ကျွန်တော်ရဲ့ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့သူများစိတ်ချမ်းသာခြင်းပြည့်စုံနိူင်ကြပါစေလို့ဆု့တောင်းလျှက်ပါဗျာ၊...

Saturday, 28 December 2013

Samsung Glaxy Note 2 GT-N 7100 Android Version 4.3 မှာ မြန်မာစာ 100% မှန်ပြီ


 

 အားလုံးမင်္ဂလာပါ သည်ပို့စ်လေးကတော့ ကျွန်တော် ဘလော့ကာ တစ်သက် တန်ဖိုး အရှိဆုံးလို့ဘဲ  ကျွန်တော် ပြောလိုက်ခြင်ပါတယ်... သည်လို တန်ဖိုးရှိလာအောင် ကူညီ ထောက့်ပံ့ ပေးသူကတော့
ကျွန်တော့်ရဲ့ ဘော်ဘော်ကြီး  တိုင်ပင်ဖေါ်  တိုင်ပင်ဖက်   ဘလော့ကာ  ကိုဝင်းကမ္ဘာကျော်   ဘဲ ဖြစ်ပါတယ်
ဦးစွာ.. ကိုဝင်း ရေ............... အထူးးးအထူးးးကျေးဇူးဗျာ..........မွမွမွမွ
အဖြစ်က သည်လိုပါ  ကျွန်တော် Glaxy Note 2 N7100 Android Version 4.3 လေးပါဘဲ..
အတော် ဒုက္ခပေးတဲ့ ဖုန်းပါ..ကျွန်တော် မြန်မာဖေါင့်မရလို့  တိုင်ပါတ်နေတာ ၂ ရက် ၂ ည ရှိခဲ့ပါပြီ..
မအိပ်မနေ  ကြိုးစားခဲ့ပါတယ်...နည်းလမ်းပေါင်းလည်းစုံနေတယ်.. ဆရာပေါင်းလည်းစုံနေပြီဗျာ..
အရမ်းစိတ်ညစ်ခဲ့ရတယ်...   ဖြစ်တဲ့ ပြဿနာကတော့...............
 သည်လို ပေါ်လာပြီး Root ပဲလုပ်လုပ် Font Changer ဘဲထည့်ထည့်  မအောင်မြင်ဖြစ်နေပါတယ်...
ဖုန်းမှာ ပထမ Root ဘယ်လိုမှ လုပ်မရတဲ့ပြသနာပါ... လုပ်တာနဲ့
Security  Notice  ဘောက်ကျလာလာပြီး  Root မအောင်မြင်ဖြစ်လာပါတယ်... အဆိုးဆုံးကတော့ဗျာ..
Root မအောင်မြင်မှတော့ Font Changer လည်းသုံးမရပေါ့.. နောက် ဘယ်လိုမှ မတွေ့ကြုံဘူးတဲ့  ပြသနာလေး တစ်ခုပါ  သူကတော့ ကျွန်တော်တို့ သာမာန်ဆို မြန်မာဖေါင့်ကို
Samaung တွေတိုင်းလိုလို Zawgyi One TTF ဆိုတာလေးကို Display > Fontstyle ကနေ ဝင်ချိန်းတာနဲ့
ရကြတာချည်းပါဘဲ  ကျွန်တော့် ဖုန်းအဖြစ်က ဆန်းကျယ်တယ်  အဲတာ ချိန်းမရဖြစ်တယ်ဗျာ...
  ဒီပုံကတော့ Root မအောင်မြင်တဲ့ ပုံပါ....
နောက်ချိသေးတယ် Zawgyi one ttf ချိန်းတဲ့ခါ ချိန်းမရတာလေ...ပြမယ်...
ချိန်းမရဘဲ သူက Uninstall ဘဲလုပ်ခိုင်းနေတာလေ... ပြဿနာကအဲ့ဒါလေ...
အဲဒီတော့ ဘယ်လိုမှ မြန်မာစာမပေါ်နိုင်တော့တာပေါ့....နည်းလမ်းအတော် စုံပါတယ်  ဗျ...
ပထမ..... ဖန်ဝဲလ်ပြန်တင်တယ်... Root ကြည့်တယ်.. မအောင်မြင်ခဲ့ဘူး...
ဒုတိယ... CWM သွင်းပြီး Install Zip From SD Card လုပ်ပြီး Flash လုပ်ကြည့်တယ်..
             နောက်  SSOT_LGNPACKnFontKB.zip  ထည့်ကြည့်တယ်....
သည်လိုနည်းလမ်တွေတင်မက  တခြားနည်းလမ်းများစွာ သုံးပြီး လုပ်ပါတယ် မရပါဘူးးးးး  နောက်တော့
လုပ်ရင်းနဲ့ R00t အောင်မြင်သွားတယ်... ဟောဗျာ ထူးဆန်းပြန်ရော  ဖေါင့်ချိန်ချာ အသုံးပြုမရပြန်ဘူး..
မြန်မာစာတွေကလည်း တခုမှ မမြင်ရတော့ဘူး.... ကျွန်တော် တင်တဲ့ ဖန်ဝဲလ် မှာကို myanmar(zawgyi)
ဆိုတာ အော်တိုပါလာပါတယ်.. ဒါပေမယ့် ဘယ်လိုမှ မမြင်ရပါဘူး ချိန်းလိုက်တာနဲ့  လေးထောင့်တွေဘဲ ဖြစ်နေတယ်....
 ကဲ တိုတိုပြောတော့မယ်.... သည်နေ့ည.. 28/12/2013 နေ့ည 11:45 မှာ ကိုဝင်း နဲ့ ချက်ရင်းပြောရင်း
သူပေးတဲ့ နည်းလမ်လေး ထလုပ်လိုက်တယ်.... အမလေးလေး    ပျော်လိုက်တာများ  ဖလမ်းဖလမ်းဘဲ
ကိုးးးးးးးးးးးးးးလောက်ရှိသွားတယ်...ဟတ်ဟတ်ဟတ်... ဖုန်းတခုလုံး မြန်မာစာတွေကို  ပလူပျံနေတာဘဲ ဗျို့...ေိေိေိ...ကြွားမယ်   နှစ်ရက် နှစ်ည  မအိပ်ခဲ့ရတာ သည်လောက်တော့ သည်းခံပါနော်..ေိေိေိ
နည်းလမ်းလေးကို ရှင်းပြပါ့မယ်...

