ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 20 April 2014

Facebook တွင် လုံခြုံစိတ်ချစွာ ရှိနေဖို့အတွက် အကြံပြုချက် (၇) ချက်



photo:google

Facebook တွင် လုံခြုံစိတ်ချ အစစ်အမှန် မဟုတ်သော ကမ္ဘာသည် အန္တရာယ်တစ်ခုပင် ဖြစ်နိုင် သည်။ ဖေ့ဘုတ်ခ်တွင် သင်သည် ဘေးအန္တရယ်မှ ကင်းဝေးရန် အောက်ပါအချက် ၇ ချက်ကို
အသေအချာ ဖတ်ရှုပါ။

၁။ အများနှင့် သက်ဆိုင်ခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ပါ။

ဒါကတော့ ရှေ့သို့ ဖြောင့်တန်းနေတယ်လို့ သင် တွေးထင်နေလိမ့်ပါမယ်။ ပြီးတော့လူအများဟာ ထင်မြင်ချက်အောက်နေ သူတို့တွေ ပုန်းကွယ်နှင့်ပြီးဖြစ်သည်။ သို့သော် သင်ဟာ ၎င်း categories အများအပြားတွင် ဆက်တင်ကို မသုံးဘူးဆိုရင်တခြားလူတွေ က သင့်ရဲ့ အချက်အလက်တွေ ကို မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ ဒါကတော့ဖေ့ဘုတ်လ်အကောင့် အတွက် အလွန်အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။ သင်ကိုယ်သင်ကာကွယ်ရန် click Account> Privacy settings> Profileinformation ဆီသွားပါ။ Categories ၁၂ ခုလုံးအတွက် သင့်ရဲ့ သီးသန့်တည်ရှိမှုကို ချိန်ကိုက်ပါ။ အဲဒီနောက်မှာ Privacy> Contact information ကို ပြန်သွားပါ။ သင့်privacy ဆက်တင်မှာရှိတဲ့ categories ၉ ခုလုံးကို ပြင်ဆင်ပါ။


၂။ သင်ကို ရှာဖွေရေးအင်ဂျင်တွင် ရှာဖွေခွင့်မပြုပါနှင့်။

တစိမ်းတရံလူများရဲ့ သင့် စာမျက်နှာကို ဆက်သွယ်လာမှုကို တားဆီးရန် Account> Privacy settings> Search သို့သွားပါ။ ဖေ့ဘုတ်ဘ် ရှာဖွေရေး ရလဒ်အတွက် ‘Only friends’ ဆိုတာ ကို ရွေးချယ်ပါ။


၃။ သင်ရဲ့ အချက်အလက်အပြည့်အစုံတွေကို တခြားကုမ္ပဏီများဆီ မလွှဲပြောင်းဖို့ ဖေ့ဘုတ်ခ်ကို ခွင့်မပြုပါနဲ့။

သင်က သူတို့ကို ခွင့်ပြုလိုက်မယ်ဆိုရင် ဖေ့ဘုတ်ခ်သည် ကုမ္ပဏီတွေဆီ သင့်ရဲ့ကောက်ကြောင်း ပုံတွေကို ကြေငြာ အကြောင်းအရာတွေနဲ့ သုတေသနလုပ်ငန်းတွေအတွက် ဆက်သွယ်လာမှာ ဖြစ်ပါ တယ်။ သူတို့က သူတို့ရဲ့ ကြေငြာတွေမှာ သင့်အချက်အလက်တွေကို သုံးစွဲသွားနိုင်တယ်။ ဒါတွေကို ရပ်တန့်အောင် လုပ်ဆောင်ဖို့အတွက် Account> Privacy>Settings>Applications and websites ကို ကလစ်ပါ။ နောက်တဖန် ‘Instact Personalisation Pilot Program ’ ကို သွားပြီး ‘Edit setting’ ကို ကလစ်ပါ။ ဖန်သားပြင်ရဲ့အောက်ဆုံးမှာ ပုံးလေဟာ အမှန်ခြစ် ထားတာမှာရှိတဲ့အတွက် အသေအ ချာ ပြုလုပ်ပါ။ ဘယ်ကြေငြာမှာမှ သင့်အချက်အလက်တွေ မပေါ်အောင် အသေအချာ လုပ်ဆောင်ရမှာက Account> Account Settings> Facebook Adaverts ဆီသွားပါ။ ‘no one’ on ‘Allow ads on platform pages to show my information to’ နှင့် ‘Show my social actions in Facebook ads to’ တခု ကို ရွေးချယ်ပါ။


