ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Monday 3 March 2014

Huawei G700 လေး သိချင်ပါတယ်ဆိုသူများအတွက်

Huawei G700 လေး သိချင်ပါတယ်ဆိုသူများအတွက်
======================
Huawei က ထွက်တဲ့ ဖုန်းတွေ အတော်များများကို
မြန်မာပြည်သူတွေ ကိုင်ကြပါတယ် ဘာကြောင့်လဲဆိုတော့
ဈေးနှုန်းသင့်တင့်မှုကြောင့်ပါ ကျေးလက်တောရွာ
ဒေသတွေမှာတော့ huawei ကို အဓိက ဖုန်းတစ်လုံးလို့ပဲ
သတ်မှတ်ထားတာတောင် တွေ့ရပါတယ် ။ မြို့ကြီးတွေလို
samsung , sony မကိုင်နိုင်ကြပါဘူး ။ မြန်မာ့လူဦးရေ
မှာ ချမ်းသာသူဦးရေနည်းတဲ့အတွက် ဈေးအသင့်အတင့်ရှိသော
Huawei ဖုန်းများက ပထမနေရာတွင် ရှိနေတာ ငြင်းလို့မရပါဘူး ။

အခု G700 ကတော့ Display 5 လက်မရှိတဲ့ IPS screen အမျိုးအစား
ဖြစ်တာကြောင့် သာမန် LCD ထက်ပိုမို ကြည်လင်မှာပါ
နောက် resolution ကလည်း 720 x 1280 pixels,(~294 ppi pixel density) ဖြစ်တဲ့အတွက် သာမန် အနေထက်တောင် နည်းနည်းပို
ကောင်းနေပါသေးတယ် ။ CPU ကတော့ Quad-core 1.2 GHz Cortex-A7 ကို အသုံးပြုထားလို့ စွမ်းဆောင်ရည်ပိုင်း မနိမ့်ကျလှပါဘူး
နောက် RAM ကလည်း 2GB ဆိုတော့ သူ့ဈေးနှုန်းနဲ့တော့
အတော်လေး တန်တယ်လို့ေ ပြာရမယ့် ဖုန်းတစ်လုံးဖြစ်ပါတယ် ။
နောက် ကင်မရာမှာဆိုရင် အရှေ့က 1.3 MP ဖြစ်ပြီး
နောက်ဘက် main camera က 8MP ဖြစ်လို့ မဆိုးလှပါဘူး ။
Android version 4.2 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး
GSM ၂ကဒ်သုံး အမျိုးအစားဖြစ်ပါတယ် ။ အရောင်ကတော့
အဖြူနဲ့ အနက် ၂မျိုးလာပါတယ်

အားလုံး ချုံကြည့်လျှင် 2သိန်းအောက် ၀န်းကျင် လောက်ပဲရှိတဲ့
ဖုန်းထဲမှာတော့ကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ် ။
G730 ထက် ကောင်းမွန်တဲ့ ဖုန်းတစ်လုံးပါ

၎.၃.၂၀၁၄
အောင်ကျော်ခိုင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...