Samsung Android Version 4.3 နှင့် အထက်မြန်မာစာတွေ မှန်စေဖို့  အတွက် ကို Kyaw Swar Thwin  ဖန်တီးထားတဲ့ .bat ဖိုင်လေးပါ... ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ထားပြီး (Driver တော့ရှိရပါမယ်) .bat ဖိုင်လ်လေးကို Right Click > Run as administrator နဲ့ Run ပေးလိုက်တာနဲ့ အလိုလျောက် မြန်မာစာတွေ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်...။


 အဲနည်းလေး လာပေးတော့ စမ်းလိုက်တာ အောင်မြင်စွာနဲ့ ပျော်ခဲ့ရတယ်ဗျာ...
ပထမဆုံး  အောက်ကဆော့ဝဲလ်လေးကို ဒေါင်းလိုက်ပါနော်...

http://my.pcloud.com/#page=publink&code=h90

နောက်ထပ်မြန်မာစာတွေ အဆင်မပြေသေးရင် ဒီ ကို Djjoe Man (MMF) ရေးထားတဲ့ Font Changer လေးကိုသုံးလိုက်ပါ....။

Font Changer Download Here

 ဒေါင်းလိုက်ပါနော် အဲ့မှာ Download ဆိုတာလေးကိုကလစ်ဒေါင်းပါ။ ရလာတဲ့ zip ဖိုင်လေးကို မိမိတို့ ကွန်ပျူတာမှာ ဖိုင်ဖြည်ပေးလိုက်ပါနော်..နောက် အဲ့ထဲက ပါလာတဲ့ .bat ဖိုင်လေးကို Run ပေးလိုက်ပါ... ဖုန်းကို တချက်ကြည့်ပါ... ပေါ်လာတဲ့ပုံလေးကိုဘဲ  Grant ဆိုတာကလစ်ပေးလိုက်ပါ.. နောက် ပါဝါကျသွားမယ်...ပြန်တက်လာတာနဲ့ ဘော်ဘော်တို့ရေ..ဖလမ်းဖလမ်း ဗျို့.......

