိုသွားပြီးညွှန်ကြားချက်တွေအတိုင်းပြုလုပ်ပါ။ Touch ID ကို အသုံးပြုရတာလွယ်ကူပေမယ့် ပိုမိုကောင်းမွန်စွာအသုံးပြုဖို့နည်းလမ်းတွေရှိပါတယ်။

လက်ချောင်းတွေကို နှစ်သက်တဲ့ အနေအထားနဲ့ Scan လုပ်နိုင်ပါတယ်။

သင့်လက်ချောင်းတွေကို Touch ID မှာ မှတ်ပုံတင်ဖို့ပြုလုပ်တဲ့အခါမှာ ပဲဖြစ်ဖြစ် ၊ Touch ID ကို အသုံးပြုပြီး Unlock လုပ်တဲ့ အခါမှာပဲဖြစ်ဖြစ် ပုံမှန်အနေအထားအတိုင်းပြုလုပ်စရာမလိုဘဲ နှစ်သက်ရာ အနေအထားနဲ့ ပြုလုပ်နိုင်ပါတယ်။ Touch ID က 360 ဒီဂရီ အနေအထားကို ဖတ်နိုင်ပါတယ်။

အများဆုံးလက်ချောင်းငါးချောင်း အထိ မှတ်ပုံတင်နိုင်ပေမယ့် အနည်းငယ်ပဲ မှတ်ပုံတင်ပါ။

Touch ID မှာ အများဆုံး လက်ချောင်းငါးချောင်းအထိ မှတ်ပုံတင်ထားလို့ရပါတယ်။ ဒါပေမယ့် လက်ချောင်းများများ  မှတ်ပုံတင် ထားလေလေ Scan လုပ်တဲ့အချိန် ကြာမြင့်လေလေဖြစ်ပါတယ်။ Touch ID ကမှတ်ပုံတင်ထားတဲ့ လက်ချောင်းတွေအများကြီးနဲ့လိုက်တိုက်စစ်နေရလို့ဖြစ်ပါတယ်။အဲဒီအတွက် လက်ချောင်း အနည်းငယ်သာမှတ်ပုံတင်ထားသင့်ပါတယ်။

လက်ချောင်းတွေကို ခွဲခြားပါ။

လက်ချောင်းတွေ တစ်ခုထက်ပို မှတ်ပုံတင်ထား မိပြီးဘယ်လက်ချောင်းက ဘယ် Fingerprint ဆိုတာ မသိတော့ဘူးဆိုရင် Touch ID Settings ထဲသွားပြီး လက်ချောင်းကို Scan လုပ်ပါ။ဒါဆိုရင် သက်ဆိုင်ရာ Fingerprint ကို ပြပေးပါမယ်။

ငါး ကြိမ် အထိကြိုးစားပါ။

Touch ID ကိုအသုံးပြုပြီးသင့်ဖုန်းကို Unlock လုပ်ဖို့ကြိုးစားတဲ့ အခါမှာ  သုံးကြိမ်အထိ အဆင်မပြေသေးရင် PIN Code ထည့်ဖို့ပြောပါလိမ့်မယ်။ Touch ID ကိုအသုံးပြုဖို့ ခွင့်ပြုထားတဲ့ အကြိမ်အရေအတွက် ဟာ ငါး ကြိမ် ဖြစ်တဲ့အတွက် သင်ကြိုးစားဖို့ နှစ်ကြိမ် ကျန်ပါသေးတယ်။

Home Button တစ်ခုလုံးကို ခြုံငုံပြီး အသုံးပြုပါ။

Touch ID ဟာ သင့်လက်ချောင်းတွေကို ကောင်းမွန်စွာ Scan လုပ်နိုင်ပါတယ်။ဒါပေမယ့် တစ်ခါတစ်လေ မှာ အဆင်မပြေတာတွေလည်းဖြစ်တတ်ပါတယ်။အဲဒီလိုအခြေအနမှာ သင့် လက်ချောင်း ကို Home Button တစ်ခုလုံးအပေါ်မှာခြုံငုံ ပြီး အသုံးပြုပါ။

iPhone 5S အသုံးပြုနေတဲ့သူတွေ ဆိုရင်လည်း အတွေ့အကြုံကိုမျှဝေခဲ့ပါအုံး။
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
ref:MMICT

Fast Pro for Facebook v2.4 ( for Android )




Fast Pro for Facebook update လေးထွက်လာပါပီခင်ဗျာ. . အောက်မှာဒေါင်းယူ နိုင်ပါပီ..


DOWNLOAD
LINK (2) 

www.mmitsky.com

အသံအရည်သွေးကောင်းကောင်းနဲ့အသံဖမ်းချင်ရင် All That Recorder Apk 2.4.5 Download

ဒါလေးကတော့ Android ဖုန်းအတွက် အသံဖမ်းဖို့အတွက်ပါ

အသံဖမ်းဖို့အတွက် ဆိုပေမယ့် ဖုန်းပြောတာကိုဖမ်းဖို့အတွက်မဟုတ်ပါဘူး

အပြင်ကနေပြောတဲ့အသံတွေကိုဖမ်းယူဖို့အတွက်ပါ။ဥပမာ အားဖြင့် သီချင်းဖွင့်ထားပြီး

အဲ့ဒီ အသံကို ပြန်ဖမ်းလို့ရမယ်။တိုးတိုးတိတ်တိတ် ၂ကိုယ်ကြားပြောစကားတွေကိုအသံဖမ်းလို့ရပါတယ်

Google Play မှာတော့ 13.49 $ တောင်ပေးရပါတယ်။အထွေအထူး အသံဖမ်းစရာရှိရင်တော့အောက်မှာ

ဝင်ဒေါင်းသွားလိုက်ပါ။ဖိုင်ဆိုဒ်ကတော့ 1.4 MB ပဲရှိပါတယ်

DOWNLOAD

ကိုလတ်(ကျွဲဆင်း)

မိမိတို့ဖုန်းကို နေရောင်ခြည်နဲ့အားသွင်းမယ်Solar Charger Faster Apk


Android ဖုန်းကိုင်ဆောင်ကျတဲ့သူငယ်ချင်ဒများအတွက် နေရောင်ခြည်နဲ့ ဖုန်း Battery သွင်းလို့
ရမဲ့ Solar Charger Faster Apk လေးတင်ပေးလိုက်ပါတယ်။
Play Store မှာတော့ လူကြိုက်များပြီး နာမည်ရတဲ့ Apk လေးတစ်ခုဖြစ်ပါတယ်။
လမ်းသွားလမ်းလာ Battery ကုန်မှာမကြောက်ရတော့ဘူးပေါ့ဗျာ။
Android Version 2.2 အထက်မှာအသုံးပြုနိုင်ပါတယ်။
အဆင်မပြေရင်ပြောခဲ့ပါခင်ဗျာ။
Download Here
*****
Credit..by
အားလုံးပဲအဆင်ပြေနိုင်ပါစေ

www.winhlaing.org

Android ဖုန်းထဲမှာ ဒီဆော့ဝဲလေးထည့်ပြီး ဥာဏ်စမ်း အသိအပညာတိုးမယ့် Game




"မြန်မာဘာသာစကားနဲ့ မေးခွန်းပေါင်း ၁၀၀၀ ကျော်ပါဝင်တဲ့ဂိမ်း!
သင့်ရဲ့ ဗဟုသုတတွေကို စမ်းသပ်ရင်း မှန်/မှား မေးခွန်းတွေပါဝင်တဲ့ အခန်းတွေအားလုံး ဖြတ်ကျော်အနိုင်ယူရင်း အဆင့်တံဆိပ်တွေကို
သင်ဆော့သလောက်ရယူလိုက်ပါ။ ဂိမ်းဆော့ရင်း အသိပညာတွေ
ဗဟုသုတ တွေ တိုးလားမယ့် apk လေးပါ မဖြေတတ်တာတွေလည်း
အများကြီးပါပါတယ်။ အောက်ကလင့်မှာ ဒေါင်းလုပ်ယူဆော့ကြည့်ပါ
Credit.. by  မောင်(စွယ်စုံကျမ်း)
Download - Truefalse.apk.apk