၎။ တခြားသောသူမှ သင် အကောင့်ကို သုံးမသုံး အသေအချာ လုပ်ပါ။

အရင်ပတ်က ဖေ့ဘုတ်ခ်မှာ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အကြောင်းအရာအသစ်ဖြစ်ပါတယ်။
အဲဒီfeature အသစ်က သင်အကောင့်ကို ဆက်သွယ်ဖို့ ကြည့်ရှုစစ်ဆေးမယ့် devices များကို ခွင့်ပြုခြင်း ဖြစ်ပါတယ်။ Account> Account settings > Account security သို့ သွားပါ။ ‘Wouldyou like to receive notifications for logins from new devices’ ကို ကလစ်ပေးပြီးနောက်မှာအောက်မှာ ရှိတဲ့ ‘Yes’ ကို ကလစ်ပါ။ အကောင့်ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ သင်သုံးနေတဲ့ device နာမည်ကို သင်ကိုမေးနေ ပါလိမ့်မယ်။ အဲဒီ့နောက်မှာ ၎င်းက သင့်အီးမေးလ်ဆီ ပို့ပါလိမ့်မယ်။ အခုချိန်မှာတော့သင်မသုံးတဲ့ device မှ သင့် အကောင့်ကို တခြားတယောက်က ၀င်ရောက်မယ်ဆိုရင်အီးမေးလ်က ပြောပြတာကို သင်သည် လက်ခံ ရရှိပါလိမ့်မယ်။ ထိုပုံစံမျိုးဖြစ်ပေါ်လာမယ်ဆိုရင် သင်အနေနဲ့ ချက်ချင်း လျှို့ဝှက်နံပါတ်ကိုပြောင်း လဲပေးပြီး ဖေ့ဘုတ်ခ်ရဲ့ Help Centre ကို အကြောင်းအကြားပါ။


၅။ သင့် ပရိုဖိုင်ထဲတွင် မွေးနေ့ရက်ကို အပြည့်မဖော်ပြပါနဲ့။

ဒီအကြောင်းအရာကတော့ မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကိုခိုယူသူတွေ အတွက် ပစ်မှတ်ကောင်းတခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ သင့်ရဲ့ ပိုမိုပြည့်စုံတဲ့ သတင်းအပြည့် အစုံတွေ စုဆောင်းပြီး ဖြစ်နိုင်ချေရှိတဲ့ သင့်ဘဏ် သို့မဟုတ် credit ကဒ် အကောင့်တွေကို ဆက်သွယ်ရယူပြီး အသုံးပြုနိုင်ပါတယ်။ သင်အနေနဲ့မွေးရက်သက္ကရာဇ် အပြည့်အစုံ ထည့်သွားပြီးခဲ့လျှင်ပရိုဖိုင် စာမျက်နှာ ဆီသွားပြီး ‘info’ tab ကို ကလစ်ပါ။ “Edit information” လုပ်ပါ။ အခြေခံ အကြောင်အရာ အချက် လက်အောက်မှာ မွေးသက္ကရာဇ်တွင် လ သို့မဟုတ် ရက်ကိုသာဖော်ပြပါ။ အပြည့်အစုံ မဖော်ပြပါနဲ့။


၆။ သင်သူငယ်ချင်များမှ သင့်ကိုယ်သင် ကာကွယ်ပါ။

သင့် ဖေ့ဘုတ်ခ် သူငယ်ချင်းများသည် applications များကို အသုံပြုလာသောအခါ သူတို့သည် third parties မျာနှင့် သင့် အချက်လက်များကို မတော်တဆ အသုံးပြုလာနိုင်တယ်။ ကာကွယ်ရန်အတွက် Account > Privacy Settings > Applications andwebsites > What your friends can share about you သို့သွားပါ။ ပုံးပုံစံအားလုံးထဲက အမှတ်ခြစ် ထားတာတွေကို ပြန်ဖြုတ်ပြီး save ပြန်လုပ်ပါ။


၇။ သင်ရဲ့ ပင်မစာမျက်နှာမှာ ကြေငြာ မထားပါနဲ့။

ဖေ့ဘုတ်ခ်ပေါ်တွင် သင်ပို့စ်လုပ်သည့်အခါတိုင်း လိပ်စာအပြည့်အစုံ မသုံးမိရန် အသေအချာလုပ်ပါ။

ရွှေအိမ်စည် စာကြည့်တိုက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...