ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Friday 21 February 2014

GSM Arena for Android



ကမ္ဘာပေါ်မှာ ဖုန်းတစ်လုံးချင်းစီရဲ့အသေးစိတ်အချက်အလက်များကိုအစုံလင်ဆုံးဖော်ပြပေးတဲ့ Website ရှိပါတယ်။ အဲဒါကတော့ GSM Arena ဖြစ်ပါတယ်။ ယင်း site ဟာဖုန်းတစ်လုံး အသစ်ထွက်လိုက်တာနဲ့ မိနစ်ပိုင်းမခြား အချိန်နဲ့တစ်ပြေးညီ ယင်းဖုန်းရဲ့အကြောင်းကို အသေးစိတ်အချက်အလက်များနဲ့အတူ ဖုန်းရဲ့အားနည်းချက်အားသာချက်များကို ဖော်ပြပေးနေတာကြောင့် ဖုန်းတစ်လုံးအကြောင်းသိချင်သူတိုင်း ယင်း website ကိုမကြည့်လို့မရလောက်အောင်ကို စုံလင်မှုရှိလှတဲ့ နံပါတ် ၁ Mobile Reviews Website ဖြစ်ပါတယ်။

အခု Android ဖုန်းအသုံးပြုသူတွေအတွက် GSM Arena Website ကိုသီးသန့်ဝင်ကြည့်စရာမလိုအောင် ‘GSM Arena’ Mobile Application ကိုပြုလုပ်ပေးလိုက်ပါတယ်။ ဒီ application လေးကိုဖုန်းထဲမှာသွင်းထားခြင်းအားဖြင့် ကမ္ဘာပေါ်မှာထွက်ရှိထားသမျှ မိုဘိုင်းဖုန်းတစ်လုံးချင်းစီရဲ့အသေးစိတ်အချက်အလက်များကို ကိုယ့်ဖုန်းထဲကနေအချိန်မရွေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကိုအသုံးပြုရန် ဖုန်းမှာအင်တာနက်တော့ဖွင့်ထားဖို့လိုပါတယ်။

GSM Arena for Android ကို ဒီ Link မှာရယူနိုင်ပါတယ်။
 

 GSM Arena for Android အားရယူရန်


  Credit to - www.mmapp.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...