Android ဖုန်းမျာအတွက် မြန်မာဘာသာနဲ့ မြန်အငွေအသက်ပါတဲ့ Game


"သင့်လက်ချောင်းလေးတွေလှုပ်ရှားမှု ဘယ်လောက်မြန်ပါသလဲ?
သင်ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မလဲ?
ဖိုးဝရုပ်လေးနေရာက ကစားရင်း ဘီလူးတွေကို ရှောင်တိမ်းပြီး ရှင်သန်နိုင်အောင်ကြိုးစားကြမယ်လေ။
ဘယ်တော့မှထပ်မသွားတဲ့ ပုံစံနဲ့ ကစားရမှာမို့ ဒီလောက်စွဲမက်စရာကောင်းတဲ့ဂိမ်းကို သင်ဘယ်တော့မှပျင်းမှာမဟုတ်ပါဘူး!
သင်တစ်ယောက်ထဲပဲ ကစားကစား သင့်သူငယ်ချင်းတွေနဲ့ပဲ ဆော့ဆော့ အမြင့်ဆုံးအမှတ်ကိုတော့ရအောင်ကြိုးစားပါ။
ထူးခြားချက်များ :
-မြန်မာဘာသာစကားဖြင့်သာထုတ်လုပ်ထားခြင်း
-မြန်မာ့အငွေ့အသက်တွေပြည့်နှက်နေတဲ့ ပုံရိပ်တွေ
-မည်သူမဆိုဆော့ကစားနိုင်အောင် လွယ်ကူစွာပြုလုပ်ပေးထားခြင်း
-ဘယ်တော့မှမထပ်တဲ့ ဂိမ်းကစားနည်းမို့ မဆုံးနိုင်သော ပျော်ရွှင်မှုကိုခံစားနိုင်ခြင်း
-အမှတ်တွေကို ကျွန်ုပ်တို့သိရှိနိုင်တဲ့အတွက် ဖြစ်နိုင်သမျှအမြင့်ဆုံးအမှတ်ကိုရယူလိုက်ပါ"

စမ်းသပ်ဆော့ကစားလိုလျှင် အောက်ကလင့်မှာ ဒေါင်းလုပ်ယူပါ
Credit..by မောင်(စွယ်စုံကျမ်း)
Download -  OHMyGOd.apk.apk

အလုပ်မအား အလုပ်များပီး ဖုန်းအလာများသူအတွက် ဖုန်းလာရင် Auto Answer လုပ်တဲ့နည်း



 အလုပ်များသူ ဖုန်းခဏခဏလာလို့  ခဏခဏ ပွတ်နေရသူများ

အောက်ကလင့်မှာ ဒေါင်းပြီး ဖုန်းထဲ ထည့်ထားလိုက်ပါ
Credit..by  မောင်(စွယ်စုံကျမ်း)

Download - ProXimity-Talk-.apk.apk

အရောင်နှင့် ဒီဇိုင်း ၈မျိုး ပြောင်းသုံးလို့ ရတဲ့ Sulfur Myanmar Keyboard နဲ့  တခြားကီးဘုတ် ၃မျိုး



Download - Sulfur_s_Keyboard_www.zwmnna.com_.apk

==========================================



Download - FrozenKeyboar.www.zwmnna.com.apk

===================================
 

Download - မောင်(စွယ်စုံကျမ်း)Bagan keyboard Pro211-crack.apk

====================================

 
Credit  .by  မောင်(စွယ်စုံကျမ်း)
Download - မောင်(စွယ်စုံကျမ်း)Tai-Keyboard.apk

Root လုပ်ထားတဲ့ဖုန်းတွေကို မလိုချင်တော့လို့  Root ပြန်ဖြုတ်နည်း ( Un-Root ) ပြုလုပ်နည်း


Root ကိုဖြုတ်ပစ်မယ်ကိုနှိပ်လိုက်ပါ
ဒီလိုပေါ်ရင်ခဏစောင့်ပါ
ဒီလိုပေါ်လာရင် ပြီးပါပြီ

Root လုပ်ထားတဲ့ ဖုန်းတွေဟာ Root မလုပ်တဲ့ ဖုန်းထက် ဘက်ထရီပိုကုန်ပြီး

ကင်မရာကြောင်ချင်တယ် ဖုန်းလုပ်ဆောင်ချက်နှေးတယ် ။ ဒီအချက်တွေဆိုတာ

ကျနော့ဖုန်းကိုမူတည်ပြောတာ ။ တခြားဖုန်းတွေကို မဆိုလိုဘူး ။ ဘာပဲဖြစ်ဖြစ်

Root တာမကြိုက်ဘူး အရင်လိုပြန်လိုချင်တယ်ဆို Unroot လုပ်ပြီး ဖြုတ်ပလိုက်

မူလအတိုင်းပြန်ဖြစ်ပါတယ် ။ မြန်မာစာလိုချင်လို့  လုပ်တာဆိုရင် မထိခိုက်ပါဘူး

တခြား ထည့်ပီးသား Root မှသုံးရတဲ့ဆော့ဝဲတော့ မစမ်းရသေးလို့ မပြောတတ်

ဒါကြောင့် Root လုပ်ထားတဲ့ဖုန်းကို Root ဖြုတ်ချင်ရင် ဒီနည်းလမ်းကိုသုံးကြည့်

စမ်းသပ်လေ့လာလိုသူများ အောက်ကလင့်မှာ Downloadယူ လေ့လာကြည့်ပါ

ဒေါင်းလုပ်ဖိုင်ထဲမှာ ၃ခုပါပါတယ် ပထမဆုံး Vroot ဆော့ဝဲကို အင်စတောလုပ်ပါ

ဒုတိယ Vroot Myanmar ဖောင့်ကို အင်စတောလုပ်ပါ တတိယအဆင့် Rooter

လို့ အမည်ပေးထားတဲ့ Rar ဖိုင်ကို ကော်ပီယူပါ။Dasktop က VRoot Iconကို

Right ထောက်လိုက်ပြီးရင် Properties နှိပ်ပါ Open File Location ကိုသွားပါ

Rooter ဆိုတဲ့မူလဖိုင်လေးကိုဖျက်လိုက်ပါ။ ပီးရင် ဒေါင်းလုပ်ယူထားတဲ့ထဲက

Rooter ဖိုင်လေးကို ကော်ပီကူးထည့်လိုက်ရင် မြန်မာလို့ မြင်ရပါလိမ့်မယ်။


Download - Vroot by Myanmar Language


iPhone_iPad သူများသုံးပီးသား Second Hand ၀ယ်တော့မယ်ဆို အထူးသတိပြုသင့်သည့်အရာများ


“Second Hand IDevice တစ်ခုကို ဝယ်တော့မယ်ဆို”

