ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 25 February 2014

Sony Xperia Z2 ထွက်ပြီ


 
MWC မှာ ထုတ်ဖော်ခဲ့တဲ့ ဆိုနီရဲ့ flagship စမတ်ဖုန်း Xperia Z2 ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကထုတ်ခဲ့တဲ့ Z Series ထဲမှတော့ သူက 5.2 လက်မနဲ့ ပိုပြီး မျက်နှာပြင် ကျယ်ပါတယ်။ ဆိုနီ ရဲ့ အကြီးဆုံး phablet တစ်လုံးဖြစ်တဲ့ Xperia Z Ultra ရဲ့ နဘေးတွင် အတွင်းက Specs
တွေတိုးတက်စွာနဲ့ ဖြစ်ရှိခဲ့တာကတော့ Z2 ပဲဖြစ်ပါတယ်။
အတွင်းအစိတ်အပိုင်းများ
2.3GHz quad-core Qualcomm Snapdragon processor ဖြစ်ပြီး အရင် Z တွေအတိုင်းပဲ 20.7-megapixel ကိုသုံးပါတယ်။ 1/2.3-inch image sensor တွေပါဝင်ပြီး 4K videos တွေကို ရိုက်ကူးနိင်ပါတယ်။ 3GB RAM ရှိပြီး 3,200 mAh သုံးပါတယ်။ ကင်မရာ အသစ် အသစ်သော အစိတ်အပိုင်းတွေ အများကြီးပါဝင်နေပါတယ်။ 120 frames per second ဗီဒီယိုတွေကို ရိုက်ကူးနိင်တဲ့ Timeshift video ပါပြီး slow motion effect တွေရရှိ ရိုက်ကူးနိင်တဲ့ အနှေးအာရုံခံတွေလည်းပါဝင်ပါသေးတယ်။
အသံ
အရင်ထွက်ရှိခဲ့တဲ့ Z1 ရဲ့ အားနည်းချက်ဖြစ်တဲ့ ကို ပြန်လည်း ဖြည့်ဆည်းပေးတဲ့ အနေနဲ့ stereo audio recording တွေပြုလုပ်နိင်တဲ့ STM10 stereo mic ကိုထည့်သွင်းပါဝင်ပေးခဲ့ပါတယ်။ ထို စတူရီယို စပီကာဟာ ဆိုရင် ဆူညံမူတွေကို အလို အလျောက်ဖယ်ရှာပေးမဲ့ ဒီဂျစ်တယ် နည်းပညာ တစ်ခု ဖြစ်ပါတယ်။ ရေစိုခံ၊ သံချေးတက်ခံနိင်ပြီး ဆိုနီရဲ့ အမြင့်စား နည်းပညာ စမတ်ဖုန်း တစ်လုံးပင် ဖြစ်ပါတယ်။ လာမဲ့ ၂၀၁၄ခုနှစ် မတ်လမှာ တစ်ကမ္ဘာ့လုံးကို ထွက်ရှိမဲ့အတွက် စောင့်မျှော်ရဖို့ရှိပါတယ်ခင်ဗျာ  ....
 
 
Aung Heine ( www.smart.com.mm )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...