ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 2 March 2014

Android 4.3 Jelly Bean (or) KitKat ကို CARBON ROM 4.4.2 သွင်းခြင်း


000
CARBON ROM ဆိုတာကတော့ USA မှာ နောက်ဆုံးထွက်ရှိတဲ့ Android ROM တွေထဲက တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ UK က ၂၀၁၄ ခုနှစ်ထုပ် Android Magazine UK – Issue 35 Magazine Series သတင်းမှာတော့ လူကြိုက်အများဆုံး အနေနဲ့ ရပ်တည်နေပါပြီ။ CARBON ROM သည် KitKat ROM မထွက်ခင်ထဲက ထွက်ရှိထားခြင်းဖြစ်ပြီး ယခုခတ်စားနေသော KitKat ROM လောက် မအောင်မြင်ခဲ့ကြောင်းကိုလဲ ဖော်ပြထားပါသည်။ ယခု ပြန်လည်အောင်မြင်ရခြင်း အကြောင်းအရင်းမှာ KitKit ရဲ့ လိုအပ်ချက်တွေကို ပြီးပြည့်စုံအောင် ဖန်းတီးပေးထားပါတယ်လို့ဆိုပါတယ်။ CARBON ROM သည် အကောင်းဆုံး features တွေမြောက်များစွာ ပါဝင်ပြီး Features တွေတိုင်းကို Stable ဖြစ်အောင် ပြုလုပ်ပေးထားကြောင်းကိုလဲ ပြသခဲ့ပါတယ်။ ဟုတ်ပါတယ် … Post ရေးသူကိုတိုင် GT – I9300 ကိုတင်သုံးကြည့်တော့ တော်တော်လေးကိုအဆင်ပြေပါတယ်။ တကယ့် USA Brand တစ်ခုကိုသုံးနေရသလိုကို ကောင်းမွန်ပါတယ်။ မိမိစိက်ကြိုက် အားလုံးကို ပြောင်းလဲပလိုက်လို့ရတဲ့အထိ Performance တွေအပြည့်စုံ ပေးထားပါတယ်။ CARBON ROM ကို Firmware version 4.0 အထက်ရှိ S2, S3, S4, Note, Note2 တို့အပြင် အခြား Brand များစွားလဲအသုံးပြုနိုင်ပါတယ်။ ဘယ် Brand တွေ အသုံးပြုလို့ရလဲဆိုတာကို https://carbon-rom.com/ မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကောင်းကွက်တွေရှိသလို ဆိုးကွက်တွေလဲ ရှိနေတာကိုမြင်တွေ့ရပါတယ်။ ကျနော့်အနေနဲ့ S3 ပဲစမ်းထားတာမို့ S3 အနေနဲ့ပဲပြောသွားပါ့မယ်။ ဒီ Post ကို ဖတ်ပြီး ဗဟုသုတ ရစေချင်တဲ့ ဆန္ဒနဲ့ မျှဝေပေးလိုက်ပါတယ်။
 003
Android 4.3 Jelly Bean နှင့် CARBON ROM ကွာခြားချက်
၁။ S3 Android Jelly Bean မှာ file တွေကိုရှာချင်ရင် My Files ထဲဝင်ရင် Device store နဲ့ SD memory card ဆိုပြီးပြသပေးပါတယ်။ CARBON ROM မှာကြာတော့ File Manager တော့ရှိပါရဲ့ file manager ထဲ ဝင်လိုက်ရင် Device store ဆိုတာကိုပဲတွေ့ရမှာဖြစ်ပြီး SD Memory card ကိုတွေ့ချင်ရင်တော့ File Brower တစ်ခုခုကို install လုပ်ပြီးသုံးမှ မြင်တွေ့ရမှာဖြစ်ပါတယ်။
