ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 4 May 2016

Huawei C8813 backlight

မင်္ဂလာပါ ခင်ဗျာုကျနော်အနည်းငယ်ပြောချင်တာကတော့ LCD နဲ့ပတ်သက်တဲ့ အကြောင်းအနည်းအကျဉ်းပါခင်ဗျ LCD နဲ့ပတ်သက်ပြီး error တက်လာပြီဆိုရင် အတော်များများက backlight ကိုသာ ပြေးမြင်ကြပါတယ်
LCD ရုပ်မထွက်ခြင်းသည် LCD ကိုယ်တိုင် ပျက်ခြင်းကြောင့်ဖြစ်နိုင်သလို အကြောင်းများစွာ ဖြစ်နိုင်ပါတယ် LCD connector မှာ ငုတ်ပေါင်းများစွာ ရှိပါတယ်ပြောချင်တာက ဘယ်ငုတ်လွတ်လွတ် error တက်မှာပါပဲ Huawei 8813 နဲ့နမူနာပြောပါရစေ LCD လို့ဆိုလိုက်တာနဲ့ ရုပ်ထွက်ပေးမဲ့ ရုပ်ထွက်မှန်ပြင်အမဲကြီးနဲ့ အဲ့ဒီထွက်လာတဲ့ရုပ်ကို ပီပီပြင်ပြင်မြင်ရအောင် အလင်းပေးမဲ့ backlight ပိုင်းကို ခွဲခြားသိရပါမယ်lcd အဟောင်းတစ်ချပ်ကို တစ်လွှာချင်းစီ ခွာကြည့်ဖို့ အကြံပေးချင်ပါတယ်
backlight ဆိုတဲ့နောက်ခံအလင်းထွက်ဖို့ backlight driver ဆိုတဲ့အုပ်စုကပုံမှန်အလုပ်လုပ်ပေးရပါမယ် ပြီးမှ lcd sockect ရဲ့ pin 3ကို led+ volt ပေးရပါမယ် သတိထားရမှာက led+ volt သည် lcd မတပ်ထားသရွေ့ 4.2v ထက်ပိုမရှိနိုင်ပါဘူး lcd တပ်လိုက်ပါမှ lcd sockect ရဲ့ pin 11 က 0.6v ဝန်းကျင်ရှိvolt သည် backlight driver ရဲ့ pin5 control ငုတ်ကို ရောက်ရှိသွားမှသာ backlight driver ic အလုပ်ကောင်းစွာလုပ်ပြီး led တွေလင်းဖို့ လိုအပ်မဲ့ voltအား14volt ကနေ 24volt စသဖြင့် lcd အကြီးအသေးပေါ်မူတည်ပြီး သုံးမဲ့volt ကိုထုတ်ပေးပါတယ် PWM Out လမ်းကြောင်းလို့ဆိုပါတယ် ခင်ဗျ
နောက်တစ်ခုက ရုပ်ထွက် lcd အမဲပြားကြီးပေါ့ဗျာ သူကလဲ သူ့ဆီသက်ဆိုင်တဲ့ 1.8 နဲ့ 2.8 v ရောက်မှ ရုပ်ထွက်ပေးနိုင်မယ်ဆိုပါပဲ
1.8 v ကတော့ ပါလေရာ VREG S3 ပါခင်ဗျ pin 22 မှာ ရောက်ရပါမယ်
အဓိကပြောချင်တာက pin9 မှာရောက်ရမဲ့ VDD2.8 ပါ အဲ့ကောင်ပျောက်ရင် တွေ့တဲ့2.8 ကနေလမ်းကျွေးလို့ အဆင်မပြေပါဘူး
သူ့ရဲ့ DC to DC ကသီးသန့်ရှိပါတယ်
c8813 ကိုနမူနာပြောနေတာဖြစ်လို့c8813 ရဲ့ lcd sockectအောက်မှာ သံဖုံးလေးရှိပါတယ် အဲ့သံဖုံးအောက်မှာမှ ic သေးသေးလေးနှစ်ခုရှိပါတယ် အောက်က ဒုတိယကောင်က lcd ကို 2.8 ပေးမဲ့ DC to DC လေးပါ u1301 ပါ
sockect မှာ 2.8 ပျောက်ရင် အဲ့နားတဝိုက်ကနေရှာပြီး ကျွေးလိုက်ရင်ရပါတယ်
နောက်တစ်ခုက ရုပ်ထွက်ပေးမဲ့ data လမ်းကြောင်း ၆ ကြောင်းပါ ခင်ဗျ
sockect ရဲ့ pin 4 နဲ့ pin 6 ကတစ်တွဲ pin 10 နဲ့ 12 ကတစ်တွဲ pin 16 နဲ့ 18 ကတစ်တွဲပါ 2 in 1 coil လေးတွေနဲ့ အဲ့ထဲက တစ်ကြောင်းတစ်လေ ပြတ်ခဲ့ရင် ရုပ်မထွက်တာ lcd ဖြူနေတာ စင်းကြောင်းထနေတာမျိုးဖြစ်တတ်ပါတယ်
data လမ်းတွေက CPU ကနေ တိုက်ရိုက်ဆက်သွယ်ထားပါတယ်
ကျန်တဲ့ လမ်းကြောင်းတွေကလဲ အရေးပါပါတယ်
ကျနော်ကတော့ ဒီလောက်ပဲ ရေးနိုင်ပါတော့မယ် ဆရာသမား မိတ်ဆွေများ ဆွေးနွေးပေးကြပါခင်ဗျာ မှားလည်း ပြင်ပေးပါလို့ တောင်းပန်ချင်ပါတယ်
တကယ်တော့ ဒီအကြောင်းက ရှေ့က နောင်တော် ဆရာသမားများ ရေးပြီးဖြစ်ပါတယ်
ကိုဇေယျာအောင် တို့ AIKON ကိုထွဋ် တို့ ရေးပြီးတာမှ ကြာလှပေါ့
ခင်မင်စွာဖြင့်
ဦးစိုင်းပီး




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...