ပြည်တွင်းရဲ့ iphone ဈေးကွက်အခြေအနေကို လေ့လာကြည့်မယ်ဆိုလျှင်တော့ iphone တွေဟာ ဟိုးအရင် ကတည်းက အသုံးပြုပြီးသား Handset တွေကို တဆင့်ပြန်လည်ရောင်းချတဲ့ Use ဈေးကွက်က ပြည်တွင်းမှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် အသုံးပြုသူအချင်းချင်းကလည်း အသုံးပြုပြီးသား Handset တွေကို ပြန်လည်ရောင်းချတာမျိုး ၊ဝယ်ယူတာမျိုးတွေရှိနေ ပါတယ်။တချို့ကတော့ ပြည်ပကနေ အသိမိတ်ဆွေတွေဆီက တိုက်ရိုက် မှာယူအသုံးပြုကြတာမျိုးတွေလည်းရှိပါတယ်။ ဒီလိုမျိုးအသုံးပြုမှုတွေဟာ တစ်ချိန်တစ်ခါတုန်းကတော့ သိသာထင်ရှားတဲ့ ပြသနာသိပ်မရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ Iphone တွေကို ဒီလိုမျိုး တစ်ယောက်လက်ကနေတစ်ယောက် တဆင့်ပြန်လည်ဝယ်ယူအသုံးပြုနေကာ ဈေးကွက်ထဲမှာရှိပြီးသား ဈေးနှုန်းသက်သာတဲ့iphone use တွေကို ပြန်လည် ဝယ်ယူအသုံးပြုခြင်းတွေဟာ ကိုယ့်အတွက် အမှတ်မထင်ပြသနာမျိုးတွေ ကို ဖန်တီးလာနိုင်မယ်ဆိုတာ ယခုအချိန်မှာ အသုံးပြုသူတွေဟာ သိထားသင့်ပါပြီ ။ဒါ့အပြင် ဖုန်းအသစ်ကို ကိုင်တွယ် အသုံးပြုသူတွေ အနေနဲ့လည်း ကိုယ်အသုံးပြုနေတဲ့ Apple ရဲ့ လုံခြုံရေးစနစ်တွေကို သိထားသင့်ပါပြီ။
Iphone တွေဟာ ခုချိန်မှာ နည်းပညာပိုင်းတွေ တစ်စထက်တစ်စ မြင့်မားလာနေခဲ့ပြီဖြစ်တဲ့အတွက် ဖုန်းရဲ့ လုံခြုံရေးအတွက် ပြုလုပ်ထားတဲက Security စနစ်တွေဟာလည်း တစ်စထက်တစ်စ ပိုမိုများပြားနေခဲ့တာကို မြင်တွေ့ရမှာဖြစ် ပါတယ်။ ဒါ့အပြင် Apple ကနေ အသစ်ထွက်လာတဲ့ IOS တွေဟာ အဆင့်မြင့်မားလာခဲ့ပြီး Iphone တွေမှာ အသုံးပြုထားတဲ့ Chip တွေ နဲ့ OS တွေရဲ့ တွဲဖက်လုပ်ဆောင်ပုံတွေဟာလည်း ပိုမိုတိကျကောင်းမွန်လာတာကိုလည်း အသုံးပြုသူတွေအနေနဲ့ ဂရုပြုသင့်ပါတယ်။
ဘာကြောင့်များ ဒီလိုမျိုးတွေ ဖြစ်လာရသလဲဆိုတာကို လေ့လာကြည့်မယ်ဆိုရင်တော့ ဒါဟာ IOS 7 စတင် ထွက်ရှိခဲ့တဲ့ အချိန်ကစတင်တယ်လို့ ဆိုရပါလိမ့်မယ်။ IOS 7 ထွက်လာတဲ့အချိန်မှာ ပြည်တွင်းမှာရှိနေတဲ့ Iphone တော်တော်များများမှာ အခက်အခဲတွေဖြစ်ပေါ်လာခဲ့ပြီး တချို့ဖုန်းတွေဟာ အကောင်းကနေ လုံးဝသုံးမရတဲ့ အခြေအနေအထိ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေရှိနေခဲ့ပါတယ် ။
ဒါဟာဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာ ရှိနေတဲ့ Iphone အသုံးပြုသူတချို့ဟာ Apple ရဲ့ Icloud စနစ် ကို ပေါ့ဆစွာ အသုံးပြုနေကြခြင်းကြောင့်ဖြစ်ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။ iCloud အကောင့်ကို အသုံးပြုရာမှာ ပြည်တွင်းက အသုံးပြုသူတချို့ဟာ iCloud နဲ့ Find My iPhone ကို ဖွင့်တဲ့အခါမှာ ကိုယ်အမြဲသုံးနေတဲ့ Email အကောင့်နဲ့ ဖွင့်ထားတဲ့ iTunes အကောင့်မဟုတ်ပဲ တခြားသူတစ်ယောက် လုပ်ပေးတာမျိုး ဒါမှမဟုတ် ဆိုင်ကနေအလွယ်တကူဖွင့်ပေးလိုက်တဲ့ အကောင့်မျိုးတွေနဲ့ အသုံးပြုနေကြတာကို မြင်တွေ့ရပါတယ်။ ဒါတွေဟာ ခုအချိန်မှာ အန္တရာယ် ရှိလာပါပြီ။ ဒါ့အပြင် တချို့ဟာ iCloud အကောင့်ကို အသုံးပြုပြီး အချိန်မှာ Log Out မလုပ်ပဲ Log Move လို့ခေါ်တဲ့ တိုက်ရိုက်ထွက်လာတဲ့ စနစ်မျိုးကို အလွယ်တကူ အသုံးပြုတတ်ကြပါတယ် ။ ဒါတွေကိုလည်း ရှောင်ကြဉ် သင့်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ စနစ်မျိုးတွေနဲ့ အသုံးပြုခဲ့တဲ့ Device တွေဟာ IOS7 ကို ဗားရှင်းမြှင့်တင်ချိန်မှာ ပြသနာဖြစ်လာပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုရင်တော့ IOS 7 ကို ဗားရှင်းမြှင့်တင်လိုက်တဲ့အချိန်မှာ Firmware Restore, Firmware Update ပြုလုပ်ပြီး အချိန်မှာ Apple ID လို့ခေါ်တဲ့ iTunes အကောင့် ကို စတောင်းပါတော့တယ်။ အဲဒီလိုမျိုး အကောင့်ကို တောင်းချိန်မှာ ကိုယ်က အကောင့်ကို မသိတာဖြစ်ဖြစ် ၊မမှတ်မိတော့တာ ဖြစ်ဖြစ်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အကောင့်ကို မဖြည့်နိုင်ဘူးဆိုလျှင်တော့ ဒါဟာ ဖုန်းပျက်ဖို့ အကြောင်းအရင်းစတင်လာပါပြီ။ တချို့တွေဆို ဆိုင်မှာ ဗားရှင်းသွားမြှင့်တာ ဖုန်းကပျက်သွားတယ်ဆိုတဲ့ ထင်မြင်ချက်မျိုးတွေတောင် ဖြစ်လာတာမြင်ဖူးပါတယ်။ ဒါ့ကြောင့် Apple ID ဟာ Apple Device တစ်ခုအတွက် အသက်လို့တောင် ပြောလို့ရနေပါပြီ။ အကောင့်မမှတ်မိတော့ဘူးဆိုလျှင်တော့ Activation Stage ဖြစ်တဲ့နေရာကနေ ဖုန်းက ဆက်ပြီးတော့ OS တက်လာမှာ မဟုတ်တော့ပါဘူး ။ခုလက်ရှိလည်း Actviation Stage ကို ကျော်နိုင်တဲ့ Solution တွေ မရှိသေးတဲ့ အတွက် ဒီလိုမျိုးအကောင့် မသိတော့ဘူး၊ မဖြည့်နိုင်တော့ဘူး ဆိုရင်တော့ ဒီဖုန်းဟာ ရပ်တန့်သွားပါပြီ။ ဒါဟာ ယခုအချိန်မှာ အခက်အခဲ တစ်ခု အခြေအနေမျိုးမဟုတ်ပဲ သတိထားပြီး ဂရုစိုက် ရမည့်အခြေအနေ မျိုးမှာရှိနေပါတယ် ။ ဒါကြောင့် ကိုယ်အသုံးပြုနေတဲ့ Device ရဲ့ Account နဲ့ ID ကို မသိဘူးဆိုရင် တော့ IOS 7 ကို ဗားရှင်းမမြှင့်လိုက်ပါနဲ့ ။ဒါ့အပြင် တခြား ပြင်ပကနေ အသုံးပြုပြီးသား ဖုန်းတွေကို တစ်ဆင့်ပြန်လည်ဝယ်ယူ အသုံးပြုတော့မယ် ဆိုရင်လည်း ဒါတွေကို သေသေချာချာစစ်ဆေးမေးမြန်းပြီးမှပဲ ဝယ်ယူသင့်ပါတယ်။ ကိုယ်က Use ဖုန်းတစ် လုံးကို ဝယ်တော့မယ်ဆိုရင် ပြည်ပကနေ Activate လုပ်လာပြီးသားဖုန်းတစ်လုံးကို မှာယူအသုံးပြုတော့မယ်ဆိုရင်ပဲဖြစ်ဖြစ် အဓိက အရေးကြီးတဲ့အချက်က Icloud, Itunes Account နဲ့ Apple ID ဆိုတဲ့အရာတွေ ဒါမှမဟုတ် itune account ကို ပြုလုပ်ခဲ့တဲ့ Gmail (or) Email နဲ့ Password တွေကို သိထားဖို့လိုအပ်ပါတယ် ။ ဒါ့အပြင် ပုံမှန်အသုံးပြုနေသူ တွေ အနေနဲ့လည်း အကောင့်နဲ့ Password ကို ဂရုစိုက်ပြီး အသုံးပြုသင့်ပါတယ်။ IOS ဟာ ခုအချိန်မှာ 7.1 အထိ ရှိနေခဲ့ပြီဖြစ်တဲ့ အတွက် 7 ရဲ့ အောက်က ဗားရှင်းသမားတွေရော IOS 7 ကနေ စတင်ပြီး ဗားရှင်းမြှင့်မယ် သူတွေပါ ဒါကို ဂရုစိုက်သင့်ပါတယ်။ Use တွေကို ဝယ်တော့မယ်ဆိုလျှင်လည်း အကောင့်တွေကို မေးထားသင့်ပါတယ်။

