ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 3 June 2014

Samsung ဖုန်း Version 4.3,4xx တွေမှာ (ျ ,ု ) တွေကပ်နေသူများအတွက်




Samsung ဖုန်းတွေမှာ ခုနောက်ပိုင်းထွက်တဲ့ Version တွေမှာ Root ထားတဲ့ ဖုန်းတွေဖြစ်ဖြစ်
Root မလုပ်ထားတဲ့ ဖုန်းတွေဖြစ်ဖြစ် ”ျ ” ”ု  ” တွေကပ်နေတာမြင်တွေ့ရမှာပါ …

အလွယ်တကူဖြေရှင်းနည်းလေးကို စမ်းသပ်တွေ့ရှိခဲ့သဖြင့် ပြန်လည်မျှဝေလိုက်ပါတယ် …
ယခုနည်းလမ်းကို Root ရှိသည်ဖြစ်စေ … Root မရှိသည်ဖြစ်စေ အသုံးပြုလို့ရပါတယ် …

အသုံးပြုလျှင် Root ရှိတဲ့ ဖုန်းအတွက်ကတော့ iFont ရှိရင် အလုပ်ဖြစ်ပါတယ် …
Root မရှိတဲ့ဖုန်းတွေအတွက်ကြတော့ iFont နဲ့ Zawgyi One Flipfont  နှစ်ခုရှိရပါမယ် …

အရင်ဆုံး ဖုန်းရဲ့ Setting ထဲက Language & Input > Default Keyboard မှာ Samsung Keyboard ပဲထားပါ …iFont ကို Install လုပ်ပါ … ပြီးလျှင် … iFont ထဲဝင်ပါ … ပြီးလျှင် Search box မှ Helvetica S ဟုရိုက်၍ရှာပါ …တွေ့ရှိပါက Install ပြုလုပ်ပါ … ပြီးလျှင် ဖုန်း Setting ထဲမှ Language & input မှ Default Keyboard မှာ Bagan Keyboard ဖြစ်ဖြစ် Frozen Keyboard ဖြစ်ဖြစ် မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါသည်။
 
ပြီးလျှင် Reboot ချပါ … ပြန်တက်လာလျှင် စာများစမ်းသပ်ရိုက်ကြည့်နိုင်ပါပြီ …Bagan Keyboard အသုံးပြုပါက ”ျ ” ”ု  ” သည် အရင်ကလို သိသိသာသာ ကပ်တော့မည်မဟုတ်ပါ။Frozen Keyboard အသုံးပြုပါက ”ျ ” ”ု  ” သည် ကပ်တော့မည်မဟုတ်ပါ …


Credit : Myanmarmobileapp

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...