ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 20 November 2013

မြန်မာဖောင့်ပါဝင်လာပြီးသားဖုန်းများ မြန်မာစာစနစ်ပြောင်းနည်း







မြန်မာဖောင့် အော်ဒီဂျင်နယ် ပါဝင်ပြီးသား ဖုန်းတွေမှာပဲရပါတယ် ။

မြန်မာဖောင့်မှန်မှ မြန်မာစာနစ်မှန်မယ်လို့ထင်ပါတယ် မြန်မာစာမမှန်တဲ့ဖုန်းကို မစမ်းရသေးလို့ပါ ။

မိမိလုပ်လိုသော ဖုန်းအမျိုးအစားမှာ မြန်မာဖောင့်သာပါဝင်ပြီး မြန်မာစာစနစ်ပါတဲ့ 1 GB ကျော်ဖန်ဝဲကို ဒေါင်းရမှာအဆင်မပြေတဲ့သူများကတော့ မြန်မာစာစနစ်ရအောင် ကိုယ့်ဖုန်းရဲ့အထဲမှာ အောက်ကနည်းအတိုင်း မြန်မာစာစနစ်ပါအောင် လုပ်ဆောင်နိုင်ပါတယ် ။ 

မြန်မာဖောင့်ပါဝင်လာတဲ့ဖုန်းတွေရဲ့ Language ထဲမှာ Myanmar ( Zawgyi ) ပါဝင်ပြီးသားပါ စမ်ဆောင်းက Hide လုပ်ထားတာပါ ။
 


"  ပြန်ဖော်ချင်ရင် "

ပုံထဲကအတိုင်း စာလေး 2 လုံးကိုဖြည့်ပေးလိုက်ယုံပါပဲ 





မိမိဖုန်းကို Root လုပ်လိုက်ပါ ။

ပြီးရင် Root Explorer ဆော့ဝဲထဲဝင်လိုက်ပါ system >>> CSC >>> အပေါ်နားက ( R/W ) ဆိုတာလေးကို ( R/O ) လို့ ပြောင်းလိုက်ပါ >>> ပြီးရင် Language.xml ဆိုတဲ့ ဖိုင်လေးကို အကြာကြီးဖိထားလိုက်ပါ Open in Text Editor ဆိုတာကိုရွေးလိုက်ပါ ။

ပြီးရင် ပုံမှာ ဝိုင်းပြထားသည့်အတိုင်း စာလေးကို ဖြည့်ပေးလိုက်ပါ ။

ပြီးသွားရင် ဖုန်းကိုပိတ်ပြီး ပြန်ဖွင့်လိုက်ပါ ။

ဖုန်းစက်တင်ထဲသွားပြီး Language ထဲဝင်ကြည့်လိုက်ပါ Myanmar ( Zawgyi ) ဆိုတာလေး ပေါ်လာနေပါပြီ ရွေးလိုက်တာနဲ့ ဖုန်းတစ်ခုလုံး မြန်မာစာနစ်ပြောင်းလဲသွားပါမယ် ။

____________

ပြီးရင် မိမိဖုန်းထဲက Languages and input ထဲဝင်လိုက်ပါ Samsung Keyboard ဘေးက စက်တင်ဘီးလုံးထဲကို ဝင်လိုက်ပါ ။
Select input Languages ထဲဝင်လိုက်ပါ ။ 
Myanmar ( Zawgyi ) ဆိုတာလေးပေါ်နေတာကိုတွေ့ရပါမယ် ရွေးပေးလိုက်ပါ ။
စမ်ဆောင်းကီးဘုတ်မှာ စမ်ဆောင်းရဲ့မြန်မာကီးဘုတ်ပေါ်လာပါပြီ သင်အသုံးပြူနိုင်ပါပြီ

(( 
 Select input Languages သင်အသုံးပြုလိုသော ဘာသာစကားကီးဘုတ်ကို အမှန်ခြစ်ပေးလိုက်ပါ
Myanmar ( Zawgyi )  နဲ့ English ကို ခြစ်ပေးထားလိုက်တယ်ဆိုပါတော့ သင့်စမ်ဆောင်းကီးဘုတ်မှာ သင်ခြစ်ထားသော 2 ခုရောက်နေပါပြီ ))

စမ်ဆောင်းရဲ့မြန်မာကီးဘုတ်လေးနဲ့ Emoji အရုပ်အလန်းလေးတွေနဲ့ ဖလန်းဖလန်းထလို့ရပါပြီ :)





နည်းပညာကို ချပြ သင်ပြပေးခဲ့တဲ့သူကတော့ ကျနော့်ရဲ့ဆရာ ကို
Min Thike ဖြစ်ပါတယ် ။


အားလုံးပဲ အဆင်ပြေကြပါစေ.... :)
Credit......Post By : Djjoe Man (MMF)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...