အင်တာနတ်ဂျာနယ် မှ ကူးယူတင်ပြပါသည်။

Computer မလိုပဲ ဖုန်းထဲကနေ Root လုပ်နိုင်တဲ့ Pro Myanmar Rootဆော့ဝဲနဲ့  မြန်မာစာထည့်နည်း


 Root လုပ်တာ ခက်လား ဘယ်လိုလုပ်ရလဲ မေးနေသူများ Root လုပ်ချင်ရင်

ဒီဆော့ဝဲကို ဖုန်းထဲထည့်လိုက် ။ ပြီးရင် ဆော့ဝဲကို ဖွင့် Start Root ကို နှိပ်ပါ

ခဏလေးနဲ့  ကွန်ပျူတာမလိုပဲ Root လုပ်ပြီးစီးကြောင်း ပြပါလိမ့်မယ် ။စမ်းပါ

မြန်မာစာထည့်မရသူတွေ Root လုပ်ပြီးရင် Font Changer သုံးထည့်လိုက်ပါ

Android Version 4.3 တွေအတွက်လည်း မြန်မာစာထည့်ဖို့ အဆင်ပြေတယ်

ကွန်ပျူတာမလိုပဲ စမ်းသပ် Root လိုသူ မြန်မာစာထည့်လိုသူ အောက်ကလင့်မှာ

ဒေါင်းလုပ်ယူပြီး အလွယ်တကူ Root နည်း လေ့လာနိုင်ပါတယ်။
Credit by မောင်(စွယ်စုံကျမ်း)


Download - မောင်(စွယ်စုံကျမ်း)Pro Myanmar Root.apk


Download - Zawgyi Font for 4.1.2_4.2.2_4.3 အထက်

Microsoft က iPhone နဲ့ Android အတွက် Office ကို အခမဲ့ ပြုလုပ်ပေးပြီ


Office Mobile apk for Android
Microsoft က iPhone နဲ့ Android အတွက် Office ကို ရောင်းချနေရာကနေ အခမဲ့ အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ Word Documents, Excel Spreadsheets, PowerPoint Presentation များကို မိုဘိုင်းဖုန်း မှာ Create, Edit အခမဲ့ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။
iOS နဲ့ Android App များရဲ့ Home Page မှာ OneDrive မှ Document တွေကို ဖွင့်လို့ရတဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Recent ကဏ္ဍ မှာ မကြာမီ က ပြုလုပ်ခဲ့တဲ့ Document တွေကို ပြသပေးမှာဖြစ်ပါတယ်။ New Tab မှာ Document အသစ်တွေ ပြုလုပ်နိုင်ပါတယ်။
Microsoft က အခုလို Office ကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်တာဟာ Apple နဲ့ Google တို့ကို ယှဉ်ပြိုင်ဖို့ ဖြစ်နိုင်ပါတယ်။ Apple က Pages, Keynote, Numbers ဆော့ဝဲတွေကို iPhone ၀ယ်တဲ့သူတွေကို အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ Google ကလည်း Google Docs ကို Google Drive မှာ ထည့်သွင်းပေးထားပြီး Platform တိုင်းမှာ အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။
Microsoft က iPad အတွက် Office ကို ကြေညာအပြီးမှာ အခုလို Android , iPhone တို့အတွက် Office ကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်ပြီဆိုတာ ကို ကြေညာခဲ့တာဖြစ်ပါတယ်။ iPad အတွက် Office ကို အခပေး အသုံးပြုရမှာဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာ ၉၉.၉၉ သို့မဟုတ် ယူရို ၇၉.၉၉ ကျသင့်မှာ ဖြစ်ပါတယ်။
Android နဲ့ iPhone အတွက် Office ကို အောက်ကလင့် တွေကနေ အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။
https://itunes.apple.com/us/app/office-mobile-for-office-365/id541164041?mt=8(For IOS)
https://play.google.com/store/apps/details?id=com.microsoft.office.officehub(For android)
Ref:Myanmar Digital Life Journal

Sunday 30 March 2014

ATM ကဒ်ဖြင့် အလွယ်တကူငွေထုတ်နည်း


ATM ကဒ်ဖြင့် အလွယ် တကူငွေထုတ်နည်း

ယနေ့ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်အမြောက်အများကို နိုင်ငံတော်မှ လုပ်ကိုင်ခွင့် ချထားပေး ပြီးနောက်ပိုင်း တွင်ကျယ်လာသော
ငွေကြေး ပိုင်းဆိုင်ရာ ၀န်ဆောင်မူကို သူသူ ငါငါ အပြိုင် အဆိုင်လုပ်ကိုင်လာကြရာတွင် ATM ကဒ်သည် တစ်ခုအပါအ၀င် ဖြစ်သည်။

မိမိအပါအ၀င် နှစ်ပေါင်းများစွာ အဆိုပါ ကဒ်သုံးငွေကြေးထုတ်ယူမူ စနစ်များဖြင့် အတော့်ကို အလှမ်းကွာဝေးခဲ့ရပါတယ်။ ထို့ကြောင့်
စာဖတ်သူ မိဘပြည်သူအများ ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်ကာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။


(၁) ပထမဦး ဆုံး ( Welcome Screen )ကြိုဆိုပါ၏ စာသားကိုမြင်ရသော အခါတွင် ကဒ်ကိုထည့်သွင်းရန်ပြထားပါမည်။

