ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 10 April 2016

ပြစ်ချက်ရှာပြုပြင်ခြင်း အပိုင်း (၁)



 Credit...by
Ko Soe Myat Thu
သင်္ကြန်လက်ဆောင်ပဲ ဆိုကြပါစို့ဗျာ
သင်္ကြန်တွင်းမှာ ဖုန်းတွေ ရေဝင်တဲ့အခါ
အဖြစ်များတာကတော့ ပါဝါမနိုးတာ (No Power) နဲ့
ပါဝါနိုးပြီး ရုပ်မပေါ်တာ (No Backlight) ပါ
ပါဝါနှိုးပြီးရင်လဲ ရုပ်မပေါ်တာမျိုး ဖြစ်တတ်ပါတယ်

LCD Display မှာ နှစ်ပိုင်းခွဲမယ်ဆိုရင်
အရုပ်ပေါ်တဲ့ Display နဲ့ အရုပ်မြင်ဖို့ နောက်ခံမီးထိုးပေးတဲ့ Backlight LED ရှိပါတယ်
အရုပ်ပေါ်ပြီး မှိန်မှိန်လေးပဲ မြင်ရရင်တော့ backlight ပျောက်တာဖြစ်တတ်ပါတယ်
Backlight ပိုင်းမှာ LED မီးလုံးလေးတွေကို စီးရီးတွဲဆက်ထားတာဖြစ်လို့
မီးလုံးအရေအတွက်အပေါ်မူတည်ပြီး 15V to 24V အထိ ဗို့အားပေးသွင်းရပါတယ်
Backlight Supply က ထုတ်ပေးတဲ့ ဗို့မြင့် (high voltage) မထွက်ရင်
Backlight Supply နဲ့ LED မီးလုံးလေးတွေနဲ့ ကြားထဲမှာ ပတ်လမ်းပြတ်ခဲ့ရင်
မီးလုံးလေးတွေအချင်းချင်း ကြားထဲက အဆက်အသွယ်ပြတ်သွားခဲ့ရင်
Backlight မလင်းနိုင်လို့ အရုပ်ပေါ်ပြီး မြင်ရမှာမဟုတ်ပါဘူး
Backlight Supply ကို လေ့လာကြည့်တဲ့အခါ ...
Battery အပေါင်းငုတ်ကလာတဲ့ VBatt လမ်းကြောင်းဟာ
Backlight အုပ်စုရဲ့ Breakdown Fuse (FB901) ကို ဖြတ်
Filter Condenser (C933) နဲ့ Ground ချပြီး
Switching IC (U901) ရဲ့ ပင်နံပါတ် 6 (Vin) ကို ရောက်လာပါတယ်
တဆက်ထဲမှာပဲ Booster Coil (L901) ရဲ့ တဖက်စကိုလဲ ပေးသွင်းထားပါတယ်
အဲဒါကြောင့် ပါဝါမနိုးမီ (standby) မှာ
VBatt အပေါင်းဗို့ဟာ L901 ကိုဖြတ်စီးပြီး သူနဲ့ စီးရီးဆက်ထားတဲ့
D901 FB902 တွေကိုပါဖြတ်စီးပြီး LED Anode မှာ 3.5V ခန့် စတင်ရောက်လာပါတယ်
ဗို့သွင်းလမ်းကြောင်း စစ်ဆေးမယ်ဆိုရင်
FB901 L901 D901 FB902 LED (Anode) တလျှောက်မှာ
စစ်ဆေးလိုက်တာနဲ့ ဘယ်နေရာမှာ ဗို့ပျောက်နေရင် ဘယ်ကွန်ပို့နင့်က ဖြစ်နိုင်တယ်ဆိုတာ မှန်းဆလို့ ရပါတယ်
FB901 မှာ VBatt ရောက်မလာရင်တော့ Battery Connector အပေါင်းငုတ်နဲ့
FB901 နဲ့ တိုက်ရိုက် ကြိုးဆက်ပေးလိုက်ရင် ရပါတယ်
Power On ထားတဲ့ အခြေအနေမှာ display လင်းစေဖို့
CPU မှ control enable signal တခု ထုတ်ပေးပါတယ်
အဲဒီ signal ဟာ R923 ကို ဖြတ် C922 နဲ့ R810 နှစ်လုံးကို
Ground ချဆက်ပေးထားပီးမှ IC ရဲ့ EN ငုတ်ဖြစ်တဲ့
ပင်နံပါတ် 4 ကို gate ဖွင့်ပေးဖို့ ပေးသွင်းထားပါတယ်
control signal ရောက်လာတဲ့အခါ IC အတွင်းပိုင်းက
switching ပိုင်း အလုပ်လုပ်ပြီး SW ငုတ် ပင်နံပါတ် 1 မှာ
Switching AC တခု ထွက်လာပါတယ်
အဲဒီ AC ကို L901 (Booster Coil) ရဲ့ အစတဖက်ကို ပေးသွင်းလိုက်တဲ့အခါမှာ
L901 မှာ အရင်ရောက်နေတဲ့ VBatt နဲ့
IC က ပေးတဲ့ Switching AC ပေါင်းပြီး ကွိုင်ထဲမှာ AC ဖြစ်လာပါတယ်
