ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 16 February 2014

Saumsung Galaxy S5 ကို မြင်တွေ့ရဖို့ သိတ်မကြာတော့

ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင်ကျင်းပမည့် Mobile World Congress တွင် ၄င်း၏ ထုတ်ကုန်သစ် တမျိုးကို ဖွင့်ဟ ပြသသွားမည် ဖြစ်ကြောင်း ဆမ်ဆောင်း မှ ကြေညာခဲ့ကြောင်း သတင်းရရှိပါသည်။
Mobile World Congress တွင် ၀င်ရောက်ပြသမည့် Show ကို Unpacked 5 ဟု အမည်ပေးထားသည့်အတွက် အဆိုပါ ပွဲတွင် Samsung Galaxy S5 ကို မိတ်ဆက်ပြသသွားဖွယ် ရှိနေကြောင်း ဒေးလီးမေးလ် သတင်းစာ မှ ခန့်မှန်းပြောကြားခဲ့သည်။ ထို့အပြင် ဆမ်ဆောင်း သည် ၄င်း၏ ကမ္ဘာကျော် Galaxy စီးရီးများ Mobile World Congress, CES စသည့် နိုင်ငံတကာ ပြပွဲကြီးများတွင် မိတ်ဆက်ပြသခဲ့ဖူးသည့် အစဉ်အလာ ရှိခဲ့သည်။ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် Mobile World Congress 2013 တွင် Galaxy S4 ကို မိတ်ဆက်ခဲ့ဖူးကြောင်း သိရသည်။
ယခု ထွက်ပေါ်လာသည့် သတင်းများအရ Galaxy S5 တွင် 2,560x 1,440 ultra high-resolution အသုံးပြုထားသည့် AMOLED display နှင့် Samsung မှတည်ဆောက်ထားသည့် 64-bit eight-core Exynos ပရိုဆက်ဆာကို အသုံးပြုဖွယ်ရှိနေသည်။ ထို့အပြင် 16-megapixel ကင်မရာ၊ RAM 3GB နှင့် 4,000 mAh ဘက်ထရီတို့ကို အသုံးပြုလာနိုင်ပြီး အခြား လုပ်ဆောင်ချက်အဖြစ် ဒီဇိုင်းအသစ် သတ္ထုကိုယ်ထည် အပြင် လက်ဗွေဖတ်သည့်စနစ်နှင့် သုံးစွဲမှု ခံနိုင်ရည် ရှိသည့် ဘက်ထရီ နည်းပညာတို့ ပေါင်းစပ်ပါဝင်လာနိုင်ကြောင်း ဒေးလီးမေးလ် သတင်းစာ မှ ဖော်ပြထားပါသည်။

Credit..by..
(ဇေယျာစံ)
 
Photo: (၀၀၅) Saumsung Galaxy S5 ကို မြင်တွေ့ရဖို့ သိတ်မကြာတော့
==================================

-------------------------
(ဇေယျာစံ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...