(၂) မိမိ၏ ကဒ်တွင်ပါရှိသော မြှားပုံပါအတိုင်း ထည့်သွင်းရမည်။

(၃) အင်္ဂလိပ် / မြန်မာ နှစ်ဘာသာ အနက် ကြိုက်နှစ်သက်ရာကို ရွေးချယ်ပါ။

(၄) ဘာသာစကား ရွေးပြီးပါက ( Personal Identification Number - PIN NO )ရိုက်ထည့်ပါ။

(၅) PIN NO ရိုက်ထည့်ပြီးပါက ခေတ္တစောင့်ဆိုင်းရ ပါမည်။

ထို့နောက် မိမိလုပ်ဆောင်လိုသော လုပ်ငန်းကို ရွေးချယ်ပေး ရပါမည်။
(က) ငွေထုတ်ယူလိုပါက ( ငွေထုတ်ယူမည်) ကိုရွေးချယ်ပေးပါ။
(ခ) ငွေလက်ကျန်သိလိုပါက ( ငွေလက်ကျန်ကြည့်ရူမည် ) ကိုရွေးပေးပါ။
(ဂ) ငွေလွှဲပြောင်း မည်ဆိုပါက ( ငွေလွှဲပြောင်းမည် ) ကိုရွေးပေးရမည်။
(ဃ) မိမိကဒ်၏ PIN NO ပြောင်းလိုပါက ( PIN နံပါတ် ပြောင်းမည် ) ကိုရွေးပေးရမည်။
(င) မိမိကဒ်၏ အကြောင်းအချက်အလက်ကို သိလိုပါက ( Mini Statement ) ကိုရွေးလိုက်ပါ။

(၆) ငွေထုတ်ယူ မည်ကိုရွေးချယ် ခဲ့သည်ဖြစ်ပါက ဘဏ်မှ သတ်မှတ်ထားသော ငွေပမာဏ ဥပမာ။ ။ ၅၀၀၀ ၊ ၁၀၀၀၀၊ ၃၀၀၀၀... စသည့်ဖြင့် ရွေးလိုက်နိုင်သလို
မိမိ စိတ်ကြိုက်ရွေးချယ်လိုပါက ( အခြား) ဟူသော စာသားကို ရွေးပြီး မိမိထုတ်ယူလိုသော ပမာဏကို ရိုက်ထည့်နိုင်ပါသည်.။

(၇) မိမိထုတ်ယူလိုသော ငွေသားပမာဏကို ရွေးပြီးပါက ခေတ္တစောင့်ဆိုင်း ရမှာဖြစ်ကာ များမကြာမှိ သင့်ငွေသားများ စက်အတွင်းမှ ထုတ်ပေးပါလိမ့်မယ်။

(၈) ငွေသားလက်ခံ ပြေစာကို ရယူလိုပါက ( သဘောတူပါသည်) ကိုရွေးပေး လိုက်ခြင်းဖြင့် စလစ်ကလေးတစ်ခု ထုတ်ပေးပါလိမ့်မည်။

(၉) အခြား သောဝန်ဆောင်မူများကိုဆက်လက် လုပ်ဆောင်ခြင်းမပြုလုပ်လို တော့ပါက (မပြုလုပ်ပါ) ကိုရွေးချယ် လိုက်ပါ။ ထို့နောက် သင့်၏ ATM ကဒ်ထွက်လာ ပါလိမ့်မည်။

သတိပြုရန်အချက်။ ။ ( မိမိကဒ် အားသတ်မှတ်ထားသော (၁) မိနစ်အတွင်း မထုတ်ယူမိပါက စက်မှ အလိုအလျေက် ကဒ်ကို သိမ်းယူသွားမှာ ဖြစ်တဲ့ အတွက် သတိပြုစေချင်ပါသည်။ )

အထက်ပါ လုပ်ဆောင်မူများသည် CB Bank ATM ကဒ် စနစ်သုးံပြုခဲ့ခြင်းဖြစ်ကာ အခြားသော ဘဏ်များ၏ လုပ်ဆောင်မူများမှာလည်း အလားတူ ဖြစ်ကာ ထင်သာမြင်သာလောက်အောင်
ခြားနားမူသိပ်မရှိ ကြောင်းသတင်းပေးလိုက်ပါတယ်။

 
ကချင်း (MM Social Sky )

iPhone/iPad က Mail App Icon မှာ ပေါ်နေတဲ့ Number ကို ဖျောက်နည်း



iPhone/iPad က Mail App Icon မှာ ပေါ်နေတဲ့ Number တွေကို မြင်ရတာ စိတ်ညစ်စရာ ဖြစ်ပါတယ်။ အဲဒီ နံပါတ်တွေဟာ မဖတ်ရသေးတဲ့ အီးမေး အရေအတွက် ကိုဖော်ပြထားတာဖြစ်ပါတယ်။ Inbox ကို ရှင်းလင်းမှသာ အဲဒီနံပါတ်တွေပျောက်မှာဖြစ် ပါတယ်။ ဒီလိုရှင်းလင်းဖို့ Email App ကိုဖွင့်ပြီး အီးမေး တစ်ခုချင်းစီကို Mark as read အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီလို ပြုလုပ်ရတာ အလုပ်တော်တော် ရှုပ်ပါတယ်။ အဲဒီအတွက် နောက်ထပ် နည်းတစ်ခုကို အသုံးပြုပါမယ်။

iDevice က Settings ကိုဖွင့်ပြီး Notification Center ကိုသွားပါ။ Mail App ကိုရှာပါ။

2

Mail App ထဲက Badge App Icon Setting ကို ရှာပြီး Off လုပ်ပေးပါ။ အောက်ကပုံမှာ ပြထားတာက On လုပ်ထားတာ ဖြစ်ပါတယ်။ Off လုပ်ပေးရပါမယ်။

3

အဲဒီ Settings Screen မှာ ပဲ Alerts တွေကို ပိတ်ထားလို့ရပါသေးတယ်။အခြား App Icon တွေမှာလည်း နံပါတ်တွေပေါ်နေလို့ ဖျောက်ချင်ရင် ဒီနည်း သုံးနိုင်ပါတယ်။

အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

POST BY : MMICT

iPhone Pattern & Password ဖြည်နည်း




 မေးထားလို့ ပြန်လည်မျှဝေလိုက်ပါတယ်....။


 iPhone Pattern & Password ဖြည်နည်း

နည်းလမ်း(၁)

1. ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။

2. iFunBox အသုံးပြုပြီး "Raw File System" (File mgr.) ထဲ ဝင်ပါ။

3. /Library/MobileSubstrate/DynamicLibraries ထဲဝင်ပြီး AndroidLock နာမည်နဲ့အစပြုတဲ့ ဖိုင်နှစ်ခုကို Delete လုပ်ပါ။

4. iDevice ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။

5. မြင်နေကျ "Slide to Unlock" ဆိုတဲ့ screen ကို တွေ့ရပါလိမ့်မယ်။Done!


နည်းလမ်း(၂)

ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။

iFunbox ကို ဖွင့်ပါ။ ပြီးလျှင် /var/mobile/Library/Preferences ကို သွားပါ။

com.zmaster.AndroidLock.plist ဆိုတဲ့ File Text Editor တစ်ခုခုနဲ့ ဖွင့်ပါ။

<key>Password</key>

<string>123456 </string> ကြားက နံပါတ်များသည် Password ဖြစ်ပါတယ်။


အဆင်ပြေပါစေ..


Download : 
 


Credit to : http://www.mm-mpxteam.net

စောင့်ရှောက်ရေး v4.1.1 For Android


ဒီ စောင့်ရှောက်ရေး apk လေးကို MyanmarMobleForum မှ ကို YangCracker က Advanced Mobile care ကိုပြန်ပြီးမြန်မာမှူပြု ထားတာဖြစ်ပါတယ်။ android ဖုန်းသုံးသူတိုင်းဆောင်ထားသင့်တဲ့ Apk တစ်ခုပါ။ PC တွေမှာဆိုရင် Advanced Systemcare ကိုမသိတဲ့သူရှိပါဘူး။ ဒါလေးကတော့ Android သမားတွေအတွက် တစ်ကယ်ကို ရှိထားသင့်ပါတယ်။ ကျွန်တော်ကတော့ တစ်ခြား Antivirus တွေထက် ဒီကောင်လေးကိုပိုကြိုက်ပါတယ်။ ကဲ ကို YangCracker ရဲ့ စောင်ရှောက်ရေး Apk ကိုအားပေးလိုက်ကြပါအုံး.......

