ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 19 February 2014

ဖုန်းခေါ်ဆိုခ အံ့သြစရာ နှုန်းထားဖြင့် Ooredoo ဈေးလျှော့ကောက်ခံမည်




 အော်ရီဒူးက ဝန်ဆောင်မှု ပေးမည့် ဖုန်းဆင်းမ်ကတ် အသုံးပြုသူများကို တစ်မိနစ်လျှင် ၄၅ ကျပ်နှုန်းဖြင့် ကောက်ခံမည်ဟု ယခင်က ကြေညာ ထားသော်လည်း စတင်ရောင်းချမည့် ဇူလိုင်လ
နီးကပ်လာလျှင် အံ့သြစရာ ဈေးနှုန်းအထိ ထပ်မံလျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း အော်ရီဒူးမြန်မာမှ အမှုဆောင် အရာရှိချုပ် Ross Cormack က The Voice သို့ ပြောကြားသည်။

“အပြင်မှာ လူတွေပြောနေကြတဲ့ ဈေးနှုန်းက တင်ဒါတင်တုန်းက ဖော်ပြထားတဲ့ ဈေးနှုန်းပါ။ အဲဒါက အကြမ်းဖျင်း ဈေးနှုန်းပါ။ တကယ့်ဈေးနှုန်း အစစ်မဟုတ်ပါဘူး။ ဈေးနှုန်း အတိအကျကို ဇူလိုင်လ နားနီးမှ တရားဝင် ထုတ်ပြန်မယ်။ အံ့အားသင့်စရာ ဈေးနှုန်း ဖြစ်စေရမယ်” ဟု ၎င်းကဆိုသည်။
ယမန်နှစ်က ဆက်သွယ်ရေးတင်ဒါ ရွေးချယ်ခံရပြီးနောက် ဆင်းမ်ကတ်တန်ဖိုး ၁၅၀၀ ကျပ်နှင့် မိုဘိုင်းလ် ဖုန်းခေါ်ဆိုခ ၄၅ ကျပ်ဖြင့် ကောက်ခံသွားမည် ဖြစ်ပြီး 3G စနစ်ဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း အော်ရီဒူးမြန်မာ ကုမ္ပဏီက ထုတ်ပြန် ကြေညာထားသည်။

“ဈေးနှုန်းကို အခုဘာကြောင့် မပြောနိုင်သေးလဲဆိုတော့ လောလော ဆယ်မှာက အပြိုင်အဆိုင် လုပ်နေကြတဲ့ အချိန်ဖြစ်တာကြောင့်ပါ။ ဆင်းမ်ကတ်တွေကို အော်ရီဒူးက အစောဆုံး စရောင်းမယ်။ ဆင်းမ်ကတ် ဈေးနှုန်းကတော့ ၁၅၀၀ ပဲဖြစ်မှာပါ” ဟု အဆိုပါ အရာရှိက ဆိုသည်။
 
ဆက်သွယ်ရေး အော်ပရေတာများ အပြိုင်အဆိုင် ဖြစ်နေသောကြောင့် တရားဝင်ဈေးနှုန်း မပြောကြားသေးခြင်း ဖြစ်ပြီး တကယ်ရောင်းချချိန်တွင် ဈေးနှုန်း အပြောင်းအလဲများစွာ ရှိမည်ဟု မထင်ကြောင်း ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

“အော်ရီဒူးက 3G စပေးမယ်ပြောတယ်။ 3G စနစ်ကို ခပ်ပေါပေါရမယ်တော့ မထင်ဘူး” ဟု ၎င်းကဆိုသည်။
ပြိုင်ဘက်ကုမ္ပဏီ တစ်ခုဖြစ်သော တယ်လီနောမြန်မာ ကုမ္ပဏီကလည်း မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခများကို အတိအကျ ထုတ်ပြန်သွားရန် အစီအစဉ် မရှိသေးဘဲ ဆင်းမ်ကတ်များ စတင်ရောင်းချမည့် ကာလနီးမှသာ တရားဝင် ကြေညာသွားမည်ဟု ဆိုသည်။
 
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း ယခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခများ လျှော့ချသွားမည်ဟု ကြေညာထားသည်။
 
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...