ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Thursday 5 May 2016

ဖုန်း၏ Battery သက်တမ်းကြာရှည်ခံစေပြီး performance ပိုကောင်းစေမည့် Hermit App


Android ဖုန်း အတွင်း ရှိ Application တစ်ခုသည် မိမိ ဖုန်း၏ Battery ဘယ်လောက်ကုန်စေသည်၊ RAM ဘယ်လောက်အလုပ်လုပ်ရစေသည် မှာ အရေးကြီးပါသည်။ Hermit ဆိုသည့် Application တစ်ခုတည်းကို အသုံးပြုခြင်းဖြင့် မိမိဖုန်းတွင် အခြား Application များစွာထည့်သွင်းထားရန်မလိုတော့ပဲ Battery ကော Memory ပါ နေရာယူမှု လျော့နည်းလာစေမှာဖြစ်ပါတယ်။ Hermit ဆိုသည်မှာ Website များကို shortcut အနေနဲ့ ပြောင်းပြီးတော့ အသုံးပြုလို့ရတဲ့ မိမိ စိတ်ကြိုက် Customize ပြုလုပ်နိုင်သည့်Application တစ်မျိုးပဲဖြစ်ပါသည်။ Website များမှ ဝင်လာသော Message များ Notification များကိုလည်း ၄င်း Website တို့၏Application များအတိုင်း အသုံးပြုနိုင်မှာပဲဖြစ်ပါသည်။
-
Androidpit-hermit-0299-w782
Hermit App ဘယ်လိုအလုပ်လုပ်သလဲ
အရင်းနီးဆုံးဥပမာပေးရမယ်ဆိုလျှင်တော့ဖုန်း၏ Battery နှင့် Memory များစွာကုန်စေသော ၊ App Reviews များတွင် နှစ်တိုင်း အဆိုးဆုံး App ဆုရသော Facebook Application ၏နေရာတွင်အစားထိုးအသုံးပြုနိုင်သည့် Application တစ်ခုဖြစ်ပါသည်။ Hermit သည် Browser များကဲ့သို့ Custom Tabs များဖြင့် Website များကို ခွဲကာ တကယ့် Web Application တစ်ခုကဲ့သို့ ကြည့်ရှုနိုင်တာကြောင့် Browser များကိုလည်း တကုတက အသုံးပြုနေရန် မလိုအပ်တော့ပါ။ Hermit Application Icon ကို Screen ပေါ်တင်ပြီးသည်နှင့် App Drawer ထဲဝင်ကာ Website များကို ဝင်ကြည့်နိုင်ပြီပဲဖြစ်ပါသည်။ Hermit သည် အခြား Applicationများကဲ့သို့ပင် အလုပ်လုပ်ပြီး ၊ Official Application များထက် မလိုအပ်သော လုပ်ဆောင်ချက်များကို လျှော့နည်းစွာ ပါဝင်တဲ့ Application တစ်ခုပဲဖြစ်ပါသည်။
Hermit App သည် Website များကို App shortcut Icon များဖန်တီးကာ Libraryကဲ့သို့ သိမ်းထားနိုင်ပြီး၊ မိမိဝင်ကြည့်လေ့ ရှိသည့် Website များ၏ Icon များကို အလွယ်တကူပဲဖန်တီးကာ Library ထဲတွင် အမြဲသွားကြည့် နိုင်ပြီဖြစ်ပါသည်။ ၄င်း မှတ်ထားသော Website များသည် Hermit App Drawer ထဲတွင် အမြဲ Update သတင်းများ တက်နေမည်ဖြစ်ပါသည်။ ထို့ကြောင့် Website များအတွက်Application များ စွာ အသုံးပြုစရာမလိုတော့ပဲ Battery သက်တမ်းကို တကယ်ပဲ ကြာရှည်ခံစေမှာဖြစ်ပါသည်။ အဓိက အားသာချက်ကတော့ shortcut ပြုလုပ်ပြီးသုံးစွဲတဲ့ App ကို သုံးပြီးသွားလို့ ပြန်ထွက်လိုက်ရင် နောက်ကွယ်ကနေ run နေတဲ့ background process လဲမရှိတော့ ဖုန်းရဲ့ performance ကိုပိုကောင်းစေပါတယ် ။ ထို့ပြင် ဖုန်း ၏ Storage တွင်လည်း Application တစ်ခုစာ နေရာမယူတော့ပဲ Iconတစ်ခုစာပဲနေရာယူမှာဖြစ်ပါသည်။ Hermit Application သည်လည်း ပျမ်းမျှ 1MB လောက်သာရှိပါသည်။
-
Androidpit-hermit-0305-w782
Chrome Shortcut များအစား Hermit App ကို ဘာကြောင့်သုံးရသလဲ
ဖုန်းရဲ့ Chrome browser ကနေလဲ website ကို App shortcut အဖြစ်ပြောင်းပြီးတော့ Home screen မှာတင်ထားလို့ရတဲ့ feature ပါဝင်ပါတယ်။ ထို feature နဲ့ ယခု Hermit App အသုံးပြုပုံနဲ့ ဘာကွာလဲလို့မေးစရာရှိပါတယ် ။Hermit App ကိုအသုံးပြုခြင်းအားဖြင့် Third Party Cookies များမှအလိုလျှောက်ကာကွယ်ပြီးသားဖြစ်သွားပါသည်။ ဥပမာ Facebook ကို Hermit မှဝင်မည်ဆိုလျှင် သင့် Facebook ကို မည့်သည့် Application ဖြင့်မျှ Track ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ ထို့ကြောင့် သင့် ရဲ့ Privacy ကိုလည်း ပိုမို ကာကွယ်ပြီးသားဖြစ်သွားပါသည်။ ထို့ပြင် Hermit ထဲတွင် Privacy နှင့် ပတ်သတ်ပြီးCustomize ပြုလုပ်နိုင် သည့် Option များများစွာရှိပါသေးသည်။
Hermit App ဘာများ လုပ်ပေးနိုင်သေးလဲ
Hermit သည် Website များမှလာသော Notification များကိုလက်ခံပေးနိုင်ရုံသာမက၊ Notification လာသည့်အခါဘယ် Website မှလာလျှင့်ဘယ်အသံဖြင့်လာမည်၊ Vibrate ဘယ်လိုတုန်မည်စသည့်ဖြင့်လည်း Customize ပြုလုပ်နိုင်ပါသေးသည်။ Facebook နှင့် Twitter အတွက် Auto Configuration စနစ်တစ်ခုလည်းပါဝင်ပြီးသားဖြစ်ပါသည်။ထို့ပြင့် Website တစ်ခုခြင်းစီအတွင် Photo၊ Location၊ Videos၊ Microphone စသည့်တိုထဲမှမည်သည့် Feature ကိုအသုံးပြုခွင့်ပေးမည်ဆိုကာ Customize Permission လည်းပြုလုပ်နိုင်ပါသေးသည်။ထို့ပြင့် Hermit သည်Display ပေါ်ရှိ Font များကိုလည်းပြင်ဆင်နိုင်ပါသည်။
Hermit App ကိုတော့ ဒီ Google Play link ကနေ free ဒေါင်းယူလို့ရပါတယ် ။

Download  Hermit App

စစခြင်း Lite version level ပဲပေးတဲ့အတွက် website shortcut သုံးခု အထိပဲ ပြုလုပ်သုံးစွဲခွင့်ရှိပြီးတော့ ပိုကဆံပေးပြီးတော့ pro level မြင့်လိုက်ရင် website shortcut ကြိုက်သလောက် လုပ်ပြီးသုံးလို့ရပါတယ် ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...