ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 29 April 2014

Custom Rom ဆိုတာ ဘာလဲ ?


Android ထုတ်ကုန် အသုံးပြုသူများအနေနဲ့ Android နဲ့သက်ဆိုင်တဲ့ သတင်းဝက်ဘ်ဆိုက်တွေထံ လည်ပတ်ရောက်ရှိတဲ့အခါမှာ ROM တွေရဲ့အကြောင်းကို ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် Android အသုံးပြုသူအများစုဟာ ROM တွေရဲ့အကြောင်းကို နားလည်သိရှိကြပေမယ့် အချို့သောသူများကတော့ ROM တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိကြပါဘူး။

ဒါကြောင့် custom ROM တွေရဲ့အကြောင်းကို မသိသေးသူများအတွက် custom ROM ကိုအသုံးပြုရာမှာ သိထားသင့်တဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ROM ဆိုတာ ဘာလဲဆိုတာ ရှင်းပြပါမယ်။ ROM ဆိုတဲ့အသုံးအနှုန်းဟာ သိုလှောင်မှုချစ်ပ်တွေပါဝင်တဲ့ Read-Only-Memory ကို အတိုကောက်ခေါ်ဆိုထားခြင်း ဖြစ်ပါတယ်။ ROM ပါဝင်တဲ့ Gameboy ဂိမ်းတွေမှာ ဂိမ်းတွေကို Save လုပ်ဖို့အတွက် သီးခြားနေရာရှိပေမယ့် ဂိမ်းတွေကတော့ Read-Only ဖြစ်တဲ့အတွက် modify ပြုလုပ်နိုင်ခြင်း မရှိပါဘူး။
 ဒီအသုံးအနှုန်းကို Android မှာ ရည်ညွှန်းအသုံးပြုတဲ့အခါမှာတော့ Firmware လို့ သုံးနှုန်းတာ အနီးစပ်ဆုံးမှန်ကန်တယ်လို့ ဆိုရပါမယ်။ ROM ကို Android ထုတ်ကုန်တွေမှာ install လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ Android software/system file တွေကိုဖျက်ခြင်း (သို့) လက်ရှိ ဖိုင်အဟောင်းကို အသစ်နဲ့အစားထိုးခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကွန်ပျူတာ operating system (Windows 7, OS X, Linux) တို့ကို re-install လုပ်တဲ့ လုပ်ငန်းစဉ်နဲ့ တူညီပါတယ်။

