ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Monday 24 March 2014

iPhone 6 နဲ့ iWatch မှာ အဖိုးတန်ကျောက် မျက်နှာပြင်အသုံးပြု




 
Sapphire Crystal လို့ခေါ်တဲ့ အဖိုးတန် ကျောက်မျက်ရတနာ ကို အသုံးပြုပြီးတော့ iPhone 6 နဲ့ iWatch တို့ရဲ့ မျက်နှာပြင် ကို ပြုလုပ် မှာ ဖြစ်ကြောင်း သိရ ပါတယ်။ Apple က တရားဝင်ပြောဆိုတာ မဟုတ်သေးပေမယ့် အိုင်တီ မီဒီယာ အများစု က ဖော်ပြ လာတဲ့ သတင်း တစ်ရပ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ် ကတည်းက Apple တို့က Sapphire Crystal ကို
အသုံးပြုလို့ ဖန်သား မျက်နှာပြင် ဖန်တီးဖို့ စိတ်ကူး ရှိခဲ့ကြောင်း ဆိုပါတယ်။ iPhone6 ရဲ့ မျက်နှာပြင် အရွယ်အစားက ၅ လက်မ ရှိကြောင်း ဆိုပါတယ်။ ၄.၅ လက်မ အရွယ် မဟုတ်တော့ ပါဘူး။ iWatch လို့အမည်ပေးထားတဲ့ စမတ်နာရီလည်း ထွက်ရှိမှာ ဖြစ်ပါတယ်။ အရင်တုန်းက ဆိုရင် iPhone တစ်လုံးနဲ့တစ်လုံး မိတ်ဆက်တာ၊ ရောင်းချ တာ တစ်နှစ်ခြားပါတယ်။ ဒီနှစ်တော့ စောစောစီးစီး ထွက်ရှိမှာ ဖြစ်ပါတယ်။ Appple 6 ကို ပုံမှန် ထုတ်နေကျ ၄.၅ လက်မ နဲ့ ၅ လက်မ အမျိုးအစား ဆိုပြီးတော့ ခွဲခြား ထွက်ရှိမယ်လို့ကော ပြောဆိုနေကြကြောင်း သိရ ပါတယ်။ 
. Ref:pocketlint
 
 
အားလုံးပဲအဆင်ပြေနိုင်ပါစေ

www.winhlaing.org

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...