ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 20 April 2016

Samsung Galaxy J5 Version (All Version) Root ဖေါက်နည်း

Samsung Galaxy J5 ရဲ့  Model အားလုံးကို Root ဖေါက်နိုင်ဖို့ စုစည်းပေးလိုက်ပါတယ်..။ အရင်တစ်ခေါက်ကတင်ထားတာ အဆင်မပြေဘူးပြောလာလို့ ပြည့်စုံအောင် ထပ်တင်ပေးလိုက်ပါတယ်..။

ဒီ Model တွေပါ....
  SM-J5008 / SM-J500F/ SM-J500FN / SM-J500G / SM-J500H SM-J500M / SM-J500N0 / SM-J500Y.
 Samsung Galaxy J5 ကို Root ပြုလုပ်ဖို့အတွက် အောက်မှာ CF AutoRoot ဖိုင်လ်တွေ တင်ပေးထားပါတယ်...   မိမိဖုန်း Model No နှင့် ကိုက်ညီတာကို သေချာစွာ ရွေးပြီး ဒေါင်းယူထားပါ။ (Zip ဖိုင်လ်ကို ဖြည်ထားပါ.. Odin ပါ တခါတည်းပါပြီးသားပါ)
 

Samsung USB Driver ကို ကွန်ပျူတာမှာ Install လုပ်ထားရပါမယ်.. မရှိသေးရင် ဒီမှာနှိပ်ပြီး ဒေါင်းယူ Install လုပ်ပါ..။
Odin နောက်ဆုံး Version ကို လိုအပ်ရင် ဒီမှာနှိပ်ပြီး ဒေါင်းယူပါ။(Zip ဖိုင်လ်ကိုဖြည်ထားပါ)
အားလုံးပြည့်စုံပြီဆိုရင် Root စ,တင်ပြုလုပ်ပါမယ်...
မိမိရဲ့  Galaxy J5 ကို Power ပိတ်လိုက်ပါ....
 Volume Down + Home + Power  ခလုတ်သုံးခုကို ၁၀ စက္ကန့်မျှ တစ်ပြိုင်တည်း  တွဲနှိပ်ထားပါ...
Download Mode ကို ရောက်သွားပါလိမ့်မယ်..
ပြီးရင် ဖုန်းကို USB ကြိုးမှတဆင့် ကွန်ပျူတာနဲ့ ချိတ်ပေးလိုက်ပါ...
Odin 3.10.7.exe ကို Run လိုက်ပါ...

PDA မှတဆင့်...
img_-1458334344-U22556.png
စောစောကဒေါင်းယူထားတဲ့ ..... CF-Auto-Root-j5ltekx-j5ltekx-smj500??.zip  ကို ရွေးပေးပြီး...
img_-1458334396-U22556.png
အောက်နားက Start ကို နှိပ်ပေးလိုက်ပါ...

img_-1458334444-U22556.png
သူ့ဖာသာသူ အလုပ်လုပ်နေပါလိမ့်မယ်... 
ခဏနေရင်....
PASS လို့ပေါ်လာပြီး Reboot ကျသွားကာ ဖုန်းလည်း သူ့အလိုလိုပြန်ပွင့်လာပါလိမ့်မယ်..
ပုံမှန်အတိုင်း ပြန်ပွင့်လာရင် ဖုန်း Screen ပေါ်မှာ SuperSU Icon လေးနှင့် Root ပေါက်နေတာကို တွေ့မြင်နိုင်ပါပြီ..။
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...