Cusom ROMs ဆိုတာဘာလဲ

Android ROM တွေမှာ stock ROM နဲ့ custom ROM ဆိုပြီး နှစ်မျိုးရှိပါတယ်။ Stock ROM ဆိုတာကတော့ Android ဖုန်းကိုဝယ်ယူတဲ့အခါမှာ ပါဝင်လာတဲ့ဖုန်းရဲ့ operating system ဖြစ်ပါတယ်။ Custom ROM ဆိုတာကတော့ Android ဖြန့်ချိမှုတစ်ခုကို ပြုပြင်မွမ်းမံထားခြင်း ဖြစ်ပါတယ်။ Google ဟာ Android source code ကို မည်သူမဆို ပြောင်းလဲအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာကြောင့် လူအများဟာ ၎င်း code ကို ကိုယ်တိုင်ပြောင်းလဲကြပြီး fetaure များထည့်သွင်းကြသလို နှစ်သက်ဖွယ်ကောင်းတဲ့ tweak များနဲ့ ပြောင်းလဲဖြန့်ဝေကြပါတယ်။ ဒါကြောင့် custom ROM တစ်ခုကို homescreen ပြောင်းလဲခြင်း၊ background ၀န်ဆောင်မှုများနဲ့ default software စတာတွေပါဝင်တဲ့ Android ကို ထုတ်ကုန်တစ်ခုပေါ်မှာ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် custom code ပြောင်းလဲပြင်ဆင်မှုအချို့ ပြုလုပ်ထားခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။
 Software ကျွမ်းကျင်ပညာရှင်များဟာ လျင်မြန်ပြီး feature အများစုဖြည့်စွက်ထားတဲ့ ROM တွေကို အတူတကွ ပူးပေါင်းတည်ဆောက်ကြပါတယ်။ လက်ရှိမှာ နာမည်ကျော်နေတဲ့ ROM များကတော့ Android ထုတ်ကုန် ၇၀ ကျော်အတွက် အထောက်အပံ့ပေးတဲ့ CyanogenMod, ပြုပြင်ပြောင်းလဲမှု များစွာပြုလုပ်ထားပြီး ပေါ့ပါးတဲ့ ROM ဖြစ်တဲ့ AOKP အမြင်ကောင်းမွန်အောင် အဓိကထားပြုလုပ်ထားတဲ့ ROM ဖြစ်တဲ့ Android Revolution တို့ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Android တည်ဆောက်မှုများကို သာမန်လူများကသာ ပြုလုပ်ထားခြင်းဖြစ်ပြီး HTC နဲ့ Samsung တို့မှ developer များက ပြုလုပ်ထားခြင်းမျိုး မဟုတ်ပေမယ့် အားနည်းချက်အများအပြားရှိသလို အသုံးပြုတဲ့အခါမှာလည်း အန္တရာယ် မရှိစေပါဘူး။ 
အချို့သော အခြေအနေများတွင် community များက တည်ဆောက်ထားတဲ့ software တွေဟာ ဆယ်ဆမက ပိုမိုကောင်းမွန်တာကိုတွေ့ရပြီး ဖြန့်ချိတဲ့အချိန်ကလည်း တစ်ခုတစ်ခုဝေးကွာခြင်း မရှိပါဘူး။ Android အသုံးပြုသူများအနေနဲ့ HTC နဲ့ Samsung တို့ရဲ့ လက်ရှိ Software နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိဘူးဆိုရင် အောက်ဖော်ပြပါ ၀က်ဘ်ဆိုက်များထံ သွားရောက်လည်ပတ်ပြီး လေ့လာနိုင်ပါတယ်။ လက်ရှိ နာမည်ကျော်နေတဲ့ ROM သုံးခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

- CyanogenMod, http://www.cyanogenmod.com ကတော့ Android ထုတ်ကုန်တွေကို လျင်မြန်စွာနဲ့ အသုံးပြုနိုင်စေမယ့် ROM ဖြစ်ပါတယ်။
- AOKP, http://aokp.co ကလည်း နာမည်ကျော် ROM တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်ကုန်အများစုအတွက် အထောက်အပံ့ပေးထားခြင်း မရှိပေမယ့်လည်း လေ့လာရကျိုးနပ်စေမယ့် ROM ဖြစ်ပါတယ်။
- Android Revolution HD, http://forum.xda-developers.com/showthread.php?t=840040 မှာတော့ HTC ထုတ်ကုန်များကို အများစုအထောက်အပံ့ပေးထားပြီး Asus Transformer နဲ့ Galaxy Nexus တို့ကိုလည်း အထောက်အပံ့ပေးထားပါတယ်။

Custom ROM များကို အသုံးပြုခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများ

- Android ဖြန့်ချိမှုအသစ်ကို ရရှိလိုတဲ့အခါမှာ လပေါင်းများစွာ စောင့်ဆိုင်းရပါတယ်။ ဒါပေမယ့် custom ROM developer များကတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ဖြန့်ချိပေးနိုင်ပါတယ်။ ဒါ့အပြင် feature သစ်တွေပါဝင်ပြီး အားနည်းချက်တွေကို ပြင်ဆင်ပေးထားတဲ့ update တွေကို မကြာခဏဆိုသလို ဖြန့်ချိတဲ့အတွက် ထုတ်ကုန်တွေကို လျင်မြန်စွာနဲ့ အသုံးပြုနိုင်စေပါတယ်။ Custom ROM အများစုကို update ပြုလုပ်တဲ့အခါမှာလည်း over the air (OTA) ဖြင့်ပြုလုပ်နိုင်တာကြောင့် အရာအားလုံးကို re-install မလုပ်ဘဲ သုံးနိုင်ပါတယ်။

