ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 10 April 2016

SAMAUNG NOTE 2 Product name lose & EMMC Change


ဒီနေ့ တော့ SAMAUNG NOTE 2 လေးProduct name ပျောက်သွားတဲ့ပြစ်ချက်ကိုဖြေရှင်းနည်းလေး
ရေးပေးလိုက်ပါတယ်။အထွေအထူးတော့မဟုတ်ပါဘူး၊ emmc ဖြုတ်လဲလိုက်တာပါ။
ဒီနေရာမှာ emmc ဖြုတ်ရင်သတိထားရမယ့်အချက်လေးတွေနဲနဲပြောပြချင်လို့ ပါ။
emmc မှာကျွန်တော်သိသလောက်နှစ်မျိုးပဲတွေ့ ဘူးသေးတယ်။
153 ball နဲ့ 169 ball တွေပါ၊တစ်ခြားဟာတွေလဲရှိရင်လဲရှိမှာပါ။

KE4CN2H5C 4GB 153 4.5 11.5 x 13 x 1.0 I-temp
KE4CN3H5C 8GB 153 4.5 11.5 x 13 x 1.0 I-temp
KE4CN3K6C 8GB 169 4.5 12 x 16 x 1.0 I-temp
KE4CN4K6C 16GB 169 4.5 12 x 16 x 1.0 I-temp
KE4CN5B6C 32GB 169 4.5 12 x 16 x 1.2 I-temp
KE4CN6C6C 64GB 169 4.5 12 x 16 x 1.4 I-temp
SAMSUNG တွေမှာ emmc ခွါရင်သူ့ ဘေးနားမှာရှိတဲ့ CPU ၇ယ် BASE BAND ရယ်
ရှိပါတယ်၊ဒီကောင်လေးတွေကိုအပူများများမထိအောင် ၀ါဂွမ်းကိုသင်နာဆွတ်ပြီးအုပ်ပေး
ထားရပါတယ်။ပုံမှာပြထားတာကတော့ note 2ရဲ့ ပုံလေးပါ။
Air gun ကိုတော့တစ်ခုနဲ့ တစ်ခုအပူခြင်းမတူလို့ ကိုယ့် မှာရှိတဲ့ air gun ရဲ့အပူကိုခဲပျော်မှတ်
သိအောင်လေ့လာပါလို့ ပဲပြောချင်ပါတယ်။
emmc ကိုမဖြုတ်ခင်သူ့ ရဲ့ဘေးမှာရှိတဲ့ ချိတ် ကော်တွေကိုအရင်ရှင်းထားသင့်ပါတယ်။
ချိတ်ပျော်ဆေးရည်လဲဝယ်လို့ ရပါတယ်၊ပိုကောင်းတာက ဆိုင်းဘုတ်စာလုံးရေးတဲ့သူတွေ
သုံးတဲ့ ကော်ရည်တစ်မျိုး (ကလိုဖောင်း)လို့ ခေါ်ပါတယ်။အဲဒီဆေးရည်ကိုဂွမ်းနဲ့ ဆွတ်ပြီး
ဆယ်မိနှစ်လောက်အုံပေးထားလိုက်ရင်ချိတ်တွေအလွယ်တကူဖယ်ရှားနိင်ပါတယ်။
အိုင်စီကိုခွါရင်စိတ်လောလို့ မရပါဘူး၊ခဲအသေချာပျော်အောင်အပူပေးပြီးမှဖြေးဖြေးချင်းခွါပါ။
အိုင်စီကွာသွားရင် တစ်ချို့  pin လေးတွေပြုတ်သွားတာတွေ့ ရပါမယ်၊စိတ်မပူပါနဲ့ 
ပြုတ်သွားတဲ့ကောင်လေးတွေဟာ nc pin လို့ ခေါ်တဲ့ မသုံးတဲ့ pinလေးတွေပါ ဒီပုံလေးကို
လေ့လာကြည့်ပါ။
ဒီပုံလေးတွေမှာအ၀ါရောင်လေးတွေက working pin လို့ ခေါ်ပါတယ်၊ပြုတ်လို့ မဖြစ်ပါဘူး။
အနီရောင်လေးတွေက ground pin လေးတွေပါ။တစ်ချို့ တစ်ဝက်ပြုတ်လို့ ရပါတယ်။
Samsung emmc က 26000 ပေးရပါတယ်။တစ်ချို့  Emmc တွေဆိုရင် 35000 လောက်