၂။ Ringtones ပြောင်းရာတွင် Orginal ringtones 25 ခုအပြင် ထပ်မံပြောင်းလဲချင်ပါက Music player မှတဆင့်ပြောင်းလဲ နိုင်ပြီး PC ကနေဆိုရင်တော့ Worndershare MobileGo မှပြောင်းလဲနိုင်ပါသည်။ Internet Connection ရှိရင် Online မှတိုက်ရိုက်ပြောင်းလဲ နိုင်မည်။
၃။ မြန်မာ Font ကိုကောင်းစွာဖော်ပြပေးနိုင်သလို Keyboard လဲ ကောင်းစွာအသုံးပြုနိုင်ပါတယ်။ ifont နဲ့ တခြား အလှ Font တွေပြန်ပြောင်းတဲ့ အခါမှာတော့ မြန်မာစာတွေမမှန်တော့ပါဘူးခဗျာ။
၎။ Multi – window မပါရှိခြင်း။ Inside windows တွင် Folder ဆောက်လုပ်ခွင့်မပြုခြင်း အားနဲချက်များကို မြင်တွေ့ရပါတယ်။
ကျန်တဲ့အစိတ်အပိုင်းအားလုံးကတော့ Jell Bean/ KitKat ROM များထက် များစွာ များစွာ ကွာဟ ကောင်းမွန်ပါတယ်။ ဘယ်လိုကွာဟမှုမျိုးတွေရှိလဲဆိုတာတော့ သုံးကြည့်မှသိပါလိမ့်မယ်။ ပြောရင်ကုန်မှမဟုတ်တော့လို့ပါ :P
ကဲဗျာ အပေါ်က ဖော်ပြတဲ့ ကွာခြားချက်တွေကို ကျနော့်လို ဂရုမစိုက်ဘဲ သုံးချင်တဲ့သူတွေအတွက် tutorial လေးစရအောင်ဗျာ …
 001
CARBON ROM Requirement
၁။ CARBON ROM အသုံးပြုမိဖုန်းတွင် Android Jelly Bean 4.3 ရှိနေရပါမည်။ Menu > Setting > More > About device > Android version တွင်စစ်ဆေးနိုင်ပါသည်။
၂။ CARBON ROM အသုံးပြုမည့် မိမိရဲ့ဖုန်းမှာ Memory Card 4GB အနဲဆုံးရှိနေရပါမည်။
၃။ မိမိဖုန်းမှ Setting > More > Developer options ကိုသွားပြီး USB debugging ကို On ပေးပါ။
၎။ မိမိဖုန်းမှာ Battery 60% အနည်းဆုံးရှိပြီး Root လုပ်ပြီးသားဖုန်း ဖြစ်နေရပါမယ်။
၅။ မိမိဖုန်းကို Personal Data Backup ပြုလုပ်ပါ။ PC နဲ့ဖြစ်ဖြစ် Android မှာ မိမိကြိုက်နှစ်သက်ရာ APK နှင့် Backup ပြုလုပ်နိုင်ပါတယ်။ ကျနော်ကတော့ ကျနော့်ဖုန်းမှာ Titanium Backup Pro v6.1.5 နဲ့ Viber, Tango, Uptalk, Whatsapp အစရှိသဖြင့်ပေါ့ဗျာ မိမိအသုံးပြုတဲ့ APK တွေကို Backup ပြုလုပ်ထားလိုက်ပါတယ်။ PC ကနေ Contant, sms, Video, Song, တို့ကို MobileGo ဖြင့် ထပ်မံ Backup ပြုလုပ်ပါတယ်။  အောက်က Link မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ Backup ပြုလုပ်ရခြင်းမှာ မိမိဖုန်းတွင် CARBON ROM သွင်းသောအခါ အဆင်မပြေမှုမျိုးကြုံလာခဲ့ရင် CARBON ROM မတင်ခ ဖုန်းအနေအထား အခြေအနေအတိုင်း အလွယ်တကူ ပြန်လည်ရယူနိုင်ရန်အတွက်ဖြစ်ပါသည်။
Titanium Backup >>>Solidfiles   zippyshare 
 Mobile Go >>>Miloshare   d-h.st   Tusfiles
  
