ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Saturday 16 November 2013

My Apks Pro For Android



ဒီဆော့ဝဲလ်လေးကတော့ ဆော့ဝဲလ်တွေကို Back up ယူထားဖို့ ရယ် Share လုပ်ဖို့ရယ် အတွက်သုံးပါတယ်။

နောက်ပြီး ပလေးစတိုး က ဆော့ဝဲလ်တွေ အင်စတောလုပ်တဲ့ အခါ apk ဖိုင် မကျန်တာ သူငယ်ချင်းတို့သိမှာပါ ။

apk ဖိုင်လိုချင်ရင်တော့ Zapya ဆော့ဝဲလ် နဲ့ ဖုန်း ၂ လုံးရှိမှ အဆင်ပြေမှာဖြစ်ပါတယ်။

ဒီဆော့ဝဲလ်လေးနဲ့ဆိုရင်တော့ ကိုယ့်ဖုန်းနဲ့ကိုယ် ကိုယ်လိုချင်တော့ ဆောဝဲလ်လေးကို Back up ယူလိုက်တာနဲ့ apk ဖိုင် ရရှိမှာ ဖြစ်ပါတယ်။

အသုံးပြုပုံကို ပုံမှာ ရေးထားပါတယ်။

ဖိုင်ဆိုဒ် က ၄၀၀ ကီလိုဘိုက် ကျော်လေးပဲ ရှိပါတယ်။

ဖုန်းမှာ ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်တစ်ခု ဖြစ်ပါတယ် ။

စမ်းသုံးချင်လျှင် အောက်ပါလင့်ကို ကလစ်ပြီး ဒေါင်းပါ ။

https://db.tt/F6ioo5Gz

စကားနည်းနည်းလောက်ပြောခွင့်ပြုပါ ။

* ကျွန်တော် ရှာဖွေတွေ့ရှိတာလေးတွေကို ဒီပေ့ခ်ျလေးမှာ စုစည်းထားတာပါ ။

လူသိများချင်လို့လည်း မဟုတ်ပါ ။


ကျွန်တော်လည်း လေ့လာနေသူတစ်ယောက်ပါ ။ ဘာမှလည်း မသိပါ။

နောက်တစ်ခု က သူငယ်ချင်းတို့ ကျွန်တော့်ပေ့ခ်ျ လေးကို Like သည် ဖြစ်စေ ၊ မ Like ဖူး ဖြစ်စေ

ကျွန်တော် ကျော်ဇင်ဟိန်း (ခ) ဖြူးသားလေး က ဒီ ဖြူးမြို့နယ် က ဖြူးသားလေး ၏ အထွေထွေ မှတ်စု ဆိုဒ်လေးကို ဒီဖေ့ဘွတ်ကြီး မပျက်ခင်အထိ ၊ ကျွန်တော် သေတဲ့အထိ ဆက်တင်နေဦးမှာပါ ။

အမှားအယွင်းများရှိရင်လည်း နားလည် ခွင့်လွှတ်ပေးကြပါ ။

လေးစားချစ်ခင်လျှက်.....

Credit..by
ကျော်ဇင်ဟိန်း (ခ) ဖြူးသားလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...