ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 3 June 2014

BACK LIGHT ပျောက်လျှင်

စက်နိုးသော်လည်းရုပ်မပေါ်ဖြေရှင်းနည်း။ credit to ဆရာကိုမောင်နှိုင်


ပုံထည်းမှာပြထားတဲ့အပိုင်းကို ကိုင်ရမှာပါ။supply ကိုတပ်ထားပြီး ပါဝါမနိုးပဲ တိုင်းကြည့်ပါ့မယ်။supply ရဲ့ test ကိုခလုတ်လေးလှည့်ပြီး အနီရောင်လက်တံနဲ့ထောက်ပါ့မယ်။

 

 

 

စက်မနိုးသေးပဲ supply တပ်ထားတဲ့အနေအထားမှာပဲ ကွိုင်ရဲ့တဘက်တချက်နဲ့ဒိုင်အုပ်သင်္ကေတ

လိုင်းပါတဲ့ဘက်ကို 3.3v ရှိနေရပါမည်။ကျွန်တော်တို့စစ်ရမှာ အဲ့ဒိ ပွိုင့် ၃ ပွိုင့်ကိုပဲ စစ်မှာပါ။

ဘာဖြစ်လို့လဲဆိုရင်တော့ ic ကောင်းခြင်း၊မကောင်းခြင်းကို အဲ့ဒိ    ပွိုင့်၃ပွိုင့်နဲ့ စစ်မှာပါ။

အကယ်၍ နံပါတ် ၁ နေရာလေးမှာ volt ပျောက်နေရင်အောက်ကပုံထည်းကကောင်လေးကိုကိုင်ရမှာပါ။

 


 

 

 

နံပါတ်၁ကိုလက်တံအနီထောက်လျှက်ပါဝါနိုးပါမည်။နံပါတ်၁တွင်3.3voltမှ3.5volt ပြောင်းသွားရပါမည်။ဒါဆို
ရင်ဘက်လိုက်အချက်ပြလမ်းကြောင်းကောင်းလို့ပါ။ဘက်လိုက်လမ်းကြောင်းမကောင်းရင်အခုလိုပြောင်းမည်
မဟုတ်ပါ။အချက်ပြလမ်းကြောင်းသည်နံပါတ်၁နေရာလေးနှင့်အိုင်စီ၏pin-no-6ကို လည်းတပြိုင်နက်ဝင်ပါသည်။လမ်းကြောင်းတဆက်ထည်းဖြစ်ပါသည်။အိုင်စီ၏အထွက်သည်pin-no-4 ဖြစ်ပါ
သည်။ထို pin no 4 နှင့်လမ်းကြောင်းတဆက်ထည်းကပုံထည်းကအမှတ် နံပါတ် ၂ ပါ။နံပါတ် ၁ တွင် 3.5 voltရောက်သလိုနံပါတ် ၂ တွင်လည်း ကွိုင်ကောင်းသည်ဆိုလျှင် 3.5 volt ရောက်နေပါမည်။ထို volt မတွေ့ရင်အဲ့ဒိကွိုင်ကိုလဲရပါမည်။

နံပါတ်၂နေရာမှာsupplyနှင့်တိုင်း၍သာမန်voltအဖြစ်တွေ့နေရပေမဲ့ဘက်လိုက်အိုင်စီမှဘက်လိုက်အချက်ပြ
ခုန်လှိုင်းပါရှိနေမည်ကိုမေ့၍မရပါ။အိုင်စီမှအချက်ပြခုန်လှိုင်းမပါလျှင်နံပါတ်၂တွင်သာမန်voltအဖြစ်သာရှိနေ
ပါမည်။display လင်းမည်မဟုတ်ပါ။ထိုအချက်ပြခုန်လှိုင်းနှင့်ကွိုင်နံပါတ် ၂ မှ3.5 volt တို့သည် carrier သဘောတရားအရဒိုင်အုတ်၏တဘက်သို့ကူးသည်နှင့်displayတပ်ထားမည်ဆိုပါက နံပါတ် ၃ နေရာတွင်23 volt သို့ပြောင်းသွားပါသည်။back light ic ပျက်နေခြင်း၊display ပျက်ခြင်း၊conector မှကြေးငုတ်လေးများ နိမ့်နေ၍အဆက်အသွယ်မရှိခြင်း၊conector ခဲချက်လွတ်နေခြင်းများဖြစ်နေပါက 3.5 volt  အဖြစ်သာတွေ့ရ

ပါလိမ့်မည်။

 


 

 

 

နံပါတ် ၃နေရာတွင် ဒိုင်အုတ်ပျက်နေရင်တော့ မည်သည့် volt မှတွေ့မည်မဟူတ်ပါ။ဘက်လိုက်လင်းချိန် 23 volt ရှိပြီး၊ဘက်လိုက်မှိန်ချိန်တွင် 3.3 volt သည်စက်သား၏ကောင်းမွန်သောအခြေအနေပင်ဖြစ်ပါသည်။
နံပါတ် ၃ ဒိုင်အုတ်၏လမ်းသည် A(+)ဖြစ်ပါကြောင်း LCD သို့ jumperလုပ်လိုသူများအတွက်ဖေါ်ပြလိုက်ရ
ပါသည်။
ဗဟုသုတအဖြစ်သူ့ schematicမဟုတ်သော်လည်းလေ့လာလိုသူများအတွက်-

 



သိမ်းထားလိုသူများအတွက်-http://www.mediafire.com/download/8qa0ine74c0vtom/backlight+pdf.pdf
   အောင်မြင်ကြပါစေ။

12 comments:

  1. meater နဲ့ ဘယ်​လို ​ထောက်​တယ်​ .မီတာကို ဘယ်​​နေရာမှာ လှည့်​ထားပြီး တိုင်းရမယ်​ဆိုတဲ့ အ​ခြေခံ​လေးကို ပုံနှင့်​တကွ တင်​​ပေး​စေလိုပါတယ်​. ခုမှစပြီး​လေ့လာဆဲမို့ပါ.

    ReplyDelete
    Replies
    1. ဘဝမှတ်တိုင်: Back Light ပျောက်လျှင် >>>>> Download Now

      >>>>> Download Full

      ဘဝမှတ်တိုင်: Back Light ပျောက်လျှင် >>>>> Download LINK

      >>>>> Download Now

      ဘဝမှတ်တိုင်: Back Light ပျောက်လျှင် >>>>> Download Full

      >>>>> Download LINK Ba

      Delete
  2. ဒီထက်​မက ​အောင်​မြင်​မှု ရပါ​စေ​နော်

    ReplyDelete
  3. Y535 Connector ဖြတ်တ်ာခဲ့ကျွှတ်လိုပုံနဲပတ်လမ်းပြောပေးပါလားဆရာ

    ReplyDelete
  4. Y535 Connector ဖြတ်တ်ာခဲ့ကျွှတ်လိုပုံနဲပတ်လမ်းပြောပေးပါလားဆရာ

    ReplyDelete
  5. ကျေးဇူးပါဆရာ

    ReplyDelete
  6. 511 vol ပြတယ် black light ဖြစ်နေတုန်းပဲ

    ReplyDelete
  7. Lua u22ကback lightမရလို့ ကူညီပါလားဆရာ

    ReplyDelete
  8. ကျေးဇူးပါဆရာ

    ReplyDelete
  9. ကျေးဇူးပါဆရာ

    ReplyDelete
  10. ကျေးဇူးတင်ပါတယ်

    ReplyDelete
  11. ဆရာ C8825 sim ​မဖတ်​လို့ sim way ​လေးအလင်းပြ​ပေး​စေလိုပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...