Android ဖုန်းသို့ Zawgyi Font သွင်းနည်း
by Ko Htun on Friday, May 11, 2012 at 1:51pm ·
Android ဖုန်းသို့ Zawgyi Font သွင်းနည်း
Android ဖုန်းတွေမှာ မြန်မာဖောင့် (ဇော်ဂျီ) သွင်းပုံသွင်းနည်းလေးကို တင်လိုက်တာပါ......
ဘာမှမခက်ခဲပါဘူး..လွယ်လွယ်ကူကူပဲ မြန်မာဖောင့်ကို သွင်းလိုရပါတယ် ..
ပထမဆုံး အနေနဲ့  ဖုန်းကို WiFi နဲ့  အရင်ချိတ်လိုက်ပါ.....
ပြီးရင် Android ရဲ့ Market မှာ Fontomizer SP ဆိုတာကို ရှာလိုက်ပါ တွေ့ ပီဆိုရင် ဖုန်းထဲကို install လုပ်လိုက်ပါ...
ပုံလေးမှာလည်းပြထားပါတယ် .
ဖုန်းထဲကို Fotomizer SP လေးရောက်လာပြီဆိုရင် open လိုက်ပါ ပြီးရင် font အမျိုးအစားတွေအများကြီးထဲက အောက်ဆုံးမှာ Zawgyi -One ဆိုတာလေးကို ရွေးပီး install လုပ်လိုက်ပါ။
install လုပ်ပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ setting ထဲကိုဝင်.....ပြီးရင် Display ->Font style မှာ Zawgyi One TTF ဆိုတာလေးကို ရွေးလိုက်ရင် မြန်မာစာကို မြင်ရပြီဖြစ်ပါတယ်
ကျတော် Samsung Galaxy S , Galaxy SPlus , Glaxy S2 မှာ အပေါ်က အတိုင်းလုပ်တာ အဆင်ပြေပါတယ်..
Gtalk , Gmail , Facebook ........ တွေမှာ မြန်မာစာ(ဇော်ဂျီ) ကို ကောင်းမွန်စွာ မြင်ရပါတယ်
မြန်မာစာကို ရိုက်ဖို့ အတွက်ကတော့ Android ရဲ့ Market iTextMM2 Keyboard ကို ရှာပြီးအင်စတောသွင်းလိုက်ပါ..
ပြီးသွားတာနဲ့  ဖုန်းရဲ့ settings ထဲကိုဝင်ပါ ..
ပြီးရင် Locale and text မှာ iTextMM2 Keyboard ကို အမှတ်ခြစ်လေး လုပ်ပေးလိုက်ပါ..
နောက်တဆင့်က settings-> Locale and text ထဲက Select input method ထဲကို ၀င်ပါ..ပြီးရင်
iTextmm2 Keyboard လေးကိုရွေးပေးလိုက်ရင် မြန်မာလိုရိုက်ဖို့ အတွက် အဆင်ပြေသွားမှာပါ..
ရိုက်ရတာလည်း အဆင်ပြေလွယ်ကူပါတယ်
တချို့  Android ဖုန်းအမျိုးအစားတွေအတွက် setting ပိုင်းမှာ လုပ်ပုံလုပ်နည်းကွဲလွဲနိုင်ပါတယ်..အဆင်မပြေတာရှိရင် comment မှာ ချန်ထားခဲ့ပါ..
Android Market က iTextmm ရဲ့ မူရင်းလင့်လေးပါတင်ပေးထားပါတယ် ။
ဒီမှာပါ ( https://market.android.com/details?id=zawgyi.iTextMM2 )
မူရင်းလင့်လေးမှာ စာရိုက်ပုံကို ဗီဒီယိုဖိုင်လေးနဲ့ ပါ တင်ပေးထားပါတယ်..လိုအပ်ရင်ဝင်ကြည့်လိုက်ပါ..။။

email နဲ့ face book မှာမမြင်ရဘူးရှင့်။ပြောတဲ့အတိုင်းလုပ်တာ။
ReplyDeleteဘဝမှတ်တိုင်: ဖုန်းတွေကိုမြန်မာဖောင်ထည့်နည်း ၃။။ >>>>> Download Now
Delete>>>>> Download Full
ဘဝမှတ်တိုင်: ဖုန်းတွေကိုမြန်မာဖောင်ထည့်နည်း ၃။။ >>>>> Download LINK
>>>>> Download Now
ဘဝမှတ်တိုင်: ဖုန်းတွေကိုမြန်မာဖောင်ထည့်နည်း ၃။။ >>>>> Download Full
>>>>> Download LINK 1h
အကြောင်းပြန်ပေးပါဦး။
ReplyDeleteကျေးဇူးတင်ပါတယ်အကို...နောက်ထပ်ဖုန်းနဲ့ပက်သက်တဲ့
ReplyDeleteနည်းပညာလေးတွေလဲတင်ပေးပါအုံး...အထူးပဲကျေးဇူ
တင်ပါတယ်.
အဆင်ပြေတယ် ဘဝမှတ်တိုင်ရေးးးးး ကျေးဇူး ကျေးဇူး
Deleteကျေးဇူးတင်ပါသည်.
ReplyDeleteဘဝမှတ်တိုင်: ဖုန်းတွေကိုမြန်မာဖောင်ထည့်နည်း ၃။။ >>>>> Download Now
ReplyDelete>>>>> Download Full
ဘဝမှတ်တိုင်: ဖုန်းတွေကိုမြန်မာဖောင်ထည့်နည်း ၃။။ >>>>> Download LINK
>>>>> Download Now
ဘဝမှတ်တိုင်: ဖုန်းတွေကိုမြန်မာဖောင်ထည့်နည်း ၃။။ >>>>> Download Full
>>>>> Download LINK