ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Friday 2 May 2014

Amazon ၏ Smartphone ထွက်လာတော့မည်

 Photo: Amazon ၏ Smartphone ထွက်လာတော့မည်
==========================
ကမ္ဘာတစ်လွှားတွင်လူသုံးများလျက်ရှိသော Online စတိုးတစ်ခုဖြစ်သည့် Amazon က၎င်းတို့၏ကိုယ်ပိုင်စမတ်ဖုန်းထွက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။
Amazon က Kindle Fire Tablets တွေကိုထုတ်လုပ်ပြီးနောက်ပိုင်းတွင် Smartphone ထုတ်လုပ်ဖို့ကိုစိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ယင်းရည်မှန်းချက်ကို ယခုအခါတွင်လက်တွေ့အကောင်အထည်ဖော်ရန်ကြိုးပမ်းနိုင်တော့မည်ဖြစ် သည်ဟုဆိုသည်။
ယင်းဖုန်းကို Button သုံးခုနဲ့တည်ဆောက်ထားပြီးစပီကာနှစ်လုံးကိုအောက် ဖက်တွင်တပ်ဆင်ထားသည်ဟု သိရသည်။
လက်ရှိသိရှိရသည့်သတင်းအရဆိုရင် Amazon ၏ Smartphone ဖုန်းကို ၄.၇ လက်မရှိတဲ့ HD မျက်နှာပြင် ၊ Quad-Core Chipset ထည့်ထားသည့် Qualcomm ၊ 2GB ရှိတဲ့ RAM အပြင် 13MP ရှိတဲ့နောက်ကင်မရာစသည့် စနစ်တွေဖြင့်ထည့်သွင်းတည်ဆောက်ထားသည်ဟုဆိုသည်။
ယင်းဖုန်း၏ Android စနစ်ကို Amazon ဗာရှင်းဖြင့်ပြုလုပ်ပေးထားမှာဖြစ် ပြီးဈေးနှုန်းကိုတော့ Google Nexus ၏ဈေးနှုန်းနှင့်အနေအထားတူညီမှုရှိမည့် အနေအထားတွင်ရှိကြောင်းသိရသည်။
Ref : PCQuest
Wai Phyo Aung (TSJ Team)
 
No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...