ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 16 February 2014

(၀၀၈) LG L5 II Review

LG ရဲ့ L5 ဖုန်းတွေ ပြည်တွင်းဈေးကွက်ကို ၀င်လာပြီးတဲ့နောက် အခုအခါမှာတော့ L5 ရဲ့မျိုးဆက် L5 II တွေရောက်ရှိလာပြန်ပါပြီ။ LG ရဲ့ထုံစံအတိုင်း အရည်အသွေးကောင်း ပစ္စည်းတွေပဲ တပ်ဆင်သုံးစွဲထားတာ ဖြစ်တဲ့အပြင် စမတ်ဖုန်းအမြင့်ကြီးတွေကို ဈေးကြီးပေး မ၀ယ်ယူနိုင်သေးတဲ့ သူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၁၇၀,၀၀၀ ကျပ် ၀န်းကျင် နဲ့ ဖုန်းဆိုင်တွေမှာ ၀ယ်ယူနိုင်တယ် လို့ LG Myanmar ကနေ သတင်းရရှိပါတယ်။

Display
L 5 II ဟာမျက်နှာပြင် ၄လက်မရှိပြီးတော့ 233 PPI (Pixel Per Inch) ဖန်တီးပေးထားပါတယ်။ ရုပ်ထွက်ကတော့ တော်တော်ကောင်းမွန်ပြီး တပ်ဆင်ထားတဲ့ Screen အမျိုးအစားက IPS LCD Capacitive Touchscreen ဖြစ်ပါတယ်။

Hardware & OS
MTK 6575 Chipset ကိုတပ်ဆင် သုံးစွဲထားပြီး OS ကတော့ အန်းဒရွိုက် 4.1.2 (Jelly Bean) ဖြစ်ပါတယ်။
CPU, GPU
ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ လျင်မြန်စေဖို့ 1GH CPU ထည့်သွင်းပေးထားတာ ဖြစ်ပြီး ဖုန်းရဲ့ရုပ်ထွက် ဂရပ်ဖစ်နဲ့ အန်နီမေးရှင်းတွေ အတွက် GPU ကိုတော့ Power VR SGX531 သုံးစွဲပေးထားတာပါ။

Memory
အချက်အလက်တွေ သိုလှောင်ဖို့ ဖုန်းတွင်းမှတ်ဥာဏ် 4GB စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် ဖုန်းရဲ့ System Software တွေ ပါဝင်တာကြောင့် 1.4GB သာ User အတွက်သုံးလို့ရမှာ ဖြစ်ပါတယ်။ microSD Card လည်း 32GB အထိ သုံးစွဲနိုင်ပြီး 512 MB RAM စီစဉ်ပေးထားပါတယ်။

Camera
ကင်မရာကတော့ 5MP အရည်အသွေးနဲ့ ရုပ်ထွက်က 2560x1920 Pixels ဖြစ်ပါတယ်။ AutoFocus, LED Flash, Geo-Tagging စတဲ့ Feature တွေလည်း အစုံအလင် ပါဝင်ပြီး Video ကို VGA @ 30fps ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာတော့ ပါဝင်လာခြင်း မရှိပါဘူး။

Connectivity
GSM/WCDMA နှစ်မျိုးလုံးမှာ ချိတ်ဆက်သုံးစွဲနိုင်ပြီး ရိုးရိုး SIM Card နဲ့ပဲ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Data Transfer
Data တွေကူးပြောင်းဖို့ GPRS, EDGE, HSPDA စနစ်တွေသာမက Wi-Fi 802.11 a/b/g/n နဲ့ Bluetooth 3.0, NFC, USB, micro USB စတဲ့ စနစ်တွေပါ ထည့်သွင်းစီစဉ် ပေးထားပါတယ်။

Design, Body & Battery
လက်ရှိဈေးနှုန်း ၁၇၀,၀၀၀ ကျပ်ဖြစ်ကာ ဖုန်းရဲ့ အလေးချိန်က ၁၀၃ဂရမ်သာ ရှိပြီးတော့ Battery ကတော့ Li-ion 1700 mAh တပ်ဆင်သုံးစွဲထားကာ 3G ကွန်ရက်မှာ ဖုန်းပြောချိန် ၉နာရီခန့် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Credit..by..
(ဇေယျာစံ)
 
Photo: (၀၀၈) LG L5 II Review
===================================

-----------------
(ဇေယျာစံ)
 
No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...