ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 13 November 2013

USB ကြိုးမလိုတဲ့ Computer နဲ့ Android ဖုန်းကြား Data Sharing


ဒီအကြောင်းအရာလေးက သိပ်တော့ မထူးခြားပါဘူး မသိကြတဲ့ သူများအတွက် အသုံးဝင်စေမှာပါ
ကျွန်တော်တို့လို User တွေဟာ တနေ့တနေ့ Internet ကနေ apk တချို့ ဒေါင်းလုပ် video တချို့ ဒေါင်းလုပ် mp3 တချို့ ဒေါင်းလုပ် Computer ပေါ်မှာ လုပ်ပီး
Phone ထဲ ပြန်ထည့် ကလိနေကြတာပါ

အမြဲတမ်း USB ထိုးလိုက် ပြန်ထုတ်လိုက်နဲ့ ကြာတော့ Computer Driver ကပဲ ကြောင်သလိုလို ဖုန်းကပဲ ကြောင်သလိုလိုနဲ့ဖြစ်လာတယ်
အဲဒီဒုက္ခကင်းဝေးစေဖို့အတွက် ကျနော် တွေ့ထားတဲ့ နည်းလမ်းတခုကို ရှဲချင်ပါတယ် ဘယ်သူမှ သင်ပြခြင်းမဟုတ်ပါဘူး (Xdeveloper) တွေကိုတော့ Credit ပေးရပါလိမ့်မယ်

(၁) ဆက်သွယ်မဲ့ Computer နဲ့ Phone ဟာ Network တခုတည်းအောက်မှာ ရှိရပါမယ်

ဆိုလိုတာက ကျနော်ဆို Redlink သုံးပါတယ် computer ကို Lan ကနေ internet connect လုပ်ပီး ဖုန်းကိုတော့ Wifi က နေ connect လုပ်ပါတယ် (Router တခုတည်းမှာပါ)
ဒါဟာ Network တခုတည်းအောက်မှာပေါ့

(၂) D: (or) C: မှာ Floder တခု ဆောက်လိုက်ပါ (Sharing ပေါ့ဗျာ)

Folder ပေါ်မှာ Right Click နှိပ်ပါ (အလွယ်ဆိုရင်တော့ Share with ကိုသုံးရင် ရပါပီ)
သေချာအောင် Properties ကို သွားပါမယ်
(၁)Sharing ဆိုတဲ့ tab ကို ဆက်သွားမယ်ဗျာ
(၂) Share ဆိုတာလေးကို click နှိပ်ပါမယ်
ဒါဆိုရင်တော့ File Sharing ဆိုတဲ့ Dialog Box တခု တက်လာပါပီ
(၃) Down Arrow လေးကို နှိပ်ပီး
(၄) Every one ကို ရွေးပါမယ် (အလွယ်ပြောတာပါ နားလည်တဲ့လူတွေ သင့်တော်သလို လုပ်နိုင်ပါတယ်)
(၅) Add လုပ်ပါမယ်
(၆) စထည့်ထည့်ချင်းမှာ Everyone က Readonly ပါ (ကိုက ဖုန်းထဲကနေ ကွန်ပြုတာထဲကို ဘာမှ မပို့ချင်ဘူးဆိုရင်တော့ ဒီအဆင်နဲ့ရပါပီ)
(၇) Read အစား Read/ Write ကို ရွေးပါမယ်

ပိးရင်တော့ Share လိုက်ပါ ဒါဆို ပြည့်စုံသွားပါပီ

(တခါတရံ ကြုံတတ်တာရှိပါတယ် ဘာလဲဆိုတော့ မိမိ Computer က Discoverable လုပ်ထားတာတွေ Sharing Password on ထားတာတွေရှိပါတယ်
ဒါဆိုရင် Control Pannel > Network and sharing Center > Advanced Sharing Setting မှာ Discoverable ကို on  ပီး  Sharing Password ကို off ပေးထားပါ ) 
ပီးရင် ဖုန်းထဲမှာ ES Explorer ကို Install လုပ်ပါမယ်
ပီးရင် ဖွင့်လိုက်ပါ Wifi ကို ဖွင့်ပီး internet ချိတ်လိုက်ပါ
အဆင့်လေးတွေကို ပုံမှာ ပြထားပါတယ်
Search ကို နှိပ်လိုက်ပါ IP address တွေ တက်လာပါမယ်
ကို့ computer IP ကို ၀င်လိုက်ရင် ရပါပီ
(IP ရှာတာတော့ မခက်ပါဘူး တခုချင်းစီ ၀င်ကြည့်ပေါ့ Sharing ဆိုတဲ့ folder ကိုတွေ့ရင် ဒါကို့ computer ပေါ့ဗျာ :3)


အဆင်ပြေကြပါစေလို့ မျှော်လင့်လျက်
Credit...by..
မောင်အောင်လေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...