ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Friday 14 February 2014

ဆက်သွယ်ရေး နည်းဥပဒေကို အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲပြီး အဓိက အချက်ကိုးချက် ပါဝင်မည်


 ရွှေတိဂုံဘုရားတွင် မိုဘိုင်ဖုန်း အသုံးပြုသူများကို တွေ့ရစဉ်
 ဆက်သွယ်ရေး နည်းဥပဒေကို အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲပြီး အဓိက အချက်ကိုးချက် ပါဝင်မည် Friday, February 14, 2014 ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဆက်သွယ်ရေး နည်းဥပဒေကို အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ စံချိန်စံညွှန်းမျာနှင့်အညီ ရေးဆွဲပြီး အဓိက အချက်ကိုးချက် ပါဝင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။

အဓိကပါဝင်မည့် အချက်ကိုးချက်မှာ

(က) ဆက်သွယ်ရေး ဝန်ဆောင်မှုတွင် ဈေးကွက်ယှဉ်ပြိုင်မှု (Competition) ပါဝင်လာမည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအတွက် ယုံကြည်မှုရှိစေမည့် နည်းဥပဒေ အချက်အလက်များ၊

(ခ) ဆက်သွယ်ရေး ဝန်ဆောင်မှုအား ကျေးလက်မြို့ပြဒေသရှိ ပြည်သူများ အရည်အသွေး ဈေးနှုန်းကို ရွေးချယ်သုံးစွဲနိုင်ခွင့် ရရှိစေမည့် နည်းဥပဒေ အချက်အလက်များ၊

(ဂ)နိုင်ငံတော်၏ လေလှိုင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးများနှင့်အညီ အခွန်အခ ရရှိစေမည့် နည်းဥပဒေ အချက်များ၊

(ဃ) အော်ပရေတာ လိုင်စင်ခွန်ကဲ့သို့ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများ နည်းဥပဒေ အချက်များ၊

(င) ကိန်းဂဏန်းစနစ်ဆိုင်ရာ အခွန်အခ ရရှိစေမည့် နည်းဥပဒေ အချက်များ၊ 

(စ) အခြားအပြည်ပြည်ဆိုင်ရာတွင် ကျင့်သုံးသော နည်းဥပဒေဆိုင်ရာ အချက်များမှ မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် နည်းဥပဒေ အချက်များ၊

(ဆ) စာချုပ်ဖောက်ဖျက်ခြင်း သတ်မှတ်ချိန် ပြီးစီးမှုမရှိခြင်း၊ အခွန်ဆောင်မှု မရှိခြင်းများအတွက် ဆောင်ရွက်နိုင်မည့် နည်းဥပဒေဆိုင်ရာ အချက်များ၊

(ဇ) နိုင်ငံတော် လုံခြုံရေးနှင့် နိုင်ငံတော်၏ ဆက်သွယ်ရေး ကွန်ရက်လုံခြုံမှုကို အကာအကွယ်ပေးနိုင်မည့် နည်းဥပဒေဆိုင်ရာ အချက်များ၊

(ဈ) အခြားလိုအပ်သော နည်းဥပဒေဆိုင်ရာ အချက်များစသည့် အချက်ကိုးချက်အပြင် အခြားလိုအပ်သည့် အချက်များကိုလည်း နိုင်ငံတကာနည်းတူ ရေးဆွဲပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း သိရသည်။     
 
Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...