ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 25 June 2014

Android ထုတ်ကုန်တစ်ခု၏ Boot Animation ကို ပြောင်းလဲခြင်း




Android ထုတ်ကုန်တစ်ခုဟာ ဈေးကွက်ထဲမှာရှိတဲ့ အခြားထုတ်ကုန်တွေထက် စိတ်ကြိုက်ပြင်ဆင် အ သုံးပြုနိုင်တဲ့ အားသာချက်ရှိပါတယ်။ Android ထုတ်ကုန်တစ်ခုကို root မလုပ်ထားရင်တောင်မှ Google Play က အသုံးတည့်စေတဲ့ app တွေနဲ့ ပြင်ဆင် အသုံးပြုနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်း ကတော့ Android ထုတ်ကုန်တစ်ခုရဲ့ boot animation ကို ပြောင်းလဲတဲ့နည်းလမ်း ဖြစ်ပါတယ်။

Boot Animation ဆိုတာဘာလဲ

Boot Animation ဆိုတာကတော့ Android ထုတ်ကုန်တစ်ခုကို ပါဝါဖွင့်လိုက်တာနဲ့ တွေ့မြင်ရတဲ့ လှုပ် ရှားနေတဲ့ လိုဂို သို့မဟုတ် ဓာတ်ပုံတစ်ခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဖုန်းကို ဖွင့်ဖွင့်ချင်းမှာ ဟန်းဆက် ထုတ်လုပ်သူရဲ့ လိုဂိုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ root-access ရှိတယ်ဆိုရင် ဖုန်းရဲ့ boot animation ကို ပြောင်းလဲနိုင်ပါတယ်။ Boot animation ကို ပြောင်းလဲတဲ့ အတွက်ကြောင့် ဖုန်းဖွင့်ဖွင့်ချင်း ပေါ်လာတဲ့ လိုဂို သို့မဟုတ် ဓာတ်ပုံနေရာ မှာ ကိုယ့်စိတ်ကြိုက်ပုံကို အစားထိုး ထည့်သွင်းနိုင်ပါတယ်။ ပြုလုပ်ပုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) Google Play store ကနေ Boot Animations app ကို download လုပ်ပါ။ Google Play store ကနေ download လုပ်လို့မရရင် 1Mobile Market ကနေ download လုပ်နိုင်ပါတယ်။

(၂) Download လုပ်ပြီးရင် app ကို ဖွင့်ပါ။

(၃) App ကို ဖွင့်ပြီးရင် boot animation တွေကို ရယူဖို့အတွက် “Server” section ကိုနှိပ်ပါ။ ပြီးရင် စာရင်းထဲက နှစ်သက်ရာ boot animation ကိုနှိပ်ပါ။



(၄) ရွေးချယ်ဖို့အတွက် option တွေ ပါတဲ့ pop up menu တစ်ခုပေါ်လာရင် “Install” ကို နှိပ်ပါ။



(၅) မိနစ်အနည်းငယ် စောင့်ဆိုင်းပြီးရင် အဆိုပါ boot animation ကို အလိုအလျောက် download လုပ်ပြီး install လုပ်ပေးပါလိမ့်မယ်။

(၆) Install လုပ်ပြီးရင် Android ထုတ်ကုန်ကို restart လုပ်လိုက်ပါ။ ပြောင်းလဲမှုကို မြင်တွေ့ရပါမယ်။



Ref: MakeTechEasier
Internet Journal

1 comment:

  1. Samsung Galaxy J7 (2015) v6.0.1 မှာLogo changeချင်လို့Resolutionကိုဘယ်လိုရွေးရမလဲဗျကျွန်တော့ဖုန်းရဲ့Resolutionက1280×720ပါ
    ကျေးဇူးပြုပီးလမ်းပြပေးပါဦးခင်ဗျ

    ReplyDelete

Related Posts Plugin for WordPress, Blogger...