ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 4 May 2016

Huawei c8813 ရဲ့ Rx cell Tx cell

Group အတွင်းမှ Member များ နဲ့ Admin များအားလုံး မင်္ဂလာပါ ခင်ဗျာHuawei c8813 ရဲ့ Rx cell Tx cell လမ်းကြောင်းလေးတွေပါ အင်တာနာ အဝင် ရီစစ်ဆတာ ကွန်တတ်ဆာ တွေမှာ လေရဲ့ Air Core ကို အသုံးပြုပြီး ground ဆွဲချထားတဲ့အတွက် ကျွန်တော်တို့ မီတာနဲ့တိုင်းတာတဲ့အခါမှာ ဘယ်လိုပဲတိုင်းတိုင်း ground ကျနေမှာပါ တချို့ ဖုန်းတွေမှာ လုံးဝ လိုင်းမသိ No service error တွေကို ဖြေရှင်းလို့မရကြတာဟာဖြင့် ကျွန်တော်တို့ အရေးမပါဘူးလို့ ယူဆထားတဲ့ မလုပ်ဖြစ်ခဲ့တဲ့ Rx cell Tx cell လေးတွေ pa ic ရဲ့ vcc in volt ပေးမဲ့ cpu အောက်နားမှာရှိတဲ့ u6301 u6302 ic လေးတွေကိုလဲ ပစ်ပယ်ထားလို့မရတော့ဘူးဆိုတာ PA ic လဲယုံ RF ic လဲယုံနဲ့ လိုင်းပြန်မတတ်တဲ့ Error တွေက သက်သေပြနေပါပြီ ခင်ဗျာ ပြောချင်တာတခုက ကျွန်တော် ဒီ network Solution ကြီးတခုလုံးကို ရှင်းပြနိုင်သလား ဆိုတော့ ကျွန်တော်ရှင်းမပြတတ်ပါဘူး ရှင်းပြနိုင်မှ post တင်ရမယ်ဆိုရင်တော့ဖြင့် နောက်နှစ်အနည်းငယ် ကြာဦးမလား မသိဘူး အဓိကပြောချင်တာကတော့ u6301 ကနေ pa ic ရဲ့ pin no10 vcc in ကို volt ဝင်ရပါမယ် vbat ကနေ တိုက်ရိုက်ပေးထားတဲ့ volt တွေလဲ ရှိပါတယ် volt ရောက်ရပါမယ် အဲဒါမှ မရသေးရင်တော့ ကြက် solution အရ အခုပြထားတဲ့ ic တွေ ဖြုတ်သာလဲကြည့်ပါတော့ခင်ဗျ Rx Tx အနီးနားဝန်းကျင်မှာ 2.1 volt ရှိရပါမယ် ကျနော် ပိုင်ပိုင်နိုင်နိုင်မရှိတဲ့ solution တခုကိုတင်ထားတဲ့အတွက် လိုအပ်တာတွေ အများကြီးရှိနိုင်ပါတယ် အားမနာတမ်း ထောက်ပြဝေဖန်ပေးကြပါဦး ခင်ဗျား အောက်ကပုံတွေက c8813 အတွက်ပါ c8813D နဲ့ ကွဲလွဲနိုင်ပါတယ် မသိသေးတဲ့ ညီငယ်လေးတွေအတွက် သိသလောက်လေး ပြန်ပြောပြပေးတာပါ




Credit to U Zaw Win Htut

https://www.facebook.com/zawwin.htut.35

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...