ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Monday 24 February 2014

Samsung က Galaxy S5 ကို ကြေညာပြီ


Samsung က စွမ်းဆောင်ရည်မြင့် Galaxy S5 ကို Mobile World Congress မှာ ကြေညာလိုက်ပါတယ်။ အနောက်ဘက်က Galaxy Note 3 လို Leather နဲ့ ဖုံးအုပ်ချုပ်လုပ်ထားသလို ထင်ရအောင် ပြုလုပ်ထားပေမယ့် ဒီဇိုင်း ကအနည်းငယ် ကွာခြားပါတယ်။

အရင်က သတင်းတွေအရ 4K Display တပ်ဆင်ထားမယ်လို့ သိရပေမယ့် တကယ်တမ်းမှာ Galaxy S5 မှာ ၅.၁ လက်မ Full HD Super AMOLED 1080p Display တပ်ဆင်ထားပါတယ်။ ဒါပေမယ့် S5 ရဲ့ Specification များ က ကောင်းမွန်ပါတယ်။ Qualcomm Snapdragon Quad-Core 2.5GHz Processor, 2GB RAM, 16 or 32 GB Storage တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera နဲ့ မျက်နှာချင်းဆိုင်မှာ 2.1 Megapixel Camera တပ်ဆင်ထားပါတယ်။ ကင်မရာက Ultra HD Video များ ကို ရိုက်ကူးပေးနိုင်ပါတယ်။ 2800mAh Battery တပ်ဆင်ထားပါတယ်။

Samsung က ကင်မရာ ကို အလွန်ကောင်းမွန်အောင်ပြုလုပ်ပေးထားပါတယ်။ ၀.၃ စက္ကန့် အတွင်းမှာ Auto Focus ပြုလုပ်နိုင်င်ပါတယ်။ Real-Time HDR စွမ်းဆောင်ချက်ပါရှိလာပြီး ဓာတ်ပုံ၊ ဗီဒီယို များကို ရိုက်ကူးနေစဉ်မှာ HDR Effect ကို Live Preview ပြပေးနိုင်ပါတယ်။ Shot and More က ဓာတ်ပုံအများအပြားကို တစ်ပြိုင်နက် ရိုက်ကူးနိုင်ပြီး အကောင်းဆုံးပုံတစ်ပုံ ကို ရွေးချယ်နိုင်ပါတယ်။ Android 4.4 KitKat ကိုအသုံးပြုထားပြီး LTE အသုံးပြုနိုင်ပါတယ်။ အလွန်လျှင်မြန်တဲ့ WiFi 802.11ac standard ကို အသုံးပြုနိုင်ပါတယ်။

Galaxy S5 ဟာ ရေစိုခံနိုင်ပြီး IP67 စံနှုန်း သတ်မှတ်ချက်ရှိပါတယ်။ ရေအနက် သုံးပေ အထိ ယူဆောင်အသုံးပြုနိုင်ပါတယ်။ MWC မှာပဲ ကြေညာခဲ့တဲ့ Sony Xperia Z2 က IP58 စံနှုန်း သတ်မှတ်ချက်ရှိပြီး S5 လောက် ဖုန်မှုန့်ဒဏ် မခံနိုင်ပေမယ့် S5 ထက် နက်ရှိုင်းတဲ့ ရေအနက် ကို ယူဆောင်သွားလို့ရပါတယ်။

iPhone 5S မှာလိုပဲ Galaxy S5 မှာ Fingerprint Scanner ကို Home Button မှာ တပ်ဆင်ထားပါတယ်။ Scanner ပေါ်မှာ လက်ချောင်း ကို ပွတ်ဆွဲပြီး ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ ဒါပေမယ့် Samsung က စွမ်းဆောင်ချက်အနည်းငယ် ထပ်ဖြည့်ထားပါတယ်။ Documents များကို Password အစား လက်ဗွေရာ နဲ့ ကာကွယ်ထားလို့ရပါတယ်။ PayPal ကနေ ငွေလွှဲတာ ကိုလည်း Scanner ကိုအသုံးပြုနိုင်ပါတယ်။

S5 မှာ နှလုံးခုန်နှုန်း ကို တိုင်းတာ ပေးတဲ့ Sensor ပါရှိလာပါတယ်။ အနောက်ဘက်မှာ တပ်ဆင်ထားပြီး လက်ချောင်းများမှာ သွေးလည်ပတ်စီးဆင်းတဲ့နှုန်း ကို တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ချက်ဖြစ်ပေမယ့် Google Play Store မှာ ဒီလို စွမ်းဆောင်နိုင်တဲ့ ဆော့ဝဲ များ ရှိတယ်လို့ ကျွမ်းကျင်သူများ က သုံးသပ်ပါတယ်။

S5 မှာ LTE နဲ့ WiFi ကို တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ Download Booster စွမ်းဆောင်ချက်ပါရှိလာပါတယ်။ 600-650 Mbit/s အမြန်နှုန်း ရရှိမယ်လို့ သိရပါတယ်။ Power Saving Mode ကလည်း ဘက်ထရီသက်တမ်း ကို နှစ်ဆ အသုံးခံအောင်ပြုလုပ်ပေးနိုင်ပါတယ်။

S5 ရဲ့ ဒီဇိုင်း က ပြောင်းလဲသွားပေမယ့် အလွန်ပြောင်းလဲသွားတာတော့ မဟုတ်ပါဘူး။ အရှေ့ဘက် က Galaxy S4 နဲ့ ဆင်တူပါတယ်။ S5 ကို အရင်မျိုးဆက်တွေထက်ပိုမို ကြည့်ကောင်းအောင် ပြုလုပ်ထားပါတယ်။ အနက်ရောင်၊ အဖြူရောင် ၊ အပြာရောင် ၊ ရွှေရောင် တို့ ထုတ်လုပ်ပေးထားပါတယ်။

S5 ကို စမတ်နာရီများ နဲ့ အတူ အမေရိကန် မှာ ဧပြီလ မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။ ဈေးနှုန်း ကို Samsung က ကြေညာခြင်းမရှိသေးပါဘူး။

Myanmar Digital Life Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...