ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 25 December 2013

SONY Xperia တွေမှာ Android 4.3 တရားဝင် Update လုပ်နိုင်ပြီ


နာမည်ကျော် ‘Xperia’ ဖုန်းတွေရဲ့ ထုတ်လုပ်သူ SONY ကတော့ ၎င်းတို့ရဲ့ ‘Xperia Z, ZL, ZR နဲ့ Tablet Z’ စတဲ့ Device တွေ အတွက် တရားဝင် အန်းဒရွိုက်ဗားရှင်း 4.3 (Jelly Bean) ကို ထုတ်လုပ်ပေးလိုက်ပါပြီ။ မကြာသေးခင်ကလည်း Xperia Z1 နဲ့ မျက်နှာပြင်ကျယ် Xperia Z Ultra တို့အတွက် အန်းဒရွိုက်ဗားရှင်း 4.3 Update စီစဉ်ပေးခဲ့တာ မို့လို့ အခုဆိုရင် SONY ဖုန်း တော်တော်များများမှာ Android 4.3 ကို တရားဝင် အသုံးပြုလို့ ရပြီဖြစ်ပါတယ်။

Facebook မှာ ‘Live Streaming Video’ တွေပြုလုပ်နိုင်မယ့် App တွေကို ထောက်ပံ့ပေးနိုင်တဲ့ SONY ရဲ့ ‘Smart Social Camera’ ဆိုတာလည်း ဒီဗားရှင်းမှာ ပါဝင်လာပါတယ်။ ဒါ့အပြင် ၂စက္ကန့်အတွင်း ဓာတ်ပုံပေါင်း ၆၂ပုံလောက် ရိုက်ကူးနိုင်တဲ့ ‘Timeshift Burst’ ဆိုတဲ့ App ကိုလည်း SONY ဖုန်းတွေမှာ အသုံးပြုနိုင်ပါပြီ။ SONY ရဲ့ ကိုယ်ပိုင် App တွေဖြစ်တဲ့ Messaging, MyXperia, Walkman စတာတွေ အတွက်လည်း အချိန်နဲ့ တစ်ပြေးညီ Update လုပ်ဖို့ ပိုမိုလွယ်ကူလာပြီ ဖြစ်ပါတယ်။

အခုလို ဗားရှင်းမြှင့်လိုက်ခြင်းဖြင့် ဖုန်းရဲ့ Battery သက်တမ်းကိုလည်း ပိုမိုရှည်ကြာစေမှာပါ။ SONY ရဲ့ ပြောကြားချက်အရ Xperia Themes အသစ်တွေကိုလည်း ဒီဗားရှင်းအသစ်မှာ ထည့်သွင်းပေးထားပြီး သုံးစွဲရ ပိုမိုဆန်းသစ်အောင် ဖန်တီးပေးထားကြောင်း သိရပါတယ်။ SONY Xperia ပစ္စည်းတွေ အတွက် အခုလို Android 4.3 (Jelly Bean) ကို တရားဝင် Update လုပ်နိုင်ခြင်းဟာ သုံးစွဲသူတို့ရဲ့ နေထိုင်တဲ့နိုင်ငံ၊ Carrier ပေါ်မူတည်ပြီး ကွဲပြားမှုရှိနေပါသေးတယ်။

Android 4.3 မြှင့်ပေးလိုက်တဲ့အပြင် ဒီဗားရှင်းမှာ SONY ရဲ့ ကိုယ်ပိုင်ဖန်တီးမှု တွေလည်း များစွာထည့်သွင်း ပေးထားတာကြောင့် Xperia ပိုင်ရှင်တွေကို တရားဝင် Update လုပ်လိုက်ပါလို့ အကြံပြုပါရစေ။ ဒီ SONY Device တွေအတွက် Andorid 4.4 (KitKat) ကိုလည်း SONY အနေနဲ့ မကြာခင်မှာ တရားဝင် Update လုပ်နိုင်အောင် စီစဉ်ပေးသွားပါလိမ့်မယ်။

Source: Android & ME

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...