ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 3 November 2013

C8813တွေအတွက်Step2 Errorရှင်းနည်း


Huawei C8813 Step(2) Error
Huawei C8813 Step(2)
Error
C8813 ကို system update ပေးလို့ update လုပ်လိုက်တဲ့အခါ SIM Card မဖတ်တော့တာတွေ ဖြစ်နေကြပါတယ်။


အဲဒီအချိန်ကျရင် Firmware ပြန်တင်ကြရပါတယ်။
Firmware ပြန်တင်ရင်လည်း Step 2 မှာ update fail ဖြစ်နေတာတွေဖြစ်တက်ကြပါတယ်။
ကျတော်လည်း update fail ဖြစ်လို့လိုက်ရှာရင်း အဆင်ပြေတာလေးတွေ့လို့ပြန်လည်
မျှဝေပေးလိုက်ပါတယ်။
လိုအပ်တဲ့သူများရှိရင် အဆင်ပြေအောင်လို့ပါ………………
 zip file အားရယူပါ။
ရလာတဲ့ zip file လေးကိုဖြည်လိုက်ပြီး ရလာတဲ့ file ထဲက dload folder လေးကို
SD Card ထဲထည့်လိုက်ပါ။
ြဲပီးရင်တော့ Phone ထဲထည့်ပြီး volume up + volume down + power လေးနဲ့ dload လေးကို
install လုပ်ပေးလိုက်ပါ။
ပြီးရင်တော့ Firmware လေးပြန်တင်လို့ရပါပြီ။
ကျတော်ကတော့ Build number 169 ပဲပြန်တင်လိုက်ပါတယ်။
သိပြီးသားဆိုရင်တော့  ဆရာလုပ်သလိုဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်။
Creditကိုတော့သက်ဆိုင်သူအားလုံးကိုပေးပါတယ်ဗျာ….

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...