- ဖုန်းကို Root လုပ်ပြီးတဲ့ ROM တစ်ခုကို install လုပ်တဲ့အခါမှာ အလွယ်တကူပြုလုပ်နိုင်ပြီး ဖုန်းနဲ့အတူပါလာတဲ့ stock ROM ကိုလည်း ပြောင်းလဲအသုံးပြုနိုင်စေပါတယ်။
- Custom ROM တစ်ခုကို install လုပ်ဖို့အတွက် Android ထုတ်ကုန်ကို Root လုပ်ထားဖို့လိုပါတယ်။ ဒါမှသာ ဖုန်းပေါ်မှ မလိုအပ်တဲ့အရာများကို ဖယ်ရှားခြင်း၊ ဖုန်းကို မွှေနှောက်အသုံးပြုခြင်းတို့ကို ပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Root access လိုအပ်တဲ့ overclocker လိုမျိုး application တွေကိုလည်း အသုံးပြုနိုင်စေပါတယ်။

Custom ROM များရဲ့ စွမ်းဆောင်ရည်

Developer တွေဟာ carrier တွေက ထည့်သွင်းပေးလိုက်တဲ့ app များကဲ့သို့ မလိုအပ်သမျှကို ဖယ်ရှားထားခြင်းနဲ့ kernel ကို အဆင့်မြှင့်တင်ထားမှုများကြောင့် custom ROM တွေရဲ့စွမ်းဆောင်ရည်ဟာ လျင်မြန်ပြီး အသုံးတည့်သလို memory သုံးစွဲမှုကလည်း နည်းပါးရခြင်း ဖြစ်ပါတယ်။

Custom ROM အသုံးပြုရာတွင် သတိပြုရမည့်အချက်များ

- Custom ROM များကို အသုံးပြုတဲ့အခါမှာ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် သတိပြုပြီး အသုံးပြုဖို့လိုပါတယ်။ ပထမဦးဆုံးအနေနဲ့ ROM ထည့်သွင်းခြင်းလုပ်ငန်းစဉ်ဖြစ်တဲ့ flash လုပ်ငန်းစဉ်ကို ပြုလုပ်တဲ့အခါမှာ အမှားအယွင်းတစ်စုံတစ်ရာနဲ့ တွေ့ကြုံနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ ဖြစ်ပွားမှုနည်းပါးလျက်ရှိပြီး အကယ်၍ အမှားအယွင်းတစ်စုံတစ်ရာနဲ့ ကြုံတွေ့ခဲ့ပါက ယခင်အခြေအနေအတိုင်း restore လုပ်နိုင်ပါတယ်။

- Custom ROM ကို install လုပ်တဲ့အခါမှာ clean wipe ကိုပြုလုပ်ဖို့လိုပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ လက်ရှိ data တွေအားလုံးကို ဖျက်ပစ်မှာဖြစ်တဲ့အတွက် အရာအားလုံးကို အရင်ဆုံး back up လုပ် ထားရပါမယ်။
- Custom ROM တွေမှာ အားနည်းချက်ရှိနိုင်ပါတယ်။ အကယ်၍ အားနည်းချက်တွေကို ရှာဖွေတွေ့ရှိတဲ့အခါမှာ ROM forum ပေါ်မှာတင်ပြီး မေးမြန်းမှုများပြုလုပ်ကာ အကြံဉာဏ်များရယူနိုင်ပါတယ်။

- ဖုန်းအသစ်တွေနဲ့ ROM အသစ်တွေဟာ အချိန်တိုင်းလိုလို ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဖုန်းနဲ့လိုက်ဖက်မယ့် ROM ကိုရှာဖွေရာမှာ ဖုန်းအမျိုးအစားနဲ့ ROM ကိုရိုက်ထည့်ပြီး အလိုရှိတဲ့ Android ဗားရှင်းကို ရှာဖွေသင့်ပါတယ်။

ေေရးသားသူ -ဘမ္ဘီ

Credit to http://www.myanmarinternetjournal.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...