ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 11 May 2014

Facebook မှ Profile Photo, Cover Photo အားသူများကူးယူ၍ မရအောင်လုပ်ခြင်း



facebook-updates-1024x768-wallpapers
Facebook မှ Profile Photo, Cover Photo အားသူများကူးယူ၍ မရအောင်လုပ်ခြင်း နည်းပညာကို Facebook အသုံးပြုသူတိုင်း စိတ်ဝင်စားမယ်လို့ထင်ပါတယ် … PC, Android, iOS သုံးမျိုးလုံးမှာ ပြုလုပ်လို့ရပါတယ် … သိပြီးသားသူတွေရှီသလို မသိရသေးတဲ့သူတွေလဲရှီမှာ … ထို့ကြောင့် မျှဝေလိုက်သည် … ကဲစရအောင်ဗျာ …
၁။ မိမိ အသုံးပြုတဲ့ PC ဖြစ်ဖြစ် Mobile ဖြစ်ဖြစ် Browser ကို အသုံးပြုရမှာဖြစ်ပါတယ် … Mobile Phone မှာအတွက် ထုပ်ထားသော Facebook Application များတွင်အသုံးပြု၍မရသည့်အတွက် Browser ကို အသုံးပြုခြင်းဖြစ်ပါတယ် …
၂။ Browser ကိုအသုံးပြုပြီး www.facebook.com သို့သွားပြီး မိမိအကောင့်ကို ဝင်လိုက်ပါ … ပြီးရင် Facebook Home ကိုသွားပြီး မိမိ Profile (သို့) Cover ထားလိုသောပုံကို ရွေးချယ်၍ ပုံ၏ ညာဘက်အောက်ထောင့်နားတွင်ရှီသောနေရမှာ Friend အစား Only me ပြောင်း၍ Post တင်လိုက်ပါ … Post တင်ပြီးသောအခါတွင် မိမိတစ်ဦးတည်းမြင်ရမှာဖြစ်ပါတယ် …
1
၃။ မိမိတင်လိုက်တဲ့ ပုံကို Click တစ်ချက်နှိပ်ပါ။ ထိုအခါ Option lable ကိုတစ်ချက်နှိပ်ပြီး  Make Profile Picture (သို့) Make Cover Photo ကိုရွေးခြင်းဖြင့် မိမိ Profile (သို့) Cover ကိုပြောင်း လဲစေပါ။
2014-05-11_22-16-00
၎။ ထို့နောက် မိမိ Facebook Timeline မှ Photo ထဲသို့ဝင်ပါ။
2
၅။ ပြီးနောက် Your Photos ထဲသို့သွားပါ။ ထိုအခါ မိမိ Profile (သို့) Cover ပြုလုပ်ထားသောပုံကိုတွေ့ရပါလိမ်မယ် …
3
၆။ မိမိ Profile (သို့) Cover ပြုလုပ်ထားတဲ့ပုံကိုတစ်ချက်နှိပ်လိုက်ပါ။ ထိုအခါ ပုံပေါ်လာပါလိမ့်မည်။ ပုံ၏ ညာဘက်အပေါ်ထောင့်နားတွင် Edit ကိုတစ်ချက်နှိပ်ပေးပါ။
5
၇။ Edit နှိပ်လိုက်ပါက အောက်ကပုံအတိုင်း မြင်တွေ့ရပါလိမ့်မယ် … Firend နေရာမှာ Only me လို့ပြောင်းလဲပေးလိုက်ပါ။
6
ထိုအခါ မည်သူမှ မိမိ Profile (သို့) Cover Photo တို့ကို Copy ကူယူခြင်း Save as လုပ်ခြင်းရတော့မည်မဟုတ်ပါ။ ယခု tutorial သည် Copy ရယူလို့မရအောင် ဖော်ပြခြင်းဖြစ်သည့်အတွက် … Copy ရယူလို့ရအောင် ပြုလုပ်နည်းကို မဖော်ပြတော့ပါ … :P
အားလုံးအဆင်ပြေကြပါစေခဗျာ …
Sharing – Thaw Tar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...