ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Thursday 5 June 2014

♪ Samsung က Galaxy Tab 4 Nook ကို ကြေညာ ♫

Photo: Samsung က Galaxy Tab 4 Nook ကို ကြေညာ
===================================

Samsung က Barnes&Noble နှင့် ပူးပေါင်းပြီး Galaxy Tab 4 Nook ဟု အမည်ရသည့် တက်ဘလက် အသစ်ကို ကြေညာလိုက်ပါသည်။ ဈေးသက်သာသည့် တက်ဘလက် ဖြစ်ကြောင်း သိရပါသည်။ 

Hardware အပိုင်းတွင်  ဧပြီလတွင် ကြေညာခဲ့သော Samsung Galaxy Tab 4.7 နှင့် ဆင်တူပါသည်။ ခုနစ်လက်မအရွယ် 1280x800 Pixels Resolution Display , 1.2GHz Quad-Core Processor, 1.5GB RAM တပ်ဆင်ထားပါသည်။ အလေးချိန်မှာ ၂၇၆ ဂရမ် ဖြစ်ပြီး MicroSD Card အသုံးပြုနိုင်ပါသည်။ Internal Storage ကို ကြေညာခြင်း မရှိသော်လည်း Galaxy Tab 4.7 တွင် 8GB နှင့် 16GB နှစ်မျိုးထည့်သွင်းထားပါသည်။ 

Galaxy Tab 4 Nook သည် ဆော့ဝဲ အပိုင်းတွင် Galaxy Tab 4.7 နှင့် ကွာခြားပြီး ကိုယ်ပိုင် User Interface ကို အသုံးပြုထားပါသည်။ ထို့အတွက် အမေရိကန် စာအုပ် အရောင်းဆိုင် ဖြစ်သည့် Barnes&Noble ၏ သုံးသန်းကျော်သော စာအုပ်များ ၊ မဂ္ဂဇင်းများ ၊ သတင်းစာများကို အလွယ်တကူ ကြည့်ရှု ၀ယ်ယူနိုင်မည် ဖြစ်သည်။ သို့သော် Android ၏ စွမ်းဆောင်ချက်အချို့ပါရှိမည် မဟုတ်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ ယခင် Nook မျိုးဆက် တက်ဘလက် တွင် Google Play Store အသုံးပြုနိုင်သည့် အတွက် Galaxy Tab 4 Nook တွင်လည်း ထည့်သွင်းပေးနိုင်ပါသည်။ 

ကုမ္ပဏီ နှစ်ခုက Samsung Galaxy Tab 4 Nook ကို အမေရိကန် တွင် သြဂုတ်လ အစောပိုင်း ၌ ရောင်းချမည် ဟု မျှော်လင့်ရပါသည်။ ဈေးနှုန်းကို မသိရှိရသေးပါ။ Galaxy Tab 4.7 ၏ ဈေးနှုန်း ဖြစ်သည့် ဒေါ်လာ နှစ်ရာ အောက်ဖြင့် Galaxy Tab 4 Nook ကို ရောင်းချမည် ဖြစ်သည်။ 

Barnes&Noble က Samsung နှင့် တက်ဘလက် ထုတ်လုပ်သော်လည်း သူ၏ e-reader ထုတ်လုပ်သည့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်မည် ဟုပြောပါသည်။ 

သူရ

Myanmar Digital Life Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...