မနောမယ မှတ်စု



မင်္ဂလာနံနက်ခင်းလေးပါ ခင်ဗျာ!!!
ဗုဒ္ဓဘာသာဝင်တိုင်း မိမိနေအိမ်နှင့် ပတ်ဝန်းကျင်တွင် သိထားသင့်သော ပြုသင့်၊ မပြုသင့်၊ ရှိသင့်၊ မရှိသင့် စသည်တို့ကို မှတ်စု အနေဖြင့် ပြုစုထားသော ``မနောမယ´´ App ကို တင်ပေးလိုက်ပါတယ်...အားလုံး သိထားသင့်၊ ဆောင်ထားသင့်တဲ့ app တခုပါဗျာ...လင့် ၂ခု မှ အဆင်ပြေသော လင့်က ဒေါင်းယူကြပါခင်ဗျာ...

ရှမ်းစာရေချင်သူများအတွက် ရှမ်းစာနဲ့  ရှမ်းကီးဘုတ် ကို Android ဖုန်းထဲ ထည့်သွင်းနည်း



Android ဖုန်းမှာ ရှမ်းစကားနဲ့ ရှမ်းစာရေးချင်သူအတွက် အဆင်ပြေနိုင်တဲ့

ရှမ်းကီးဘုတ်နဲ့ ရှမ်းစာပါ ။  ရှမ်းစာရေချင်သူက ကီးဘုတ်ပြောင်းပြီးတော့

ရေးနိုင်ပါတယ် ။ Zawgyi-Shan ဖောင့်ဖြစ်တဲ့အတွက် နှစ်မျိုးစလုံးဖတ်နိုင်

ပါတယ် ။ မြန်မာစာပါရေးချင်ရင်တော့ မြန်မာကီးဘုတ်တစ်မျိုးမျိုးသုံးရေးပါ

ဖောင့်ကတော့ ဇော်ဂျီတွဲပြီးသားမလို့ တစ်ခုရှိတာနဲ့ ဘာသာ နှစ်မျိုးရတယ်

ဒီဟာကိုထည့်မယ်ဆို ဖုန်းက Root ထားမှရပါတယ် ။ အဆင်သင့်သုံးနိုင်ဖို့ 

Root ဆော့ဝဲထည့်ပေးထားပါတယ်။ Root မလုပ်ရသေးသူများက Root ပါ

ပြီးရင် ရှမ်းဖောင့်နဲ့ ရှမ်းကီးဘုတ်ထည့်လိုက်ပါ။ အသုံးလိုသူ အောက်ကလင့်

မှာ ဒေါင်းလုပ်ယူသုံးစွဲနိုင်ပါတယ်.
Credit  by..မောင်(စွယ်စုံကျမ်း)
Download - မောင်(စွယ်စုံကျမ်း)Pro Myanmar Root.apk

Download -မောင်(စွယ်စုံကျမ်း)Tai-Font.apk

Download - မောင်(စွယ်စုံကျမ်း)Tai-Font.apk

✔Auto Redial Call Timer v2.17 For Android✔


Saturday 29 March 2014

iPhone ကိုင်ထားသူများအတွက် အသုံးဝင်ပြီး သိထားသင့်တဲ့ Reset ပြုလုပ်ခြင်းအကြောင်း

ios အကြောင်းနှင့်ပက်သက်၍ ကျနော်လေ့လာမိသလောက်မျှဝေခြင်း (၅)

iPhone တစ်လုံးအား Reset ပြုလုပ်ခြင်း

အကြောင်းတစ်ခုခုကြောင့် သင့် iPhone ကိုတခြားတစ်ယောက်ယောက်ကိုရောင်းချင်တဲ့အခါ
သင့်ဒေတာတွေကို တခြားသူအသုံးမပြုနိုင်အောင်ဖျက်ချင်လို့ဖြစ်ဖြစ်
App တွေ tweak တွေက အလုပ်ပုံမှန် မလုပ်ပဲ ဂေါက်ထနေမယ်
ဖုန်းကသုံးရတာ အရမ်းလေးလာမယ် စတဲ့
ပြသနာတွေဖြစ်လာခဲ့တာမျိုး ကြုံရတဲ့အခါမှာဖြစ်ဖြစ်
သင့်ဖုန်းကို reset ချပေးဘို့ လိုအပ်ကောင်းလိုအပ်လာပါလိမ့်မယ်...
ဒါကြောင့် ဖုန်း Setting ကနေ Reset ချနည်းကို ဒီအပိုင်းမှာမျှဝေပေးလိုက်ပါတယ်

သင့်ရဲ့  iPhone Setting>General>Reset ကိုနှိပ်လိုက်ရင်အောက်ပါအတိုင်း

- Reset All Settings
- Erase All Content and Settings
- Reset Network Settings
- Reset Keyboard Dictionary
- Reset Home Screen Layout
- Reset Location & Privacy ဆိုပြီး Reset ပြုလုပ်ပုံ ၆ မျိုးတွေ့ရမှာပါ။
ပုံမှာလည်းပြထားပါတယ်။

တစ်မျိုးစီကိုဆက်ပြီး လေ့လာကြည့်ရအောင်...

Reset All Settings
.........................
ူ Setting ထဲမှာရှိတဲ့ WiFi, Bluetooth, Do No Disturb, Notifications,
General, Sounds, Wallpaper & Brightness, နှင့် Privacy စတဲ့လုပ်ဆောင်ချက်အားလုံးကို
မူလအတိုင်းပြန်ဖြစ်အောင် reset ပြုလုပ်ပေးသွားမှာပါ။
Setting ကိုသာ reset ပြုလုပ်သွားမှာဖြစ်တဲ့အတွက် သင့်ဖုန်းအတွင်းရှိ Data & Media တွေဖြစ်တဲ့
ဓါတ်ပုံ၊ဗီဒီယိုနှင့်သီချင်းများကိုတော့ ထိခိုက်မှာမဟုတ်ပါဘူး။
သင့်ဖုန်း Setting အားကလိမိပြီး ပြန်မလုပ်တတ်ပဲပြသနာရှိလာပါက
နဂိုအတိုင်းပြန်ဖြစ်စေချင်ရင် Reset All Settings ဖြင့် reset ပြုလိုက်နိုင်ပါတယ်။

မှတ်ချက်။ ။ Reset All Settings ကိုအသုံးပြုမယ်ဆိုနှိပ်လိုက်ပါ ပုံထဲကလိုအနီရောင်စာသားနဲ့
တက်လာပါမယ် မစိုးရိမ်ပါနဲ့ သင်ကိုသေချာအောင်ထပ်မေးတာပါ Reset All Settings ကိုသာထပ်မံနှိပ်ပေးလိုက်ပါ..
ခဏစောင့်ပေးပါ Reboot လုပ်ပြီးပြန်တက်လာရင် Reset လုပ်ခြင်းပြီးဆုံးပါပြီ။

Erase All Content and Settings
...........................................
ူ ဒီ Reset ကတော့အန္တရယ်ဖြစ်စေနိုင်တဲ့ reset မျိုးပါ
တကယ့်တကယ်လိုအပ်မှသာသုံးရန်တိုက်တွန်းလိုပါတယ်။
အထူးသတိပေးချင်တာကတော့ lock phone တွေကို Software Unlocked ပြုလုပ်ထားတဲ့ ဖုန်းများ
xxxx လုံးဝလုံးဝ မသုံးပါနှင့်။ xxxx
သုံးခဲ့မယ်ဆိုရင် သင့်ဖုန်းကို service ဆိုင်သို့ပို့ပြီး unlock ပြန်လုပ်ရမှာဖြစ်တဲ့အတွက်ငွေကုန်များပါမယ်။
သင့်ဖုန်းက lock phone လား unlocked လားသိချင်ရင်
http://iphoneimei.info/ မှာ imei number ရေးပြီးကြည့်ပါ။
ဒီအကြောင်းကို အပိုင်း(၄)မှာ ကျနော်အကျဉ်းရေးထားပေးပါတယ်
နားမလည်ပါက အောက်ကလင့်ခ်မှာသွားရောက်ဖတ်ရှုပါ
https://www.facebook.com/maungsssk/photos/np.139179198.100000111833187/448511551946600/?type=1&notif_t=notify_me