၆။ CWM recovery ပြုလုပ်ထားပြီးသားဖြစ်ရပါမယ်။ တစ်ကယ်လို့ မပြုလုပ်ထားရသေးဘူးဆိုရင် http://www.w0lfdroid.com/2013/12/How-to-Install-CWM-Recovery-and-Root-Samsung-Galaxy-S3-S4-Note2.html အဲ့မှာသွားကြည့်ပါ။ မည်သို့ပြုလုပ်သည်ကို …

၇ ။ https://carbon-rom.com/downloads/ အဲ့ကိုသွားပြီး မိမိဖုန်းနဲ့ သတ်ဆိုင်တဲ့ CARBON ROM နဲ့ GAPPS Zip files ၂ ခုကို Download ဆွဲပါ။ Download ဆွဲနည်းလွယ်ကူသည့်အတွက် ထည့်မရေးတော့ပါ။ S3 GT – I9300 အတွက်ကတော့အဆင်သင့် ရှိပြီးသားမို့ အောက်ကလင့်မှာ Down နိုင်ပါတယ်ခဗျာ …

 002
Install CARBON ROM
၁။ မိမိဖုန်းကို USB Cable ဖြင့် PC နဲ့ချိတ်ပါ။ ပြီးရင် CARBON ROM zip ရယ် GAPPS zip ရယ်ကို Extract မပြုလုပ်ပဲ ဖုန်းရဲ့ SD memory card ထဲကို Folder အသစ်တစ်ခုဆောက်ပြီးထည့်ပါ။ ပြီးရင် ဖုန်းနဲ့ PC ချိတ်ထားတဲ့ USB Cable ကိုဖြုတ်လို့ရပါပြီ။

၂။ ဖုန်းရဲ့ Recovery Mode ကိုသွားပါ။ Recovery Mode ကိုသွားရန် ဖုန်းကို Power ပိတ်လိုက်ပါ။ ဖုန်းပိတ်ပြီး ၁ မိနစ်လောက် စောင့်ပါ။ ပြီးရင် Volume up+ Home + Power ရယ်ကိုတပြိုင်နက်နှိပ်ပါ။ နှပ်ပြီးတာနဲ့တပြိုင်နက် Samsaung Logo တင်လာလျှင် Volume up+ Home + Power ၃ ခုလုံးကိုလွှတ်လိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ Recovery Mode ကို ရှောက်ရှိသွားပါပြီ။

၃။ Recovery Mode ကိုရောက်ရှိသွားပါက backup and restore သို့ Volume Down key နဲ့သွားပြီး Power bottom ကိုတစ်ချက်နှိပ်ပါ။ ထို့နောက် backup to/ storage/ sdcard1 သို့သွားပြီး Power buttom နှိပ်ခြင်းအားဖြင့် Backup နောက်တစ်ခါပြုလုပ်ပေးပါ။ ယခုတစ်ခါ Backup သည် System တစ်ခုလုံးကို Backup ပြုလုပ်ခြင်းဖြစ်ပါတယ်။
၎။ Backup ပြုလုပ်ခြင်းပြီးပါက +++++ Go Back +++++ သို့ Volume down key ဖြင့်သွား၍ Main menu ကိုပြန်သွားပေးပါ။
၅။ Main menu သို့ရောက်ပါက Wipe data/ factory reset သို့သွားပြီး Power button နှိပ်ခြင်းဖြင့် Data များကိုရှင်းလင်းပေးပါ။
၆။ Wipe data/ factory reset လုပ်ငန်းစဉ်ပြီးဆုံးပါက Wipe cache partition သို့သွားပြီး Cache များကို ထပ်မံရှင်းလင်းပါ။
၇။ Wipe data/ factory reset လုပ်ငန်းစဉ်ပြီးပါက Main Menu မှ install Zip သို့သွားပြီး Power button တစ်ချက်နှိပ်ပြီး Choose zip from/ storage/ sdcard1 ထဲသို့ဆက်သွားပါ။ SD Card ထဲတွင် မိမိတည်ဆောက်ခဲ့သော Folder ထဲမှ CARBON – KK – NIGHTLY ကို ရွေးပြီး Power button တစ်ချက်နှိပ်ခြင်းဖြင့် CARBON ROM ကို install ပြုလုပ်ပါ။
၈။ CARBON ROM ကို install ပြုလုပ်သည့်လုပ်ငန်းစဉ်ပြီးပါက  မိမိတည်ဆောက်ခဲ့သည့် Folder ထဲမှာ ကျန်ရှိနေသေးသော  gapps – kk ကိုရွေးချယ်ပြီး Power bottom တစ်ချက်နှိပ်ခြင်းဖြင့် install ထပ်မံပြုလုပ်ပါ။
၉။ gapps – kk install လုပ်ငန်းစဉ်ပြီးဆုံးပါက Recovery Mode ရဲ့ Main Menu ကိုသွားပြီး Reboot system now ကိုရွေးချယ်ပေးလိုက်ပါ။ Reboot ကြသွားပါလိမ့်မည်။ ပြန်တက်လာလျှင်တော့ CARBON ROM စတင် ဖလန်းဖလန်းထနေသည်ကို မြင်တွေ့ရမည်မှာ သင့်ရဲ့ အမြင်အာရုံကြောင့်သာဖြစ်ပေတော့သည် ….
ဆက်လျက်ကြိုးစားပါဦးမည်။

အားလုံးပဲအဆင်ပြေနိုင်ပါစေ
Credit by..
ဒေါင်းနည်းလေးမသိရင် ဒီမှာ ၀င်ဖတ်ပေးပါခင်ဗျား

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...