ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 24 November 2013

အားလုံးသိပြီးနေတဲ့ မြန်မာစာ လုံးဝမှန်စေမယ့် Fepfz 2.1 ထွက်ပြီ


(Credit To "ဆော့ဖ်ဝဲမြို့တော် နှင့် https://www.facebook.com/fepzf)

fepfz ထွက်လာပြီးနောက်ပိုင်း တက်လာတဲ့ status တွေ၊ comment တွေအစ၊ ကိုသူရိန်ရဲ့ ဝင်းဒိုးလိုလူနဲ့ လင်းနပ်လိုလူ အလယ်၊ ကိုကျော်စွာသွင်ရဲ့ အမှန်တရားများကိုရင်ဖွင့်မည်... အဆုံး ဖတ်ပြီးနောက်မှာ fepfz က စခဲ့တဲ့ ဂယက်ဟာ အားအတော်အသင့်ရှိခဲ့မယ်လို့ ခန့်မှန်းရပါတယ်။ နောက်ဆုံးမှာ အချင်းချင်းနားလည်မှုတွေ၊ ပွင့်လင်းမှုတွေ၊ သင့်မြတ်မှုတွေနဲ့ ပြီးသွားတဲ့အတွက် ဘေးလူတစ်ယောက်အနေနဲ့ ဝမ်းသာရပါတယ်။

အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ဖန်တီးခဲ့တဲ့ fepfz ဟာ မထင်မှတ်ဘဲ ဘိလပ်မြေတစ်ခွက် ဖြစ်သွားခဲ့တဲ့အတွက် ဖန်တီးသူတစ်ယောက်အနေနဲ့ ဝမ်းမြောက်မိပါတယ်။ အားပေးကြသူအပေါင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

စာကျက်စရာလေးတွေ ရှိနေသေးတဲ့အတွက် ဒီ Project ကို ခေတ္တရပ်နားထားပါမယ်။ Version 2.1 လေးနဲ့ နှုတ်ဆက်လိုက်ပါတယ်။ Version 2 နဲ့ patch လုပ်တဲ့နေရာမှာ ပိုကောင်းတဲ့လမ်းကို လွှဲပေးထားပါတယ်။ တစ်ချို့အဆင်မပြေတာလေးတွေ ပိုအဆင်ပြေလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အရင်က Version 2 နဲ့ patch လုပ်ထားတဲ့သူတွေ unpatch ပြန်လုပ်ဖို့ လိုပါလိမ့်မယ်။ ပြီးမှ ပြန်ပြီး patch လုပ်ရပါမယ်။ အပန်းမကြီးဘူးဆိုရင် feedback လေးများ ပေးသွားစေလိုပါတယ်။

ကောင်းသောညချမ်းပါခင်ဗျာ။

♥Download here♥
(မူရင်းဒေါင်းလုပ် လင့်ခ်)

     >>>>  DOWNLOAD  <<<<

ကျေးဇူးပြု၍ မူရင်းလင့်အတိုင်း မျှဝေပေးပါခင်ဗျာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...