မှတ်ချက်။ ။Reset မလုပ်မီ iCloud , iTunes ဖြင့် Backup မဖြစ်မနေလုပ်ထားပါ။
Erase All Content and Setting ကိုအသုံးပြုမယ်ဆို နှိပ်လိုက်ပါ အပေါ်ကပြောခဲ့သလိုပဲ
သတိပေးစာသားပေါ်လာပါမယ် Erase iPhone ကိုပဲနှိပ်ပေးလိုက်ပါ
Reboot ကျပြီးပြန်တက်လာပါက Home Screen ကိုမြင်ရမည်မဟုတ်ပဲ Restore Mode ကိုသာမြင်တွေ့ရမှာပါ
iTunes နှင့်ချိတ်ဆက်ပြီး နောက်ဆုံး ios version ကို update လုပ်ပေးရပါလိမ့်မည်။ ထိုသို့ update လုပ်ပြီးမှသာ
Home Screen ကိုမြင်တွေ့ရမှာပါ ဖုန်းထဲမှာရှိတဲ့အရာအားလုံးကိုဖျက်ပစ်လိုက်ပြီး
အသစ်တစ်လုံးကဲ့သို့ပြန်ဖြစ်စေတဲ့အတွက် သင်သာ BackUp မလုပ်ထားခဲ့လျှင် သင့်ရဲ့  Data & Media တွေကို
ပြန်လည်ရရှိတော့မှာ မဟုတ်ပါဘူး။

Reset Network Settings
..................................
ဒီ reset ကတော့ ဖုန်းရဲ့  အင်တာနက်ဆက်သွယ်မှုနဲ့ဆိုင်တဲ့ wifi , network တွေကိုမူလနဂိုအတိုင်းပြန်ဖြစ်အောင်
လုပ်ဆောင်ပေးမှာပါ။ ဒါကတော့ သိပ်ပြီးထွေထွေထူးထူးပေးစရာမှတ်ချက်မရှိပါဘူး ။

Reset Keyboard Dictionary
.....................................
ဒီ reset ကိုတော့ Autocorrect feature ကိုသုံးတဲ့အခါ keyboard dictionary က
အမှန်ကိုမဖော်ပြတော့တဲ့အခါမျိုးဆိုသုံးလို့ရပါတယ် Autocorrect feature ဆိုတာက ကျနော်တို့ ကီးဘုတ်ကနေ
စာရိုက်လိုက်တဲ့အခါ စာလုံးသတ်ပုံမှားခဲ့ရင် custom dictionary ကအလိုလျောက်သိပြီး
အမှန်ဖြစ်နိုင်မဲ့စာလုံးကိုပြင်ပေးတာမျိုးပါ ကျနော်ကတော့ အာရုံနောက်လို့မသုံးပါဘူး ပိတ်ထားပါတယ်။
အဖွင့်ပိတ်လုပ်ချင်ရင် Settings>General>Keyboard> မှာ
Auto-Capitalization
Auto-Correction
Check Spelling စသည်တို့ကိုလိုအပ်သလို ပိတ်ဖွင့်လုပ်လို့ရပါတယ်။

Reset Home Screen Layout
.......................................
သင့်ဖုန်းကို စသုံးခါစမှာတော့ ဖုန်းမှာပါလာတဲ့ App တွေပဲရှိပါတယ်။
သင်လိုချင်တဲ့ App & Game တွေ ထည့်ပါများလာပြီး ဟိုရွေ့ ဒီရွေ့ လုပ်တော့ မူလရှိနေတဲ့ App တွေက
ရောက်ချင်တဲ့နေရာရောက်နေမယ် အဲဒါကို သင်က မူလနေရာအတိုင်းပြန်ရှိစေချင်တယ်ဆိုရင်
ယခုဖော်ပြတဲ့ reset ကိုအသုံးပြုပြီး စေခိုင်းနိုင်ပါတယ်။

Reset Location & Privacy
...................................
ခေါင်းစဉ်မှာပါတဲ့အတိုင်းပဲ Location နဲ့ Privacy setting ကို reset လုပ်ပစ်မှာပါ
ရလာမဲ့အကျိုးဆက်ကတော့ Setting>Privacy ထဲကိုဝင်ကြည့်ပါ Location Services ပိတ်နေတာကိုတွေ့မှာပါ
Find My iPhone သည်လည်းပိတ်သွားမှာဖြစ်တဲ့အတွက် သင့်ဖုန်းတည်နေရာကို ရှာမရနိုင်တော့ပါ။

ကလိချင်တာဖြစ်ဖြစ် စမ်းသပ်ချင်တာဖြစ်ဖြစ် မိမိဖုန်းအား အရင်ဆုံး back up လုပ်ထားဘို့ မမေ့ပါနဲ့။
back up လုပ်မတတ်လျှင် အပိုင်း (၂) မှာကျနော်ရေးထားပေးပါတယ် အောက်ကလင့်ခ်နှိပ်ပြီးလေ့လာနိုင်ပါတယ်။
https://www.facebook.com/maungsssk/photos/a.202447283219696.47609.146522682145490/447721865358902/?type=1&relevant_count=1

အပိုင်း (၃) မှာတော့ Jailbreak လုပ်နည်းကိုရေးထားပေးပါတယ် မဖတ်ရသေးဘူး ပြန်ဖတ်ချင်တယ်ဆိုရင်
အောက်ကလင့်ခ်မှာသွားရောက်ဖတ်ရှုပါ ..
https://www.facebook.com/maungsssk/photos/a.202447283219696.47609.146522682145490/448131155317973/?type=1&theater

ဒီအကြောင်းအရာများကို ကျနော်ဖတ်ဖူးလေ့လာဖူးသမျှထဲက ဥာဏ်မီသလောက်ပြန်လည်ရေးသားထားခြင်း
ဖြစ်ပါတယ် ကိုယ်တိုင်စမ်းသပ်ပြီးမှသိတာမဟုတ်ပါဘူး ရှေ့ ကဆရာတွေရဲ့ နည်းလမ်းတွေကို
လေ့လာသိရှိသလောက်ပြန်လည်မျှဝေပေးတာဖြစ်တဲ့အတွက် လိုအပ်သည်များရှိပါက
နားလည်ခွင့်လွှတ်ပေးပါ ကျနော့်ထက်တတ်ကျွမ်းသူများ ကျနော့်အမှားအား အကြံပေးမှုနှင့် ကျိုးကြောင်းမှန်ကန်ဝေဖန်မှုကို လေးစားစွာလက်ခံပါသည်။
Credit..by
Admin-Monster ( www.zwmnna.com )

မိုဘိုင်းဖုန်းအသုံးပြုလျှင် သတိထားရမည့် အချက်များ


ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်


ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့ - skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။

ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်းအသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။

မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။

မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။

ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

Ref : ဖုန်းချစ်သူ 

Huawei G730 မြန်မာစာအမှန်ပေါ်တဲ့ Abhidhamma apk



Huawei G730 ဟန်းဆက်တွေအတွက် Abhidhamma apk လေးပါ. မြန်မာစာ အမှန်ပေါ်
စေတဲ့ apk လေးပါခင်ဗျာ. အောက်မှာဒေါင်းယူ နိုင်ပါပီဗျာ.




