ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Monday 2 May 2016

G730-U00 တွေမှာ touch မရတဲ့ပြစ်ချက်လေးအတွက်ပါ။


 Credit..by
ကို ကို အောင်
လိုအပ်သူများအတွက်ပါ။
G730-U00 တွေမှာ touch မရတဲ့ပြစ်ချက်လေးအတွက်ပါ။
အခုပြထားတဲ့ VIO1.8Vနဲ့ VDD2.8V လေးနှစ်ခုမှာ
ဗို့ စစ်ကြည့်ပါ။ အဲဒီလိုဗို့ စစ်နိင်ဖို့ Touch မှန်အပြားကို
connector အထိုင်မှာတတ်ထားပေးဖို့ လိုပါတယ်။
VIO 1.8V ဟာ ပါဝါအိုင်စီMT 6323ရဲ့ pin noL14 မှ
ထုတ်ပေးပြီး VDD 2.8Vကိုတော့ pin no L8တို့  မှတိုက်ရိုက်
ထုတ်ပေးထားတာဖြစ်ပါတယ်။
SDA .SCL လမ်းကြောင်းတွေပေါ်က resistor
လေးနှစ်လုံးကလဲအရေးကြီးပါတယ် တူညီတဲ့
ohm ရှိပြီးတစ်လုံးလုံပြုတ်နေလို့ မရပါဘူး။
TP-INT လမ်းကြောင်းကတော့ Touch ic နဲ့ CPU
အကြား ချိတ်ဆက်ထားတဲ့ Detect လမ်းကြောင်း
ဖြစ်ပါတယ်။connector အထိုင်မကောင်းလျှင်ဖြစ်စေ
touch မှန်မတတ်ထားလျှင်ဖြစ်စေ Touch ic အတွက်
လိုအပ်တဲ့ VDD 2.8Vကိုထုတ်မပေး
တော့ပါဘူး။ဒါကြောင့် connector အထိုင်ကောင်း
ဖို့ လဲအရေးကြီးပါတယ်။
Touch မရလို့  wifi အိုင်စီဖြုတ်ကြည့်ဖို့ မလိုအပ်ပါဘူး။
အထက်တွင်ပြောခဲ့သော အကြောင်းအရာတွေကို
သေခြာအောင်စစ်ဆေးကြည့်ပါ။
အဆင်ပြေကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...