ပေး၇ပါတယ်။
Emmc ကိုဖြုတ်တာရောတတ်တာပါ၊လေ့ကျင့်မယ်ဆိုဆယ်ရက်လောက်ကြိုးစားပြီး
လေ့ကျင့်မယ်ဆိုရင်အဆင်ပြေနိင်ပါတယ်။ကျွန်တော်ဆိုအရင်က emmc ဆိုတာဘာမှန်းတောင်
မသိပါဘူး။ခုနောက်ပိုင်း Samsung နဲ့  huawei တွေမှာ emmc အဖြစ်များလာတော့၊မလဲတတ်ရင်
မဖြစ်တဲ့အနေအထားမျိုးရောက်လာလို့ ကြီုးစားပြီးလေ့ကျင့်ရတာပါ။
ညီလေးတို့ ဆိုပိုလွယ်မှာပါ။
တကယ်တန်းပညာပါတာက ဖြုတ်ထားတဲ့ emmc ကို ball ပြန်ဖော်ပေးတဲ့အလုပ်ပါ။
ခဲသီးလေးတွေပြန်ဖော်ဖို့ အတွက်သူ့ အိုင်စီနဲ့ သူကိုက်အောင်အပေါက်လေးတွေဖောက်ထားတဲ့
သံပြားလေးတွေဝယ်လို့ ရပါတယ်၊သုံးလေးမျိုးလောက်ဝယ်ထားရပါမယ်။
အဲဒါကတော့စာနဲ့ ရေးပြီးပြောလဲသိပ်အဆင်မပြေဘူးဗျ၊လက်တွေ့ လုပ်ကြည့်မှပဲရတာ။
အရမ်းကိုအရေးကြီးပါတယ်။ဥပမာဗျာ၊ emmc တစ်လုံးအသစ်ဝယ်ပြီးတတ်ကြည့်တယ်၊တစ်ခါ
ထဲအောင်ရင်တာ့မလိုဘူးပေါ့၊မရခဲ့ရင်ပြန်ဖြုတ်ပြီးပြန်တတ်လို့ ရပါသေးတယ်၊ခဲတာ့ဖော်ပေးမှရတာပါ။
သုံးလေးခေါက်လောက်တော့ဖြုတ်လဲလို့ ရပါတယ်။လက်အချိန်အဆလေးမှန်သွားရင်တော့
တစ်ခေါက်ထဲနဲ့ အဆင်ပြေပါတယ်။
ညီလေးတို့ ကိုအကြံပေးချင်တာက ဖုန်းတိုင်းလဲပြင်လို့ မကောင်းနိင်သလို
ပညာတိုင်းလဲသင်လို့ တတ်နိင်ပါဘူး။ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုအသက်အရွယ်၊
ပါရမှီအခံရှိမှု၊ပံ့ပိုးပေးတဲ့ဆရာသမားအထောက်အကူရှိမှု၊ဒီအကြောင်းတွေပေါ်မှာ
အများကြီးဆက်စပ်နေပါတယ်။
အကိုဆိုရငိအသက်ကြီးမှဒီပညာတွေလေ့လာနေရတဲ့အတွက်ညီလေးတို့ ထက်အများကြီး
အခက်အခဲရှိပါတယ်၊မျက်စိလဲမကောင်းဘူး၊မှတ်ဥာဏ်လဲမကောင်းတော့ဘူး။
ဒီလိုအခြေအနေမျိုးမှာတောင်ကြိုးစားရင်ဖြစ်သေးတာ ညီလေးတို့ သာကြိုးစားပြီး
လုပ်မယ်ဆိုအကို့ ထက်အများကြီးပိုတော်သွားမှာပါ။
အားလုံးပဲကြိုးစားကြပါ။
ညီလေးတို့ ကိုအကြံပေးချင်တာက ဖုန်းတိုင်းလဲပြင်လို့ မကောင်းနိင်သလို
ပညာတိုင်းလဲသင်လို့ တတ်နိင်ပါဘူး။ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုအသက်အရွယ်၊
ပါရမှီအခံရှိမှု၊ပံ့ပိုးပေးတဲ့ဆရာသမားအထောက်အကူရှိမှု၊ဒီအကြောင်းတွေပေါ်မှာ
အများကြီးဆက်စပ်နေပါတယ်
Credit to >>> Ko Aung
https://www.facebook.com/ko.aung.1485

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...