ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 16 February 2014

HTC M8 မှာ ကင်မရာ ၃ လုံးပါရှိ

HTC One ပြီးတော့ နောက်ထွက် စမတ်ဖုန်း အသစ် တစ်ခု အနေနဲ့ M8 ထွက်ရှိမှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ နောက်ကျောမှာ ကင်မရာ ၂ လုံး ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။

Dual shot camera ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံ အရည်အသွေးကို ထွက်ရှိစေမှာ ဖြစ်ပါတယ်။ UltraPixel camera ပါဝင်ပြီးသား စမတ်ဖုန်း ကို နောက်ထပ် ကင်မရာ တစ်လုံး ထည့်ပေးတာ ဖြစ်တာကြောင့် ဓာတ်ပုံ အရည်အသွေး ဘယ်လောက်ကောင်းလာမယ်ဆိုတာ ခန့်မှန်းလို့တောင် မရ ပါဘူး။ ကင်မရာ တစ်လုံး တိုးပေမယ့် ဓာတ်ပုံ ၂ ပုံ ရိုက်ဖို့ မဟုတ်ပါဘူး။ ပိုမို အရည်အသွေး ကောင်းမွန်တဲ့ ပုံထွက် ရရှိဖို့ ဖြစ်ကြောင်း ဆိုပါတယ်။ အဓိက အားဖြင့်ကတော့ resolution နဲ့ Wide ပိုကြီးတဲ့ စမတ်ဖုန်းကို ရရှိ နိုင်မှာ ဖြစ်ပါတယ်။

၅ လက်မ အရွယ် မျက်နှာပြင်၊ 1920 x 1080 resolution ရှိပြီး Quad core 2.3 GHz processor ပါဝင် ပါတယ်။ RAM 2GB ရှိပါတယ်။ ရှေ့ မှာ ပါဝင်တဲ့ ကင်မရာကလည်း ထူးထူးခြားခြား ကင်မရာ 5 Megapixel အရည်အသွေး ရှိပါတယ်။ Android 4.4 KitKat ကို အသုံးပြုထား ပါတယ်။ HTC Sense 6.0 ဗားရှင်းလည်း ပါဝင် ပါတယ်။ HTC M8 ကို လာမယ့် မတ်လ အတွင်း အမေရိကန် နယူးယောက်မြို့မှာ ထုတ်ဖော် ပြသ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint

Credit to Smart Pro Journal

Aung Min Han
Photo: HTC M8 မှာ ကင်မရာ ၃ လုံးပါရှိ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...