ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 25 March 2014

အတိုင်းအထွာယူနစ်တန်ဖိုး တွေကို အန်းဒရွိက်ဖုန်းပေါ်မှာအလွယ်ကြည့်ဖို့ APK


Cover art
၁၂ လက်မ ၁ပေ သုံးပေ ၁ ကိုက် ဆိုတဲ့ ကျွန်တော်တို့ငယ်ငယ်က ရွတ်ခဲ့ရတဲ့လင်္ကာလေးမှတ်မိကြမလားမသိဘူးဗျ။ကျွန်တော်ကတော့ မမှတ်မိတော့ဘူး ဟီး။ခုမှမဟုတ်ပါဘူး။ငယ်ငယ်ကတည်းက မရတာပါ။ ခုလည်း ဒီလို အတိုင်းအထွာယူနစ်တွေက အလုပ်မှာသုံးနေတဲ့လူတွေလောက် ပဲ ရတတ်ကြတာပါ။ သုံးလေ့သုံးထမရှိတဲ့လူမျိုးဆို အလွတ်ရဖို့မလွယ်ပါဘူး။ဒီလိုမျိုးအသုံးလိုလာပြီဆို အလွယ်တကူကြည့်နိုင်ဖို့ apk ဆော့ဝဲလေးတစ်ခုမျှဝေချင်ပါတယ်။ unit convertor လေးပါ။
 
 စင်တင်မီတာ၊မီတာ ၊ကိုက်၊ပေ စတဲ့ အတိုင်းအထွာတွေအပြင် မိုင်၊ကီလိုမီတာ။ဖာလုံ စတဲ့ ခရီးအကွာအဝေး တို့ရဲ့ တစ်ခုတစ်ခု ဘယ်လောက်ရှိမလဲဆိုတာချိတ်ဆက်ကြည့်နိုင်ပါတယ်။ အောက်မှာ ဆိုရင် 1 cubit တစ်တောင်နဲ့ ကျန်တဲ့ယူနစ်တွေမှာဘယ်လောက်ရှိလဲဆိုတာကိုကြည့်ထားပါတယ်။အဲဒီ Unit selection နေရာမှာ ကိုသိလိုတဲ့ယူနစ်ကိုရွေးပေးလိုက်ရင် အောက်မှာ ကိုသိချင်တဲ့ ယူနစ်ကိုပြန်ကြည့်နိုင်ပါတယ် value နေရာကနေ တစ်တောင်ဆို တစ်တောင် နှစ်တောင်ဆို 2 စသဖြင့်ရွေးပေးရတာပါ။အသုံးဝင်မယ့်ကောင်လေးဖြစ်လို့တင်ပေးလိုက်ပါတယ်ဗျာ
။အောက်မှာဒေါင်းလုပ်ဆွဲလိုက်ပါ။ပါဝင်တဲ့ယူနစ်တွေကတော့အပေါ်မှာ ကြည့်နိုင်ပါတယ် ခင်ဗျာ.
credit >> ဆေးရိုးသည်
DOWNLOAD
LINK (2)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...