အခုလို ကူညီဖြေရှင်းပေးတဲ့ ကိုဝင်း (ခ) ဝင်းကမ္ဘာကျော်
အားအထူးကျေးဇူးတင်ပါကြောင်း...
Credit...by..ဘလော့ခရီးသည် 

10 comments:

  1. အကို font changer သုံးထားတော့ bat ဖိုင်ဆိုတာလေးက root တဲ့ ဆော်ဝဲလားအကို ကျွန်တော်သိပ်မရှင်ဖြစ်သွားလို့ပါ သိခံပြီးကျွန်တော်ကို နဲနဲလောက်ရှင်ပြပါလားအကို ကျွန်တော်လည်း အကိုနဲ့ဘဝတူတွေမို့ပါ note V4.3 ကို root နေတာ ဘယ်လို့မှအဆင်မပြေလို့ပါ အကိုပို့လေးတွေ့မှစိတ်နဲ့ချမ်းသားသွားရတယ် ကျေးဇူးပြုပြီးကျွန်တော်မေးတာလေး ဖြေပေါအကို လေးစားစွာဖြင့်

    ReplyDelete
  2. ကျွန်တော်လဲအကိုနဲ့ဘဝတူးတွေပါ အကိုroot ရသွားတယ်ဆိုတာ ဘယ်ဟာနဲ့ဘယ်လိုroot လိုက်လဲ batဖိုင်လေးဆိုတာ root တဲဇ့ဆော်ဝဲလား နားမလည်လို့ပါအကို note 2 နဲ့အိပ်ရေးပျက်တာတွေများနေပြီ နားမလည်တာလေးကျေဇူးပြုပြီဖြေပေပါအကို

    ReplyDelete
  3. အကို ကူညီပါအုံး keyboard မှာ အတုံးတွေဘဲပေါနေတယ် ဘယ်လိုလုပ်ရမလဲ

    ReplyDelete
  4. ကူညီပါအုံး အကိုရေ root ဘယ်လို့မှလုပ်လို့မရပါဘူး အကိုရေး ဘယ်ဆော့ဝဲနဲ့ root ရမှာလည်း အကို
    ကူညီလို့ရရင်ကူညီပါအုံး .............?

    ReplyDelete
  5. ဘ၀တူတစ်ယောက်ထပ်တိုးလာတယ် လက်ခံပေးကြပါနော် super su ရှိပြီးဖွင့်လို့မရဘူးဗျ root အောင်တဲ့လူတွေရှိရင် ကူညီကျပါဗျာ....

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  6. 22.2.2014 မနက်လေးနာရီမှာ root အောင်မြင်သွားပြီ မရသေးတဲ့လူတွေအတွက်မျှဝေပေးခဲပါတယ်
    သိချင်ရင်တော့လိုက်ခဲ့ အားလုံးပြောပြမယ် mgaungaungsai@gmail.com

    ReplyDelete
  7. Myanmar people want to do it in so difficult way. If only myanmar people are united and just use standard unicode font, mm font problem won't even be a problem for years now.

    ReplyDelete
  8. ဟုတ်ကဲ့ပါဗျာ …… ကျွန်တော်ကတော့ အောင်မြင်သွားပါပြီ Root Access လည်းရပြီလေ … အရင်ကဆိုရင် 4Share apps ကနေပြီး Mobile Odin ကို download ချပြီး Root လုပ်ပါတယ် ပြီးတော့ Super Su ကို download ချပါတယ် ။ ဟူးးးးးးးးးးးးးးး ကျွန်တော်လည်း ခုနလေးတင်ပဲ အထက်က အစ်ကိုကြီးဖေါ်ပြထားတဲ့ နည်းလမ်းအတိုင်းလုပ်ပြီးမှပဲ ကဲဗျာ အခုတော့ my Note -2 Version 4.3 တောင်မှ မြန်မာစာရသွားပါပြီ ဟီးဟီး :) So Good. Everyone for life of key. :)

    ReplyDelete

Related Posts Plugin for WordPress, Blogger...