အဲဒီ AC ကိုမှ D901 ကိုဖြတ်သန်းစေပြီး DC ဖြစ်အောင်ပြောင်း
ဗို့အား တည်ငြိမ်စေအောင် Filter Conderser C938 နဲ့ Ground ချ
FB902 ကတဆင့် LED Anode ကို ပေးသွင်းထားတာပါ
Anode မှာရောက်လာတဲ့ DC current ဟာ Cathode ကတဆင့်
IC ရဲ့ ပင်နံပါတ် 3 ကို Feedback အဖြစ် ပြန်ကျွေးထားပါတယ်
Cathode အတွက် လိုအပ်တဲ့ အနုတ်ဗို့အားကို R903 (15R) ကတဆင့်
Ground လိုင်းကနေ ပေးသွင်းထားပါတယ်
Screen timeout ပြည့်လို့ display ပိတ်ချင်တဲ့အခါမှာ
CPU ကနေ control enable signal ပိတ်ပစ်လိုက်တဲ့အတွက်
(တကယ်တော့ disable signal 0V ထုတ်ပေးပြီး ground ချလိုက်တာပါ)
IC ရဲ့ switching ပိုင်း အလုပ်မလုပ်လို့ ဗို့မြင့် ထွက်မလာတော့ပါဘူး
ဖုန်း မက်ဆေ့ ဝင်လာတဲ့အခါရောက်မှ
control enable signal ထပ်မံထုတ်ပေးပြီး display လင်းစေတာပါ
တခါတလေ ဖုန်းက အလိုအလျောက် diaplay ပွင့်ပွင့်လာတတ်တာက
အဲဒီ control enable singal လမ်းကြောင်းကိုလဲ စစ်ဆေးသင့်ပါတယ်
တခါတလေ screen တခုလုံး ဖြူဖွေးနေပြီး အရုပ်မပေါ်ရင်တော့
backlight ပိုင်း အကုန်ကောင်းနေပြီး diaplay ပိုင်းက ဖြစ်တာပါ
display ပျက်တာ socket အထိုင် လွတ်တာ ဆားပေါက်တာ
data clock လမ်းကြောင်းက X ' former coil လေးတွေ လွတ်တာပျက်တာ
CPU နဲ့ ဆက်ထားတဲ့ လမ်းကြောင်းတွေ ပျက်တာလဲ ဖြစ်တတ်ပါတယ်
ရေဝင်ထားရင် အရင်ဆုံးပျက်တတ်တာက
high voltage လမ်းကြောင်းတလျှောက်ပါပဲ
ပျက်စရာရှိရင် အပေါင်းနဲ့ အနုတ်မှာ အပေါင်းလိုင်းက အရင်ပျက်တတ်ပါတယ်
Coil Diode Condenser တွေထက် display ကြိုးက ပိုပျက်တတ်ပါတယ်
အထူးသဖြင့် high voltage နဲ့ ဆက်ထားတဲ့ LED Anode လမ်းကြောင်းပါ
ဆော့ကက်အထိုင်မှာ လောင်တာ ကြိုးပြားမှာ လောင်တာမျိုး ပိုဖြစ်တတ်ပါတယ်
အဲဒီ အခြေအနေမျိုးမှာ backlight supply ကောင်းနေရင်တောင်
LED တွေဆီကို ဗို့အား ရောက်မလာလို့ backlight မလင်းနိုင်ပါဘူး
နောက်တခုက Kathode က ပြန်လာတဲ့ feedback လမ်းကြောင်းဟာ
IC ရဲ့ FB ငုတ်ကို ရောက်မလာရင်လဲ high voltage ထုတ်မပေးပါဘူး
Backlight supply ကနေ LED Anode ငုတ်ကို
တိုက်ရိုက် ကြိုးဆက်ပေးလိုက်ရင်တော့
ကြားထဲက အဆက်အသွယ်ပြတ်တာမျိုးကို ဖြေရှင်းပေးနိုင်ပါတယ်
Backlight အုပ်စုထဲမှာ အကြီးဆုံး Condenser (C938)တလုံး ရှိပါတယ်
အဲဒီ Condenser ရဲ့ Ground မဟုတ်တဲ့ အခြားအစဘက်မှာ
ကြိုးတပင်ထုတ်ပြီး LED Anode ငုတ်ကို ဆက်ပေးလိုက်ရင် ရပါပြီ
Backlight supply သုံးထားတဲ့ ဖုန်းတွေအားလုံးမှာ
တည်ဆောက်ပုံ အလုပ်လုပ်ပုံ သဘောတရားက အတူတူပါပဲ
ဒီတခုကို နားလည်သဘောပေါက်သွားရင်
ကျန်တာတွေကိုလဲ ဆက်စပ်ပြီး နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါကြောင်းးးးးးးး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...