DOWNLOAD



[အင်တာနတ် လိုင်းကောင်းအောင်း ပြုလုပ်နည်း]

.ဘော်ဒါတွေအားလုံးအတွက် လာပါပြီး
ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ် အင်တာနတ်သုံး
လို့ လိုင်းမကောင်းဘူးလို့ အော်နေကြတဲ့သူ
တွေအတွက် အင်တာနတ်လိုင်းကောင်း
အောင်ပြုလုပ်လို့ရအောင် ဒီနည်းလေးကို
ကျွန်တော် လည်းလိုင်းမကောင်းလို့
စိတ်ညစ်ပြီးSetting ထဲဝင်ပြီး
ကလိလိုက်တာ တော်တော်အဆင်ပြေသွား
တယ် လိုင်းလည်းတော်တော်လေးမြန်လာ
တယ် ဒေါင်းလုပ်ဆွဲတာလည်းပြောစရာ
မလိုအောင်မြန်ပါတယ်

အင်တာနတ်လိုင်းကောင်းအောင်ပြုလုပ်
နည်းလေးကို ကျွန်တော်အောက်မှာပုံတွေ
ပြထားပါတယ်

 
Credit  by..

အာကာ [နည်းပညာ]

SCR screen video recoder App

SCR screen video recoder App

  SCR video recoder app 2 ခု တင်ပေးလိုက်ပါတယ်ခင်ဗျာ...SCR video recoder တွေ အများကြီးထဲမှ ကျနော် အကြိုက်ဆုံး အသုံးအများဆုံး Appပေါ့ဗျာ...ဖုန်းက Root ဖောက်ပြီးသား ဖြစ်ရပါမယ်...ကိုယ့်ဖုန်းနဲ့ သင့်လျော်သော VDO ဖိုင်အဖြစ် Record လုပ်နိုင်ရန် App ၏ Setting ထဲမှာ နဲနဲ ကလိပေးလိုက်ပါဗျာ...အားလုံးအဆင်ပြေကြပါစေ...
Credit...by.....AdminTW

http://pc.cd/LM4

http://pc.cd/on4
 
 

✔ငပိန်သင်္ကြန်ဂိမ်း for android✔ မရသေးသူများအတွက်ပါဗျာ...


✔ငပိန်သင်္ကြန်ဂိမ်း for android✔

Total Games play studio က မြန်မာ developer များ ပြုလုပ်ရေးသားထားတဲ့
"Nga Pain's Thingyan Game v1.0
ကိုတင်ပေးလိုက်ပါတယ်။
မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသက်ြန်ကို ဒီဂိမ်းလေးနဲ့ ကြိုဆိုဂုဏ်ပြုလိုက်ရအောင်ဗျာ။

Apk File Size 17 MB ရှိထားပြီး
Android OS Version 2.3 နှင့်အထက်
ရှိထားသောဖုန်းများမှာ ထည့်သွင်း install ပြုလုပ်
၍ကစားနိုင်မှာပဲ ဖြစ်ပါတယ်။

အောက်က လင့်ခ်မှာ ဒေါင်းလုပ်ရယူနိုင်ပါပြီ

★DOWNLOAD ဆွဲရန် လင့်ခ်★

http://cdn.2safe.com/213238036119/ngapain´s_thingyan_v1.0_upload_kozawthwin.apk

Description
Help Trishaw Master Nga Pain to deliver water to the neighbourhood kids during Water Festival (also known as Thingyan). You will be able to relive all your fun during the Water Festival in this fun endless runner game. Feature the most iconic Thingyan sound track "Thingyan Moe".
Features
- Easy to learn, hard to master.
- Splash your way through the busy streets of Yangon.
- Variety of colorful characters and landscapes.
- Compete in global high score table!
- "Thingyan Moe" sound track!

Additional information

Updated
March 20, 2014

Size
17M

Installs
5,000 - 10,000

Current Version
1.0

Requires Android
2.3 and up

Content Rating
Everyone

DOWNLOAD

http://cdn.2safe.com/213238036119/ngapain´s_thingyan_v1.0_upload_kozawthwin.apk

အဆင်ပြေပါစေ။
Credit..by
ကိုဇော်သွင်(နည်းပညာ)

ကိုဇော်သွင် နည်းပညာ's photo.







ကိုဇော်သွင် နည်းပညာ's photo.



 
ကိုဇော်သွင် နည်းပညာ's photo.
ကိုဇော်သွင် နည်းပညာ's photo.

✔Floating Touch Unlocked Premium v2.7.1 App for Android✔(Latest Version)

✔Floating Touch Unlocked Premium v2.7.1 App for Android✔(Latest Version)

-မိမိတို့ android ဖုန်းလေးပေါ်ကနေပြီး၊install လုပ်ပြီးသား app တွေ၊system ပိုင်း data တွေ၊setting ပိုင်းဆိုင်ရာတွေ၊icon တွေ၊floder တွေ၊ အစရှိ
တာတွေကို ဖုန်းရဲ့ screen widget ပေါ်ကနေ
contorl လုပ်ပြီး ထိန်းချုပ်ကာ အသုံးပြုလို့ရ
စေမယ့် apk ပါ။Premium Latest Version လေးဖြစ်တာမို့ Features တွေစုံစုံလင်လင်နဲ့
အသုံးပြုနိုင်မှာပါ။-

-ဒီ app ကိုအသုံးပြုခြင်းအားဖြင့် ကိုယ်သုံးချင်တဲ့၊ဝင်ရောက်ချင်တဲ့နေရာတွေကို Touch တချက်နှိပ်ပြီး တိုက်ရိုက်အသုံးပြု
ခွင့်ကိုရရှိစေတာကြောင့်၊ကိုယ့်ဖုန်းရဲ့ Touch လည်းသက်သာမယ်၊key button တွေလည်း
သက်သာစေကာ၊မြန်ဆန်သွက်လက်ပြီး၊
အချိန်ကုန်သက်သာစွာ အသုံးပြုခွင့်ရခြင်း၊
စတဲ့ အကျိုးများရရှိစေပါတယ်-

-Apk File Size 4.34MB ရှိပြီး
-Android OS Version 2.3 နှင့်အထက်ရှိ
ထားသောဖုန်းအမျိုးအစားများမှာ ထည့်သွင်း
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။အောက်က လင့်ခ် ကိုနှိပ်၍ ဒေါင်းလုပ်ရယူနိုင်ပါပြီ-

★DOWNLOAD ဆွဲရန် လင့်ခ်★

http://cdn.2safe.com/104930036117/floating_toucher_premium_v2.7.1_by_kozawthwin.apk

-Feature list: တွေကတော့_____________

1. Clear memory
2. Back/Home button (Need ROOT)
3. Favor apps
4. Recent apps
5. Battery display
6. Lock screen
7. System switches
-Screen brightness
-Ring mode
-Bluetooth
-Wi-Fi
-GPS
-APN (Mobile network)
-Rotation
-Flashlight
-Airplane mode
-WIFI hotspot

စတာတွေပါပဲ။

-တကယ်လို့ ဒီ apk ကိုအသုံးမပြုချင်တော့လို့ ပြန်ဖျက်ချင်တယ်ဆိုရင်တော့_______________

go to "System settings" -> "Security settings" -> "Device administrators" deactivate "Floating Toucher", then uninstall Floating Toucher in a normal way.

What's New

V2.7.1 update:

1. Fix "Recent apps" bug, work as previous versions.

2. Fix some force close bugs.

Additional information

Updated
27 March 2014

Size
4.3M

Current Version
2.7.1

Requires Android
2.3 and up

Content Rating
Low Maturity

အဆင်ပြေပါစေ။
Credit..by
ကိုဇော်သွင်(နည်းပညာ)

Related Posts Plugin for WordPress, Blogger...